Author's Profile Photo

Techversity

14/09/2024

Hyper Os 2.0 လား ❓❓ Error Os 2.0 လား❓❓

1 min read
Education
General Knowledge
Programming
Hyper Os 2.0 လား ❓❓ Error Os 2.0 လား❓❓'s photo

Xiaomi ကတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမယ့် အကွက်တွေကို ထပ်ခင်းပြန်ပြီးလား ဆိုတာက အခုနှစ်ကုန်ပိုင်းလောက်မှာ ထွက်လာမယ့် Hyper Os 2.0 ကိုစောင့်ကြည့်ရမှာပဲ ။ ဘာလို့လဲဆို လက်ရှိ Hyper Os 1st Gen ဖြစ်တဲ့ 1.0 မှာတောင် Error ပေါင်းသောင်းခြောက်ထောင်နဲ့ တိုင်လည်နေတာကိုမဖြေရှင်းနိုင်သေးပဲ 2.0 ဆိုတော့ ခပ်လန့်လန့်ပဲဗျို့။ ဘာလို့လဲဆို Note 13 4G အပါအဝင်တချို့ Model တွေမှာဖြစ်တဲ့ Bug Error ကကြီးသကိုး ။ ဘာလဲဆိုရင် Green Line Error ပါပဲ ။ Green Line ဖြစ်ပြီဆို မှန်လဲမှသာရမှာဖြစ်တယ် ။ အခုက Spare Part လည်းမဝင်သေးသလို ဝင်ရင်တောင် အခုခေတ်ငွေဈေး နဲ့က ပြန်လဲဖို့အတော်လေးစဉ်းစားရမယ့်အနေအထားဆိုတော့ကား Update ရပြီဆိုတာနဲ့ ပျော်ပြီးမတင်ကြဖို့ကိုတော့ သတိချပ်စေချင်ပါတယ် ။ ထားပါတော့ လေပေါတာများသွားပြီဆိုတော့ ခေါင်းစဉ်က အကြောင်းအရာလေးကိုပဲ ပြန်သွားကြရအောင် ။

Xiaomi က အခု နှစ်ကုန်ပိုင်းမှာ Hyper Os 2.0 ကို Xiaomi 15 နဲ့ K70 Ultra Flagship ဖုန်းတွေမှာ Pre Installed အနေနဲ့ ထည့်သွင်းပြီး စတင် Release လုပ်မယ်လို့တော့ ပြောထားပေမယ့် မသေချာသေးပါဘူး ။ Xiaomi ရဲ့ ဖော်ပြချက်အရဆိုရင် 2024 နှစ်ကုန်ပိုင်းမှာ Hyper Os 2.0 ကို Chinese Flagship Model ‌တွေမှာစရမယ် ၊ Global Flagship Model နဲ့ Premium Segment ဖုန်းတွေက 2025 နှစ်အစပိုင်းမှာ စရမှာ ဖြစ်ပြီးတော့ အဲ့နောက်ပိုင်း Entry နဲ့ Mid-Range ဖုန်း တချို့မှာစရမှာဖြစ်ပါတယ် ။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ EOS (End Of Life ) List ထဲမှာ ပါနေတဲ့ Model တွေကတော့ Update ရမှာမဟုတ်ပါဘူး ။

Hyper Os 2.0 မှာ အရင်ကထပ် Battery Life နဲ့ Performance အပိုင်းကို ပိုကောင်းအောင်လုပ်ပေးနိုင်မယ်လို့ဆိုထားပါတယ် ။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ တချို့ Features အသစ်တွေကို Android 14 နဲ့ Android 15 တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး ကျန် version တွေမှာတော့ Features အကုန်လုံးကိုသုံးလို့ရမှာမဟုတ်ပါဘူး ။ သူ့မှာပါဝင်တဲ့ Features အသစ်တွေက ပါတွေဖြစ်မလဲဆို ကြည့်လိုက်ရအောင် ။

?security နဲ့ privacy အပိုင်းမှာပိုကောင်းလာမယ် ။

? smooth ဖြစ်တဲ့ အသစ်သစ်သော animation နဲ့ visual effect တွေပါလာမယ် ။ စိတ်မကောင်းစရာတစ်ခုက ဒီ Features ကို Snapdragon 8 Gen 2 SOC သုံးထားတဲ့ ဖုန်းတွေ နဲ့ Powerful ပိုဖြစ်တဲ့ SOC ပါဝင်တဲ့ ဖုန်းတွေမှာသာရမှာဖြစ်တယ် ။

? System File တွေရဲ့ နေရာယူမှုကို အတိုင်းအတာတစ်ခုထိလျှော့ချပေးနိုင်မယ့် LROFS ( Logical Read Only File System ) ပါဝင်လာတာကြောင့် storage တွေမှာ နေရာ ပိုလွတ်လာမယ် ။

? Display ကို ထိစရာမလိုပဲ လေထဲကနေ လက်ဝှေ့ယမ်းရုံဖြင့် control လုပ်နိုင်မယ့် Touchless Gesture တွေပါလာမယ် ။

? Third-party App တွေသုံးစရာမလိုပဲ Image Resize လုပ်လို့ရပြီးတော့ ပုံထဲက မလိုချင်တဲ့ အရာဝတ္ထုတွေကိုဖျောက်လို့ရမယ့် Ai Expansion နဲ့ Ai Remover Features တွေပါလာမယ် ။

? အသစ်သစ်သော AOD ( Always On Display ) Design တွေပါဝင်လာပြီး ကြာချိန်အနေနဲ့ကလည်း 10s ထပ်ပိုထားလို့ရမယ် ။

? Ram Extension အနေနဲ့ Default 6GB ကနေ 16GB ထိထားလို့ရမယ် ။

ဒါပေမယ့် setting menu နဲ့ gadget grouping လေးကတော့ Steve Job ရဲ့ ပန်းသီးတစ်ခြမ်းပဲ့လေးနဲ့တော့ နဲနဲလေးဆင်ပါမယ် ?

Conclusion
-----------

Hyper Os 2.0 မှာပါဝင်တဲ့ Features တွေတကယ်ကောင်းနေပေမယ့် အဓိကကောင်းဖို့က Device နဲ့ compatible ဖြစ်ပြီး System Optimization ကောင်းဖို့ကအရေးကြီးပါတယ် ။ Xiaomi / Redmi တွေက P to P မှာ သုံးလို့ကောင်းတယ်ဆိုပေမယ့် Error ‌ကင်းပြီး Optimization လေးသာကောင်းနေမယ်ဆိုရင်တော့ Perfect ပါပဲ ။ အမှန်က Xiaomi , Redmi တွေက မကောင်းတာမဟုတ်ပါဘူး ။ သူ့ရဲ့ Error များနဲ့ Os တွေကြောင့် ဗီလိန်ဖြစ်နေရတာပါ ။

#Redmi #Xiaomi #HyperOs #HyperOs2.0 #Technews #Technology #Smartphones #Allaboutistech #Techversity

Keep Reading

International Jazz Dayအပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့Delayed fear realizationအပူမကူးစေရန် လူထူးတွေရဲ့အကြံနဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲရေးတော့အမှန် ဖတ်တော့အသံတာဝန်သိပါ