လင်းသစ်နိုင်
ရှောက်လုဂို (Xiaolu Guo) ကို ၁၉၇၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး တရုတ်ပြည်အရှေ့တောင်ပိုင်း တံငါရွာလေးတစ်ရွာတွင် စာမတတ်သည့် အဖိုးအဘွားများနှင့် ကြီးပြင်းခဲ့ရသည်။ ထို့နောက် တရုကမ်းရိုးတန်း ပြည်နယ်ဖြစ်သည့် ဂျေးဂျွမ် ပြည်နယ်၊ ဝမ်လင်းမြို့တွင် မိဘများနှင့် နေထိုင်ခဲ့သည်။ အဖေဖြစ်သူသည် ရိုးရာ မင်ပန်းချီရေးဆွဲသူဖြစ်ပြီး အမေဖြစ်သူမှာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း တပ်နီလူငယ်ဖြစ်ခဲ့ဖူး၏။ သူမအဖေ ပန်းချီဆရာသည် ၁၉၅၀ ကာလများနှင့် ယဉ်ကျေးမှုတော်လှန်ရေး ကာလများအတွင်း ပြန်လည်ပြုပြင်ရေး အကျဉ်းစခန်းများတွင် ဆယ့်ငါးနှစ်ခန့် နေထိုင်ခဲ့ရဖူး၏။ ဆယ်ကျော်
သက်ဘဝတွင် ပထမဆုံး ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။ ၁၉၉၃ တွင် ဘေဂျင်းရုပ်ရှင် အကယ်ဒမီတွင် ပညာလေ့လာဆည်းပူးရန် သူမဇာတိပြည်နယ်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ယူကေရှိ ရုပ်ရှင်နှင့် ရုပ်သံ အကယ်ဒမီတွင် ပညာဆက်လက်သင်ယူခဲ့၏။ ၂၀၀၂ တွင် လန်ဒန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ပဲရစ်၊ ဇူးရစ်နှင့် ဘာလင်မြို့များတွင်လည်း နေထိုင်ခဲ့သည်။ လန်ဒန်သို့ မပြောင်းရွှေ့မီ စာအုပ်ခြောက်အုပ် ထုတ်ဝေခဲ့၏။
ထို့နောက် ရုပ်ရှင်များ ဖန်တီးလျှက်ရှိပြီး ကဗျာ၊ အက်ဆေး၊ ဝတ္တုနှင့် ဇာတ်ညွှန်း
များ ရေးသားလျက်ရှိပေသည်။ ထို့အပြင် နယူးယောက် ကိုလံဘီယာတက္ကသိုလ်နှင့် ဆွဇ်ဇာလန်နိုင်ငံ ဘမ်းတက္ကသိုလ်တို့တွင်လည်း ဧည့်ပါမောက္ခအဖြစ် စာပေသင်ကြားလျက်ရှိ၏။ သူမ၏ အထင်ရှားဆုံး ရုပ်ရှင်မှာ She, A Chinese ဖြစ်သည်။ ထင်ရှားသည့် ဝတ္တုများမှာ 20 Fragments of a Ravenous Youth , UFO in Her Eyes နှင့်
I AM China တို့ဖြစ်ကြပြီး သူမ၏ ဘဝဇာတ်ကြောင်းကို ရေးသားထားသည့် Once Upon A Time in the East မှာလည်း ထင်ရှားသည့် မှတ်တမ်းစာအုပ်ဖြစ်၏။
တရုတ်တွင်မွေးဖွားကြီးပြင်းခဲ့ပြီး အနောက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့်အလျောက် သူမ၏ ဝတ္တုများတွင် အရှေ့နဲ့ အနောက်ယဉ်ကျေးမှု ခြားနားမှုများကို တွေ့မြင်ရပေသည်။ သူမ၏ ထုတ်ဝေပြီးသည့် စာအုပ်များမှာ- Poetry Collection) (1991), Flying in My Dreams ( essay collection, 1999),Village of Stone 2003), A Concise Chinese-English Dictionary For Lovers ( novel, 2007,), 20 Fragments of a Ravenous Youth (novel, 2008), UFO in Her Eyes (novel, 200
Unlock to read this premium article with 10 points.