ယဥ်သီရိလှိုင်(ဆောင်း)
ပန်းဆိုလို့ လူတွေပန်တဲ့ပန်း/ဘုရားကပ်တဲ့ပန်းလို့မထင်ပါနဲ့နော် အခုပြောပြမယ့်ပန်းကလေးက မိန်းကလေးတွေကိုဆိုလိုတာပါ မိန်းကလေးတယောက်ဟာအရမ်းနူးညံ့တယ်တဲ့ တကယ်လဲနူးညံ့ပါတယ် စိတ်လည်းပျော့ညံ့တယ် အပြင်ပန်းမှာသန်မာချင်ယောင်ဆောင်နေပြီးအတွင်းစိတ်လေးတွေအရမ်းနူးညံ့တဲ့ပန်းကလေးတွေအများကြီးရှိပါတယ် ဒီလိုပန်းလေးတွေက တချိန်ကျရင်တော့ပိုင်ရှင်ရှိသွားကြမှာဘဲ အဖူးလေးတွေဘဲရှိသေးတဲ့သူတို့ကိုပွင့်လန်းလာအောင်ပိုပြီးလှလာအောင်သေချာဂရုတစိုက်ရေလောင်းပေါင်းသင်ပေးတဲ့သူနဲ့ ဂရုမစိုက်ဘဲပစ်ပယ်ထားပြီးပွင့်ဖို့နေနေသာသာညိုးနွမ်းသွားအောင်လုပ်တဲ့သူနဲ့ ပိုင်ရှင်အမျိုးမျိုးဆီပိုင်ဆိုင်သွားကြမှာဘဲလေ ဒီလိုချိန်မှာကိုယ်ကပိုင်ရှင်ကိုသေသေချာချာရွေးချယ်တတ်ဖို့ကအရေးကြီးတာပေါ့ အဲ့လိုမဟုတ်ဘဲ ပိုင်ရှင်ဘယ်သူဖြစ်ဖြစ်လက်ခံမယ်ဆိုရင်ကိုယ့်ကိုနမ်းရှုံ့မယ့်သူသာဖြစ်မယ်သာဆိုရင်ဘယ်သူဖြစ်ဖြစ်ရတယ်ဆိုတာမျိုးဆိုရင် တဘဝလုံးစာက ညှိုးနွမ်းသွားဖို့ဘဲရှိတာပေါ့ အခုခေတ်မှာ သမီးရည်းစားဖြစ်ပြီးရင်living together နေတယ်ဆိုတာက သဘာဝလို့တွေးကြတယ် အကာကွယ်သုံးရင်ရပြီပေါ့ဆိုတာမျိုးတွေးကြတယ် တကယ့်တကယ်ဒီပန်းကလေးညှိုးသွားပြီဆိုဘယ်သူလိုချင်ဦးမှာလဲ ဒါကိုတွေးသင့်တယ် တွေးရမှာပေါ့ ကိုယ်နဲ့သမီးရည်းစားဖြစ်ပြီဆို အတူနေဖို့အရင်မတွေးနဲ့ ဒီပန်းလေးကို ကိုယ်သာတကယ်ချစ်ရင်တန်ဖိုးထားရင် သူ့ရဲ့ဘဝလေးကိုမြှင့်တင်ပေးရမှာ တချိန်မှာဒီပန်းလေးက ကိုယ့်အပိုင်ဘဲဖြစ်မှာလေ အဲ့လိုမဟုတ်ဘဲ သူ့ကိုငါယူမှာဘဲ ငါတာဝန်ယူမှာဖြစ်တာကြောင့် ဒါကဘာမှမဖြစ်ဘူး ဆိုပြီးတွေးတယ်ဆိုရင်မှားပါတယ် လူ့ရဲ့စိတ်ဆိုတာအမျိုးမျိုးပြောင်းလဲနေတာ ဒီနေ့ဒီအစားစာကြိုက်တယ် နောက်နေ့ကြိုက်ချင်မှကြိုက်မှာလေ အချိန်နဲ့အမျှပြောင်းလဲနေတာဟာ လူ့စိတ်ဘဲဒါကိုပုံသေမှတ်လို့မရဘူး ကိုယ်ကျူးလွန်ပြီးတဲ့ကိစ္စတခုကိုတာဝန်ယူနိုင်မှာလား မကျူးလွန်ခင်မှာတွေးထားရမှာ ဒီခေတ်ကြီးမှာ လူမသိသူမသိညှိုးနွမ်းသွားတဲ့ပန်းကလေးတွေအများကြီးရှိပါတယ် အဲ့ပန်းကလေးတွေဟာတခြားပန်းလေးတွေနဲ့ယှဥ်ရင်မတူကွဲပြားသွားပြီးကဲ့ရဲ့ခံရအထင်သေးခံရတော့ပါတယ် ဒီအချိန်မှာအဲ့ပန်းကလေးကိုအရင်လိုလှပလာအောင်လုပ်နိုင်ပါဦးမလား လုပ်နိုင်ခဲ့တယ်ဆိုရင်တောင့်သူ့ရဲ့ဘဝတလျောက်အစွန်းထင်းတခုကျန်ရစ်သွားတော့မှာပေါ့ ဒါကြောင့်ပန်းကလေးတွေကိုအမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူတို့ကို ကြိုက်တာပါ ဂရုစိုက်ပါ မြတ်မြတ်နိုးနိုးနဲ့ချစ်ပေးပါ တဏှာမပါတဲ့ချစ်ခြင်းတွေအများကြီးရှိပါတယ် ဒါကြောင့်အရင်ကဘယ်လိုဘဲတွေးခဲ့တွေးခဲ့အခုချိန်မှာ ပန်းကလေးတွေကို သေသေချာချာပြုစုပျိုးထောင်ပေးပါ တချိန်မှာကိုယ်ဟာပိုင်ရှင်ကောင်းတယောက်ဆိုတာကိုပြသပါ နောက်သူတို့ရဲ့အသီးအပွင့်တွေကိုသူတို့ကိုယ်တိုင် ကျေကျေနပ်နပ်ခူးဆွတ်ပေးပါလိမ့်မယ်
ချစ်သောreaders လေးတွေ?
Keep Reading