ခိုင်ခန့်

ဟိုးအရင်တုန်းက အကျဉ်းထောင်တစ်ခုမှာ အပြစ်သားတစ်ယောက်ဟာ နှစ်ပေါင်းများစွာ အကျဉ်းကျနေတယ်။တစ်ရက်မှာ အကျဉ်းသားဟာ နှစ်ပေါင်းများစွာ အကျဉ်းကျခံရင်းကနေ စိတ်ကူးတစ်ခုရလာခဲ့တယ်။သူအကျဉ်းကျနေတဲ့ အခန်းရဲ့ခေါင်မိုးက ဆွေးမြေ့နေပြီ။နှစ်ပေါင်းကြာလာတာနှင့်အမျှ အကျဉ်းထောင်က မိုးဒဏ်လေဒဏ် သဘာဝဘေးဒဏ်တွေကြောင့် ဆွေးစပြုနေပြီကို သူရုတ်တရက် သတိထားမိသွားတယ်။သူ့အခန်းရဲ့ ခေါင်မိုးကဆွေးနေပြီ။ပေါက်တဲ့နေရာက ပေါက်နေပြီ။သူတွေးမိသွားတာက အဲ့အပေါက်ကို ချဲ့ထွင်းလိုက်ရင် သူအပြင်ကို ထွက်နိုင်ပြီ ဆိုပြီးတော့ တွေးမိလိုက်တယ်။သူတွေးမိလိုက်တာနဲ့ ချက်ချင်း အဲ့အပေါက်ကို ထပြီး ချဲ့ထွင်းလိုက်တယ်။ပြီးတော့ သူချဲ့ထွင်းလိုက်တဲ့အပေါက်ကနေ လျှိုထွက်ပြီး အပြင်ကိုလွှတ်မြောက်သွားတယ်။
ကျွန်တော်ခု ပြောပြသွားတာက ပုံပြင်တစ်ပုဒ်သာဖြစ်တယ်။လောကကြီးမှာ ခုပုံပြင်ထဲက အကျဉ်းသားလိုမျိုး ကိုယ့်ရဲ့ထွက်ပေါက်ကို ရှာပြီးထွက်ကြဖို့ မေ့လျော့နေကြသူကများနေတယ်။အချို့လူတွေကတော့ ကိုယ့်ထွက်ပေါက်ကို မရှာကြပဲ သူများဆီက အကြံဉာဏ်ယူဖို့သာ စဉ်းစားနေတတ်ကြတယ်။သူများက ကိုယ့်ကို ဘာခိုင်းမလဲတွေးရင်း ကိုယ့်အကျဉ်းထောင်မှာ ပြန်ပိတ်မိနေတတ်ကြတယ်။
စာဖတ်သူလေးတို့ကလည်း ကိုယ့်ဘဝရဲ့ အကျဉ်းထောင်ထဲမှာ မပိတ်မိနေအောင်လို့ ကိုယ့်ထွက်ပေါက်ကိုရှာကြပါ ကြိုးစားကြပါလို့ပြောချင်ပါတယ်❤️။
13.6.2025
# ခိုင်ခန့်(အတွေးစာစောင်)
Keep Reading