Author's Profile Photo

SarPhat Author

18/03/2024

ချစ်ရပါသောထိုမြို့

1 min read
General Knowledge
ချစ်ရပါသောထိုမြို့'s photo

နယ်မြို့လေးတဲ့
အတွေးတစနဲ့ အိမ်ပြန်ချိန်တွေမှာ မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့ ပင်လယ်ရှိတယ် သောင်ပြင်ရှိတယ် သိပ်လှတဲ့နေဝင်ချိန်ရှိတဲ့နေရာလေးပေါ့
မြို့ကြီးပြကြီးလောက်တော့မတိုးတက်တာမှန်ပင်မဲ့
ကိုယ့်ကိုကိုယ်တိုးတက်ဖို့ကြိုးစားနေတဲ့လူငယ်တွေ ရှိတယ်
စာနာမှုတွေနဲ့ကမ်းလင့်တဲ့ ဒေသခံလူတွေရှိတယ်
ရိုးသားပြီးဟန်ဆောင်မှုတွေမပါတဲ့ လူတွေရှိတယ်
ဒီမြို့လေးရဲ့အငွေ့အသက် မွေးရပ်ဇာတိကိုပြန်ဖို့ထက် ဆွဲဆောင်လွန်းတယ်
ဆောင်းဆိုလည်း ဆောင်းပီသတဲ့အအေးဓာတ်ရှိတယ်
နွေဆိုလည်း ခံနိုင်ရည်ရှိသလောက်သာ ပူတဲ့အပူရတယ်
တခြားသော လွမ်းစရာတွေနဲ့ အသေးစိတ်ပြောဖို့ထက် အကြမ်းလေးရေးမိတာတောင် မျက်ရည်တွေဝဲလာရတယ်
ထားသာထားခဲ့ရတယ် နေ့တိုင်းလို လွမ်းနေသတိရနေရတယ်
ပြန်ခွင့်မရမှာထက် ပြန်စရာမရှိတော့မှာပိုပြီးတွေးကြောက်တတ်လာတဲ့ရက်တွေပါပဲ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း