Author's Profile Photo

Maru

22/07/2024

ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ

4 mins read
Art
Startup
18 Again
ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ's photo

အခုရက်ပိုင်းအတွင်း စာဖတ်သူလေးတွေထဲမှာ စာဖတ်တာကိုသာမက စာရေးသားတာကို ဝါသနာပါတဲ့သူလေးတွေကို တွေ့ရှိရပါတယ်။ရေးသားချင်ပေမယ့်လည်း ဘယ်လိုရေးသားရမလဲဆိုတာမသိတဲ့အတွက် လာရောက်မေးမြန်းသူတွေလည်းရှိပါတယ်။အခုလိုလေးတွေ မြင်‌တွေ့နေရတော့ဝမ်းသာပီတိဖြစ်မိတာရယ် ကိုယ်တတ်သလောက်လေးမျှဝေပေးချင်တာ‌တွေကြောင့် အခုဆောင်းပါးလေးမှာ ကျွန်မအနေနဲ့ ရိုးရှင်းတဲ့ ဆောင်းပါးရေးသားနည်းလေးကို မျှဝေပေးသွားပါမယ်ရှင်။

✨ဆောင်းပါးဆိုတာဘာလဲ

ဆောင်းပါးဆိုတာဟာ သတင်းစာ၊ မဂ္ဂဇင်း၊ ဘလော့ဂ်၊ Sarphat(စာဖတ်) စတဲ့မီဒီယာတွေမှာဖော်ပြတဲ့ စာတမ်းဖြစ်ပြီး သုတ၊ ရသအပြင် သုတရသရောနှောထားတဲ့စာဖြစ်ပါတယ်။

✨ရေးသားနိုင်တဲ့အကြောင်းအရာများ

ရေးသားရာမှာ အသိပညာပေး၊ စီးပွားရေး၊ အနုပညာ၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ နည်းပညာ၊ နိုင်ငံရေးစတဲ့အမျိုးမျိုးသောအကြောင်းအရာများကို ရေးသားနိုင်ပါတယ်။

✨ဆောင်းပါးရေးသားနည်း

ဆောင်းပါးရေးသားရာမှာ ငယ်စဉ်က စာစီစာကုံးရေးသားသလို အကြမ်းအားဖြင့်
-ခေါင်းစဉ်
-နိဒါန်း
-စာကိုယ်
-နိဂုံး ပါရှိရပါမယ်။

သို့ရာတွင် စာစီစာကုံးနှင့်ဆောင်းပါးက မတူညီပါ။ စာစီစာကုံးက အဖွဲ့အနွဲ့အခိုင်းနှိုင်းတွေနဲ့များစွာထည့်သွင်းရေးသားလို့ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဆောင်းပါးကတော့ အဖွဲ့အနွဲ့အခိုင်းအနှိုင်း မလွန်ကဲစေပဲ လိုရင်းကိုထိရောက်အောင်ရေးသားရပါမယ်။


✨ခေါင်းစဉ်
ဆောင်းပါးတစ်ပုဒ်မှာ ခေါင်းစဉ်ကအရေးကြီးပါတယ်။
ကိုယ်ရေးသားထားတဲ့စာနဲ့ ပေးထားတဲ့ခေါင်းစဉ်ဟာ ကိုက်ညီမှုရှိရပါမယ်။ခေါင်းစဉ်ကောင်းကောင်းပေးတတ်ဖို့လည်းလိုအပ်ပါတယ်။

✨ခေါင်းစဉ်ပေးနည်းများ

- ကိုယ်ရေးမယ့်စာတွေကိုခေါင်းထဲ ပထမဆုံးစီပြီးမှရေးသားတတ်တဲ့သူတွေက စာစရေးတဲ့အခါ ခေါင်းစဉ်ကိုတန်းပေးလိုက်တာကအဆင်ပြေပါတယ်။

-ရေးရင်းနဲ့မှ အကြံဉာဏ်တွေထွက်လာပြီး ကြိုတင်စဉ်းစားစာစီဖို့ အခက်အခဲရှိသူတွေကတော့ စာရေးပြီဆိုတာနဲ့ ခေါင်းစဉ်ကို ဦးစွာမပေးစေချင်ပါဘူး။(ခေါင်းစဉ်ကိုကြည့်ပြီး စာရေးတဲ့တွက် ‌ဒီအကြောင်းအရာကခေါင်းစဉ်နဲ့ မကိုက်ဘူး မလိုက်ဘူးဆိုတဲ့စိတ်တွေဝင်ရောက်ပြီး ရေးသားမှု‌တွေကို ဘောင်ခတ်သလိုဖြစ်နေတတ်ပါတယ်။ဒီလိုရေးသားတတ်တဲ့သူတွေအနေနဲ့ စာပါအကြောင်းအရာအားလုံးရေးသားပြီးမှ လိုက်ဖတ်မယ့်ခေါင်းစဉ်ကိုရွေးချယ်ပြီးပေးစေချင်ပါတယ်။)

✨နိဒါန်း

ကျွန်မတို့အခုခေတ်က အပြိုင်အဆိုင်များတဲ့ခေတ်ဆိုလည်း မမှားပါဘူး။စာပေါင်းမြောက်များစွာကို Sarphat(စာဖတ်)၊ Facebook စတဲ့အမျိုးမျိုးသော social media တွေမှာဖတ်ရှုလို့ရနေပါပြီ။ ကိုယ့်လိုတက်သစ်စ စာရေးသူလေးအနေနဲ့ စာပေလောကထဲခြေချပြီဆိုတာနဲ့ ကိုယ့်စာကို ဖတ်ချင်လာအောင်ဆွဲဆောင်ရတော့မှာပါ။ဒီတော့ ခေါင်းစဉ်နဲ့ထပ်တူ နိဒါန်းကလည်းအရေးကြီးလာပါတယ်။

✨နိဒါန်းရေးနည်းများ
- နိဒါန်းရေးသားရာမှာ ဖတ်ရှုသူရဲ့ အာရုံကိုဖမ်းစားနိုင်ရပါမယ်။

-တအားရှည်ရှည်ဝေးဝေး မရေးသားဘဲ ကိုယ်ရေးသားသွားမယ့် အကြောင်းအရာကို အစပျိုးပေးရပါမယ်။

နိဒါန်းက ထိထိရောက်ရောက်နဲ့ တိုတိုလေးဖြစ်နေရင်ကောင်းပါတယ်။

✨စာကိုယ်

ကျွန်မတို့ စာကိုယ်စပြီဆိုတာနဲ့ ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို စတင်ရေးသားရပါမယ်။

✨ရေးသားနည်းများ(အကြမ်းအားဖြင့်)

-ရေးသားမယ့်အကြောင်းအရာကို အဆိုအမိန့်တစ်ခုနဲ့ဖြစ်စေ အကြောင်းအရာ၊ ဇာတ်လမ်း၊ ပုံပြင်၊ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ စတင်ရေးသားမယ်ဆိုလည်းအဆင်ပြေပါတယ်။( အဲလိုစပြီးပြီဆိုတာနဲ့ ကိုယ်ရဲ့အမြင် အတွေးတွေကို ဆက်လက်ရေးသားဖော်ပြသွားမယ်ဆို အဆင်ပြေပါတယ်။)

-အကြောင်းရာတစ်ခုနဲ့စတင်ပြီး အဲဒီအတွက် ရှင်းလင်းချက်တွေနဲ့ ရေးသား‌ဖော်ပြမယ်ဆိုလည်းအဆင်ပြတယ်။ အဓိကအချက်တိုင်းကို အချက်အလက်‌တွေနဲ့ ထောက်ခံပြီး အသေးစိတ်ရှင်းပြပါ။

? သတိပြုရန်

- ကိုယ်နိဒါန်းမှာ အစပျိုးထားတဲ့စာနဲ့ ဆက်စပ်မှုရှိအောင်ရေးသားရပါမယ်။

?ဆောင်းပါးက ပုံစံအမျိုးမျိုးရှိတာမို့ ရေးသားတဲ့ပုံစံတွေဟာ တစ်ခုနဲ့တစ်ခုတူကြမှာမဟုတ်ပါဘူး။ ရေးသားပါ။ ရေးရင်းနဲ့ ရေးတတ်လာပါလိမ့်မယ်။ ဒါ့အပြင် အခြားသူတွေရဲ့ဆောင်းပါးရေးတဲ့ပုံစံတွေကိုလေ့လာပါ။

?ကျွန်မတို့စာကိုယ်စပြီဆိုတာနဲ့ စာတွေက တအားရှည်လာပါတယ်။ အဲ့အခါကြစာကို တဆက်တည်းရေးပြီးဖော်ပြတာထက် စာပိုဒ်လိုက်လေးတွေ ခြား/ခွဲပြီးရေးသားတာက ဖတ်

နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃) ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၁) ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲ

Unlock to read this premium article with 10 points.