Author's Profile Photo

မြ (စံကားဝါမြေ)

14/09/2024

ကပ်ကြီးသုံးပါးမှ လွတ်မြောက်ဖို့ ပဌာန်းစည်းချကြပါစို့

2 mins read
Culture

ကျွန်မတို့ မြန်မာနိုင်ငံတွင်....

၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
၂။ သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။

ဟူသော ကပ်ကြီးသုံးပါးဟာ တစ်ပါးပြီးတစ်ပါး ကပ်ဆိုက်၍ လာခဲ့ရပါပြီ။ ထိုဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်နိုင်ဖို့ရာ ကျွန်မတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို မမေ့မလျော့ ယခင်ထက်ပိုမို ကိုးကွယ်ဆည်းကပ်ကြရန် လိုအပ်လာခဲ့ပါပြီ။

ကျွန်မ တရာတစ်ပုဒ်နားကြားဖူး၏။ ထိုတရားတော်ထဲတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးလွတ်မြောက်နိုင်သော "ပဌာန်းစည်းချနည်း" အကြောင်းကို ကျွန်မပြန်လည် မျှဝေပေးချင်ပါသည်။

ကျွန်မတို့မှာ ပဌာန်းဆိုသည် (၂၄)ပစ္စည်း ရှိသည်ကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့သည်

✓ (၂၄) ပစ္စည်းကို မည်ကဲ့သို့ စည်းချရမလဲ။
✓ ပဌာန်းစည်းချထားလျှင် မည်သည့်အန္တရာယ်များကို ကာကွယ်ပေးနိုင်မည်နည်း။
✓ ပဌာန်းစည်းချထားခြင်း၏ အကျိုးကျေးဇူးများကို မြန်မာပြည်သူများအတွက် အကျိုးရှိစေဖို့ ကျွန်မကိုယ်တိုင် စည်းချနေသော ပုံစံနှင့်တကွ ရေးသားသွားပါမည်။

  • ပဌာန်းစည်းချနည်း


ကျွန်မတို့တွင် "အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက်မြောက်" ဟူ၍ အရပ်(၈)မျက်နှာ ရှိသည့်အလျောက် ပထမဦးစွာ အရှေ့မြောက်အရပ်မှ စတင်၍ ပစ္စည်း(၃)ခုစီ ရွတ်ဆိုပူဇော်ပေးရပါမည်။

အရှေ့မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၁) ဟေတုပစ္စယော
(၂) အာရမ္မဏပစ္စယော
(၃) အဓိပတိပစ္စယော

အရှေ့အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၄) အနန္တရပစ္စယော
(၅) သမနန္တရပစ္စယော
(၆) သဟဇာတပစ္စယော

‌အရှေ့တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၇) အညမညပစ္စယော
(၈) နိဿယပစ္စယော
(၉) ဥပနိဿယပစ္စယော

တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၁၀) ပုရေဇာတပစ္စယော
(၁၁) ပစ္ဆာဇာတပစ္စယော
(၁၂) အာသေဝနပစ္စယော

အနောက်တောင်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၁၃) ကမ္မပစ္စယော
(၁၄) ဝိပါကပစ္စယော
(၁၅) အာဟာရပစ္စယော

အနောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၁၆) ဣန္ဒြိယပစ္စယော
(၁၇) ဈာနပစ္စယော
(၁၈) မဂ္ဂပစ္စယော

အနောက်မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၁၉) သမ္ပယုတ္တပစ္စယော
(၂၀) ဝိပ္ပယုတ္တပစ္စယော
(၂၁) အတ္ထိပစ္စယော

မြောက်အရပ်တွင် (ဝါ) အရှေ့မြောက်အရပ်သို့ မျက်နှာမူလျက်-
(၂၂) နတ္ထိပစ္စယော
(၂၃) ဝိဂတပစ္စယော
(၂၄) အဝိဂတပစ္စယော

ထိုကဲ့သို့ တစ်အိမ်လျှင် တစ်ယောက်နှုန်းသည် တစ်မေ့လျှင် အနည်းဆုံး တစ်ကြိမ် ပုံမှန်၊ အချိန်မှန် ရွတ်ဖတ်ပူဇော်ပါက ယခုလက်ရှိဖြစ်ပျက်နေသော ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပါလိမ့်မည်။ ထိုမျှမက တစ်အိမ်လျှင် တစ်ယောက်ထဲ မဟုတ်ဘဲ တစ်မိသားစုလုံး (ဝါ) အိမ်သူ/သားများအားလုံးသည် တစ်နေ့လျှင် (၃)ကြိမ်နှင့်အထက် ရွတ်ဖတ်ပူဇော်နိုင်ပါက ပိုမို၍ ထိရောက်ကာ ဘေးအန္တရာယ်အပေါင်းမှ ကွေကွင်းခွင့် ရရှိကြပါလိမ့်မည်။

ကျွန်မ ရွတ်ဖတ်ပူဇော်သည့်အခါ ကျွန်မသည် မြန်မာနိုင်ငံမှ ပြည်သူ/သားများအတွက်ပင် မဟုတ်ဘဲ "တစ်လောကလုံးတွင် မှီတင်းနေထိုင်ကြပါသော သက်ရှိသတ္တဝါများ အားလုံးအတွက်" ဟု ရည်ရွယ်ကာ ရွတ်ဖတ်ပူဖော်ပါသည်။

ထို့ကြောင့် ကျွန်မ၏ စာဖတ်သူလေးများသည် ယခု ကျွန်မရေးသားခဲ့သော "ကပ်ကြီးသုံးပါးမှ လွတ်မြောက်ဖို့ ပဌာန်းစည်းချကြပါစို့" အမည်ရှိ ဆောင်းပါးလေးအား ဖတ်ရှုလေ့လာပြီး လိုက်နာကျင့်သုံးကာ "ကပ်ကြီးသုံးပါးအပြင် အခြားအခြားသော ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ပါစေ" ဟု ကျွန်မ စာရေးသူ = "မြ (စံကားဝါမြေ)"မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

မေတ္တာရပ်ခံချက် - ယနေ့ဆောင်းပါးလေးသည် ဘာသာရေးဆောင်းပါးဖြစ်သောကြောင့် "မြ"အစား "ကျွန်မ"ဟူသော နာမ်စားကို အသုံးပြုထားခြင်း ဖြစ်ပါသည်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
14.9.2024(Saturday)

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ