Author's Profile Photo

ရွှေဥဒေါင်း

16/09/2024

အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၁)

2 mins read
General Knowledge
Culture
Art
အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား (အပိုင်း - ၁) 's photo

သတ္တဝါအချင်းချင်း ပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်၍ အကောင်းဆုံး၊ အတိုဆုံး၊ အကျဉ်းရုံး ဖော်ပြနိုင်သည့် အရည်အချင်းတစ်ခုသည်ကား ကိုယ်ချင်းစာတရား ကပ်ခြင်းပင်ဖြစ်သည်။ ဤသဘောတရားသည် ကမ္ဘာ့ဘာသာကြီး အသီးသီးတို့က အလေးအမြတ်ပြု၍ သွန်သင်ဆုံးမ သြဝါဒပေးခဲ့သော သဘောတရားကြီးတစ်ခုဖြစ်၏။ ခရစ်တော်၏ သြဝါဒကြီးတစ်ခုမှ “သင့်အား အခြားသူတို့က ပြုမူစေလိုသည့်အတိုင်း အခြားသူများအပေါ်၌ ပြုမူကျင့်ကြံပါလေ”ဟု ဟောခဲ့၏။ ရွာတစ်ရွာတွင် ရွာသူရွာသားများက ဗုဒ္ဓအား “ဘုရားတပည့်တော်များသည် ပစ္စည်း အိုးအိမ်နှင့် ဤသား ဤမယား စသည်များနှင့်ခွဲခွာရန် အလိုမရှိ၊ ဤနေရာဌာန၌ ၎င်းတို့နှင့်အတူတကွ နေထိုင်ရင်းပင် မဂ်ဖိုလ်ရလိုပါသည်”ဟု လျှောက်ထားကြရာတွင် ဗုဒ္ဓကိုယ်တော်မြတ်က သားမယား ပစ္စည်း အိုးအိမ်များနှင့် ခွဲခွာရန်မလို၊ ဤနေရာမှာပင် မဂ်ဖိုလ်ရနိုင်သည်ဆိုကာ “အတ္တပရိစာဂ”ခေါ် ကိုယ်ချင်းစာတရားကို အခြေခံထား၍ ကျင့်ကြံအားထုတ်ခြင်းအားဖြင့် လိုရာကိစ္စ ပြီးနိုင်ကြောင်းနှင့် နိကာယ်ကျမ်းတစ်ကျမ်းတွင် ဟောတော်မူဖူးလေသည်။ ဗုဒ္ဓဘာသာဝင်များသည် ကိုယ်ချင်းစာနာတတ်ရုံမျှနှင့် မဂ်ဖိုလ်ရနိုင်သည်ဟု နားလည်ကြရန်မဟုတ်သော်လည်း ဗုဒ္ဓက ဤတရားကို လက်ကိုင်ပြုကာ အခြေခံထားကြဖို့ ဟောကြားတော်မူခြင်းကို ထောက်ခြင်းအားဖြင့် အဘယ်မျှလောက် အဖိုးထိုက်တန်၍ အရေးပါအရာရောက်သည့် သဘောတရားဖြစ်ခြင်းကို ရိပ်စားမိနိုင်လောက်ပေသည်။


~ အကုသိုလ်ရှောင်၍ ကုသိုလ်ဆောင်ပြီးဖြစ်ခြင်း ~
ကိုယ်ချင်းစာတရားဟူသည်မှာ ဥပုသ်စောင့်ခြင်း၊ အလှူပေးခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်း စသည်များကဲ့သို့ တစ်နေ့တစ်ရက် တစ်ပတ်နှစ်ပတ်၊ တစ်လစ်လ စသည်ဖြင့် အချိန်ပိုင်း၍ လေ့ကျင့်ရသော တရားမျိုးမဟုတ်၊ တစ်သက်ပတ်လုံး လေ့ကျင့်ခြင်းဖြင့် (ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့လျှင်) နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘဝဆက်တိုင်း အထုံအလေ့ပါသွားစေခြင်းငှာ ဆည်းပူးယူအပ်သော ဟူသော ပုညကိရိယာဆယ်ပါးတို့ကိုလည်း တစ်ပါတည်း ပွားများပြီးဖြစ်၏။ ကိုယ်ချင်းမစာနာတတ်သော လူများသည်သာလျှင် သူတစ်ပါး၏အသက်ကို ဟူသော မကောင်းမှုအမျိုးမျိုးတို့မှ ရှောင်ကြဉ်ပြီးဖြစ်၍ ကောင်းမှုကုသိုလ်တည်း သတ်ခြင်း၊ သူတစ်ပါး၏ပစ္စည်းကို ခိုးဝှက်လုယူခြင်း၊ သူတစ်ပါး၏ပစ္စည်းကို လိမ်ယူခြင်း စသည့် မကောင်းမှု ဒုစရိုက်များကို ပြုကျင့်ဖွယ်ရာရှိ၏။ ဤမျှသာ မကသေး မရှိနွမ်းပါးသူများအား ပေးကန့်စွန့်ကြဲခြင်းတည်းဟူသော ဒါနအစရှိသည့် ကောင်းမှုကုသိုလ်များသည်လည်း ကိုယ်ကျင်းစာတရားကပ်သူအဖို့၌ အကျိုးဝင်လျက်ရှိလေသည်။


~ ကိုယ်တွေ့ အဖြစ်အပျက် ~
ကိုယ်ချင်းစာတရားကပ်ခြင်းအတွက်ကြောင့် ဒုစရိုက်မှုကို ရှောင်ခြင်း၊ သုစရိုက်မှုကို ပြုခြင်းဖြစ်စေ တတ်ရုံသာမက ကြင်နာသနားတတ်သော ဗြဟ္မစိုရ် တရားမျိုးလည်း ဝင်လာနိုင်ပေသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ကိုယ်တွေ့ အဖြစ်အပျက်ကို ဖော်ပြရပေဦးမည်။ ကျွန်ုပ်မှာ ပင်ကိုယ်အားဖြင့် ရက်စက်တတ်သူတစ်ယောက် မဟုတ်သော်လည်း နည်းလမ်းကျခြင်းကို နှစ်သက်တတ်သူ တစ်ယောက်ဖြစ်ပါသည်။ အစိုးရအလုပ်ထဲ၌ မင်းကြီး၏ တောလိုက် စာရေး ဖြစ်ခဲ့ဖူးစဉ် မြန်မာတစ်ပြည်လုံး လှည့်လှည်ရသော မင်းကြီးဖြစ်သည်နှင့် မီးရထား သင်္ဘော စသည့် ခရီးများ၌ ကူလီများနှင့် မကြာခဏ ဆက်ဆံရ၏။ ကူလီများသည် လှည်းသုံးစီးတိုက် ယူဆောင်လေ့ရှိသော မင်းကြီး၏ပစ္စည်းများကိုမြင်ကြရာတွင် ကူလီခကိုတောင်းကာ အကြပ်ကိုင်တတ်ကြ၏။ ကျွန်ုပ်ကား ထိုစဉ်က နည်းလမ်းကျခြင်းသက်သက်ကိုသာ ကြိုက်တတ်သူဖြစ်သည်အလျောက် ကူလီများနှင့် မကြာခဏ စကားများတတ်ရ၏။ ကူလီခဟူသည်မှာ မင်းကြီးကဖြစ်စေ အစိုးရကဖြစ်စေ ပေးရသည်မှန်သော်လည်း မတရားသဖြင့် တောင်းကြရချေမည် လောဟု ဒေါပွခဲ့ရ၏။ တစ်ခါတစ်ရံတွင် ကူလီများတောင်းသမျှမဆစ်ဘဲ ထမ်းရွက်သယ်ဆောင်စေပြီးနောက် ကူလီခပေးရာတွင်မှ အစိုးရနှုန်းအတိုင်း ရှင်းပေးသဖြင့် ဆူပူကြ၏။ တစ်ခါတစ်ရံတွင်လည်း မင်းကြီးနှင့်အတူပါလာသည့် ပစ္စည်းများသယ်စေ၍ ကူလီခကို ၎င်းတို့အား ထုတ်ပေးခြင်းဖြင့် ပြဿနာကို ထမင်းချက် ဘတ္တလာ၊ ချာပရာစီ စသည့် အစေခံသုံးလေးယောက်တို့အား ဖြေရှင်း၏။ အစေခံများသည် မုန့်ဖိုးရသည်ဆို၍ ကျေနပ်ကြသော်လည်း ကူလီများ မူကား ကျွန်ုပ်အား လုံးဝ မကျေနပ်ကြချေ။ သို့သော် ကျွန်ုပ်သည် ထိုအခြင်းအရာကြောင့် ကူလီများပေါ်၌ အနိုင်ရသည်ဆိုကာ အသားယူခဲ့မိဖူးပါသည်။


--- အပိုင်း (၂) ဆက်ရန် ---

#ရွှေဥဒေါင်း
#အတ္တပရိစာဂခေါ် ကိုယ်ချင်းစာတရား

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။