Author's Profile Photo

Su Lwin Htet

11/09/2024

ဖြစ်ရပ်မှန်ကိုအ​ခြေခံသည်

1 min read
18 Again


သဘောကျတယ်ဆိုတာနဲ့ချစ်တယ်ဆိုတာနဲ့ကမတူကြဘူးလား
ဒါဆို အချစ်ဦးဆိုတာကရော...
အချစ်ဦးကိုချစ်တာလားသဘောကျတာလား
လူတစ်ယောက်ရဲ့ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးကိုအများဆုံး တွေ့ဆုံကြတယ်လို့ လူတစ်ချို့ကပြောကြတယ်
တကယ်လည်းတွေ့ဆုံကြတယ်တဲ့
အချစ်နဲ့ပတ်သက်ပြီးဘာဆိုဘာမှအတွေ့အကြုံမရှိဖူးတဲ့ ဆယ်ကျော်သက်အရွယ်မှာမှ ပထမဆုံးအနေနဲ့ ဘယ်အချိန်မှာ ဘယ်လောက်အထိသဘောကျမိသွားခဲ့လဲဆိုတာကိုတကယ်သတိမထားမိခဲ့ဘူး
အဲ့လိုအချိန်မှာ အဲ့ဒီလူနဲ့ရေစက်ဆုံခဲ့ကြတယ်
တကယ်ကိုဆန်းကြယ်လွန်းပါတယ်
ကျွန်မအတွက်တော့ ဆန်းကြယ်လွန်းတာထပ်တောင်ပိုမယ်ထင်ပါတယ်
အဲ့လူကလေ တကယ်လည်းဆန်းကြယ်တယ်
ရေစက်ဆုံစကလည်းဆန်းကြယ်ခဲ့သလို ဝေးကွာသွားရတော့လည်း ဒီနေ့ဒီအချိန်အထိနားမလည်နိုင်အောင်ကို ဆန်းကြယ်နေစေတုန်းပဲ
...
သူက
လေးထောင့်ပုံစံမျက်မှန်ကိုင်းအနက်ရောင်လေးနဲ့လူ
သူက အဖြူရောင်ကိုသဘောကျတတ်တဲ့လူ
စာအုပ်တွေကိုမြတ်နိုးတဲ့လူ
အင်္ဂလိပ်စာတော်တဲ့လူ
သူငယ်ချင်းတွေအများကြီးနဲ့
လူမှုဆက်ဆံရေးကောင်းတဲ့လူ
သူကခွေးလေးတွေကိုချစ်တတ်တဲ့လူ
ရိုးရိုးရှင်းရှင်းအတိုင်းပဲနေတဲ့လူ
အဲ့လိုရိုးရှင်းတယ်လို့ထင်ရပင်မဲ့လေ
ကျွန်မအတွက်အဲ့ဒီလူက ခန့်မှန်းရခက်တယ်
အထူးသဖြင့် သူ့ရဲ့မျက်ဝန်းတွေ တကယ်ကိုခန့်မှန်းရအခက်ဆုံးပါပဲ
ကျွန်မကပဲ ထင်ယောင်ထင်မှားဖြစ်နေတာနေ​မှာပါလေ
....
အဲ့တုန်းက ကျွန်မက ခပ်ဆိုးဆိုးနဲ့စာလည်းမကြိုးစားဘူး
လူမှုဆက်ဆံရေးလည်းမကောင်းဘူး
မိန်းကလေးလည်းမဆန်သလို
ကိုယ့်ကိုကိုယ် ယုံကြည်မှုဆိုတာကလည်း
ဟိုး......အဝီစိမှာပဲရှိတာ

ဒါပင်မဲ့သူ့ကြောင့်
ကျွန်မ အင်္ဂလိပ်စာကိုစိတ်ဝင်စားလာတယ်
အင်္ဂလိပ်သီချင်းတွေ ကိုစိတ်ဝင်စားလာတယ်
စာအုပ်တွေကိုလည်းစိတ်ဝင်စားလာတယ်
သူ့လိုမျက်မှန်ကိုင်းအနက်ရောင်လေးပါတပ်ချင်လာတဲ့အထိပဲ ရူးကြောင်ကြောင်နိုင်တယ်လို့ထင်ရတယ်မလား
ဒါပင်မဲ့လေ
တကယ်လည်း မျက်မှန်တပ်ရအောင်ကြိုးစားခဲ့တယ်

...

တွေ့ဆုံခဲ့ရတဲ့အချိန်ကာလတိုလေးအတွင်းမှာ
ပျော်ခဲ့ရတဲ့အမှတ်တရတွေရှိခဲ့ဖူးတယ်
ဖျတ်ဆီးခဲ့မိတဲ့အမှတ်တရတစ်ချို့အတွက်နောင်တတွေလည်းရခဲ့တယ်
ခင်မင်မှုတွေပျက်စီးသွားမှာကိုစိုးတာရယ်
ငြင်းလိုက်မှာကိုစိုးခဲ့မိတာရယ်တွေကြောင့်
အဖြူမုသားတွေကိုပြောခဲ့မိပင်မဲ့
သူ့ကိုဖြစ်နိုင်သေးရင် ရေစက်ဆိုတာရှိနေဦးမယ်ဆိုရင်
မေးချင်ပါသေးတယ်
ဘာကြောင့် သူစိမ်းတွေဖြစ်သွားခဲ့ရတာလဲ...


(ပထမဆုံးအနေနဲ့ရေးတာဖြစ်လို့ အမှားပါခဲ့ရင် သည်းခံပေးကြပါရန်)
(စာထဲကအကြောင်းအရာများနှင့်အားလုံး တိုက်ဆိုင်နေခဲ့ပါလျှင် မတော်တဆတိုက်ဆိုင်မှုသက်သက်မဟုတ်ပါကြောင်း သတိချပ်စေလိုပါသည်)
#SLH
2:07A.m

Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။