Author's Profile Photo

Luminous Pai

10/09/2024

အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Rule

1 min read
Life Style
Personal Development
18 Again
အချိန်ဆွဲတတ်တဲ့ သူတွေအတွက်  
2 Minutes Rule's photo

အချိန်ဆွဲနေတာနဲ့ အလုပ်ကမပြီးသွားဘူး။

အလုပ်ပြီးချင်ရင် ချက်ချင်းထလုပ်မှရမယ်။

ပျင်းလို့မရဘူး။

ဒါပေမယ့် မပျင်းအောင်နေဖို့ကလဲ ခက်သား။

ပျင်းလို့ဆိုပြီး ဖုန်းလေး ခဏကြည့်လိုက်တာ တနာရီကျော်ကြာသွားတယ်။

ပျင်းလို့ဆိုပြီး အဝတ်မလျှော်သေးဘဲ တီဗီ ခဏကြည့်တာ မိုးပါချုပ်သွားတယ်။

တကယ်တော့ ပျင်းတာကို သိသိနဲ့ ထပ်ပြီး အပျင်းတက်အောင် လုပ်တာမျိုး။

အဲ့တော့ အကျိုးဆက်အနေနဲ့ မိနစ်ပိုင်းလေးနဲ့တင် ပြီးရမယ့် အလုပ်တွေက Work done မဖြစ်ဘဲ တာဝန်တွေပိလာရော ဆိုပါတော့။

တာဝန်တွေများလာတော့ စောနက ပျင်းနေတဲ့စိတ်က ဘာပြောလဲဆိုတော့

“ ဟူးး လုပ်ရမယ့် အလုပ်တွေကလဲများတာကွာ။

နောက်နေ့မှ သေချာလုပ်တော့မယ်။ ”

ဆိုတော့ တကယ်တမ်း မိနစ်ပိုင်းနဲ့ပြီးတဲ့ အလုပ်တွေကို ကျနော်တို့ အချိန်ဆွဲနေခဲ့ကြတာ။

ဒါဆို အချိန်ဆွဲတဲ့ အကျင့်ကို ဘယ်လို ဖျောက်မလဲ ?

၂ မိနစ် ရူးးးး ?

‌နှစ်မိနစ်ရူး ဆိုတာ ဘာလဲ ?

ရိုးရိုး‌လေးပြောရရင် လုပ်စရာရှိတဲ့ အလုပ်ကို ၂မိနစ် ကြာမယ်လို့ တွေးပြီး ချက်ချင်းထလုပ်တာပဲ။

၂မိနစ်ပဲ လုပ်မယ်။ ပြီးရင်တော်ပြီ။

တကယ်တော့ ၂မိနစ်နဲ့ စတင်ပြီး နှစ်နာရီကြာတဲ့အထိ အလုပ်ဖြစ်သွားနိုင်သလို၊

အချိန်ဆွဲတဲ့ အကျင့်ကိုလဲ တနည်းတဖုံ လျော့နည်းသွားစေမှာဖြစ်ပါတယ်။

If it takes two minutes, Do It Now !


တခြားသော Time Management Techniques နဲ့ tools တွေကို Knowledge Sharing လုပ်ပေးသွားဦးမှာမို့ အမြဲစောင့်ကြည့်ဖို့မမေ့နဲ့နော်။

? အခုလို အမြဲသစ်နေတဲ့ Quality Content တွေ ၊ အခွင့်အလမ်းတွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

Facebook - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)