Author's Profile Photo

ရှင်မင်းပုံ

17/09/2024

လွယ်ကူ အဆင်ပြေတဲ့ ဘောပင်တွေဖြစ်လာဖို့ ဘယ်လိုစတင်ခဲ့လဲ ?

2 mins read
General Knowledge
လွယ်ကူ အဆင်ပြေတဲ့ ဘောပင်တွေဖြစ်လာဖို့ ဘယ်လိုစတင်ခဲ့လဲ ?'s photo

နေ့စဉ်ဘဝမှာ လူတော်တော်များများ အသုံးပြုတဲ့ အရာဝတ္ထုတွေထဲကတစ်ခုကတော့ စာရေးခြင်းမှာ အရေးပါတဲ့‌ ဘောပင်ပဲဖြစ်ပါတယ်။နည်းပညာတွေမထွန်းကားသေးတဲ့အချိန်ထဲက စာရေးသားခြင်း ၊ မှတ်တမ်းတင်ခြင်းတို့မှာ မရှိမဖြစ် အသုံးပြုတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဒါ့ကြောင့် ဘောပင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

စာရေးသားခြင်းဓလေ့က ရှေးယခင်အီဂျစ်တွေလက်ထက်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပါးလွှာတဲ့ စုတ်တံ (thin reed brushes) တွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဘီစီ ၃ဝဝဝဝန်းကျင် လောက် မှာတော့ reed pen တွေကို အသုံးပြုခဲ့ကြပါတယ်။ reed pen တွေကို ကျူရိုးပင် ဒါမဟုတ် ဝါးအရှည် တစ်ခုကို ဖြတ်တောက်ပြီး ထိပ်ချွန်ပုံသွင်းခြင်းဖြင့် ဖန်တီးထားတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ပိုမိုကောင်းမွန်တဲ့ pen လို့ခေါ်တဲ့ ဘောပင်တွေ ပေါ်ပေါက်လာခဲ့ပြီး ဒီနေ့ထိအသုံးပြုနေကြဆဲဖြစ်ပါတယ်။

ဘောပင်တွေကို ပထမဆုံးတီထွင်ဖန်တီး ပြုလုပ်ခဲ့တဲ့သူက László József Bíró (လာဇလိုဂျိုးဆက်ဘီရို)ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံနည်းပညာနဲ့ ဒီဇိုင်းကို စတင်တီထွင်ခဲ့သူ တစ်ယောက်လည်း ရှိပါသေးတယ်။သူကတော့ အမေရိကန်တီထွင်သူပညာရှင် ???? ? ????(ဂျွန်ဂျေလောင်) ဆိုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ စတင်ခဲ့ပုံကတော့ ၁၉ရာစုဝန်းကျင်လောက်မှာ သူ့ရဲ့ သားရေလုပ်ငန်းမှာ သားရေတွေကို ဖြတ်တောက်ဖို့ ခဲတံတွေနဲ့ အမှတ်အသား ပြုလုပ်ရာမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရတာကြောင့် သားရေတွေပေါ် မှာ ရေးနိုင်တဲ့ ဘောပင်နည်းပညာကို စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

စတင်တီထွင်တဲ့ ဘောပင်တွေမှာ လိုအပ်ချက် အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မင်ရည်စီးဆင်းမှုကို မထိန်းနိုင်တာ၊ မင်ပျက်တာ စတဲ့ အဆင်မပြေတဲ့ပြဿနာတွေကြောင့် တီထွင်ဆန်းသပ်မှုပေါင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ၂၀ ရာစုအစောပိုင်းထိ စေ◌ျးကွက်ထဲမှာ အောင်မြင်မှုမရရှိခဲ့ပါဘူး။

ဒီလိုနဲ့ ယနေ့အသုံးပြုနေတဲ့ ???? ????? ??? နည်းပညာကို ဆန်းသစ်စေခဲ့တဲ့ László József Bíró (လာဇလိုဂျိုးဆက်ဘီရို) ဆိုသူကတော့ ဘောပင်တွေကို ပိုအဆင်ပြေအောင် ကြိုးစားခဲ့ပါတယ်။ Biroက သတင်းစာအယ်ဒီတာ တစ်ဦးပဲ ဖြစ်ပါတယ်။ သူကစာရေးတဲ့အခါမှာ မင်တွေကို မြန်မြန်ခြောက် စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ မင်ပျံနှံ့နေတာမျိုးလဲ မဖြစ်စေချင်တဲ့အတွက် ဘောပင်တွေကို အဆင်ပြေလာအောင် ပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။Biroက ဒါကိုအကောင်းဆုံးဖြေရှင်းဖို့ ရှာဖွေရင်း သူတွေ့ရှိလိုက်တာကတော့ သတင်းစာတွေကို ပုံနှိပ်တဲ့အခါမှာ အသုံးပြုတဲ့ မင်တွေက ခြောက်သွေ့တာမြန်ပြီး မင်မပျံ့နှံ့ဘူးဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူ့အကိုနဲ့ ပေါင်းပြီး စမ်းသပ်တီထွင်မှုတချို့ပြုလုပ်ခဲ့ပါတယ်။ သူ့အကိုနဲ့အတူ Capillary Action လို့ခေါ်တဲ့ နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလိုကနေပြီးတော့ အဲ့ဒီ့ နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဘောပ

မုန်းခိုင်းတိုင်း မုန်းမှာလား စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusVictor Hugo ပေးတဲ့သင်ခန်းစာ𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ

Unlock to read this premium article with 10 points.