Author's Profile Photo

Luminous Pai

9/09/2024

ကြိုးဆွဲချ သတ်သေခဲ့တဲ့ လူတယောက်

1 min read
General Knowledge
History
18 Again
ကြိုးဆွဲချ သတ်သေခဲ့တဲ့ လူတယောက်'s photo

ချက်စတာ ဘန်နင်တန်ဟာ လည်ပင်းကြိုးတန်းလန်းနဲ့ July 20ရက်‌နေ့မှာ တေဆုံးနေခဲ့တယ်။

ဘန်နင်တန် ကွယ်လွန်တော့ အသက် 41 နှစ်ပဲရှိသေးတယ်။

လူငယ်တွေ ‌သောက်ရမ်းကြိုက်ခဲ့တဲ့ ဘဲက အခုလို နိဂုံးချုပ်သွားတာ ဘာကြောင့်များလဲဆိုတာ သိချင်ဝောာ့ အင်တာနက်မှာ ရှာဖွေကြည့်မိတယ်။

ဘန်နင်တန်က သူ့ရဲ့ ခက်ခဲတဲ့ဘဝအကြောင်းကို အမြဲဖွင့်ဟလေ့ရှိတဲ့ သူတယောက်ပါ။

သူ့အသက် 11နှစ်မှာ မိဘတွေ ကွာရှင်းပြတ်စဲတယ်။

မိဘတွေ ကွာရှင်းပြီးတဲ့နောက်မှာ ချက်စတာတယောက် ကိုကင်း(cocaine) နဲ့ စိတ်ကြွဆေး(methamphetamine)တွေကို ခပ်စိပ်စိပ် ပိုပြီးသုံးစွဲလာတယ်။

Sexual abuse (လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု)လဲ ခံစားခဲ့ရတယ်။

2011မှာ Guardian ကို ဘန်နင်တန် ပြောခဲ့တာက

“ ကျနော်ငယ်ငယ်တုန်းက အရိုက်ခံရတာတွေ၊ ခဏခဏ rape ခံရတာတွေက ပျော်စရာမကောင်းခဲ့ဘူး။”

“ဘယ်သူကမှ အခုလိုတွေ ဖြစ်ဖို့ လိုချင်မှာမဟုတ်ပါဘူး၊
အရိုးသား‌ဆုံးပြောရရင် ဘယ်ချိန်ကတည်းက အဲ့လိုတွေ စဖြစ်ခဲ့မှန်း ကျနော် မမှတ်မိတော့ဘူး။”

တကယ်တော့ ချက်စတာ ဘန်နင်တန်ရဲ့ ဘဝဟာ စိတ်ဓာတ်ကျစရာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာ‌တွေ၊ ကလေးဘဝ စိတ်ဒဏ်ရာတွေနဲ့ အချိန်အကြာကြီး ဖြတ်သန်းနေခဲ့ရတာပါ။

ရက်ဒစ်(reddit)မှာ ဖတ်မိတာကတခုက ငယ်ငယ်က ချက်စတာကို အမြဲ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တဲ့ လူတယောက်ရှိခဲ့တယ်။

အသက် ၇နှစ်မှာ သူ့ထက်အသက်ကြီးတဲ့ ယောက်ျားလေး သူငယ်ချင်းတ‌ယောက်က ချက်စတာကို လိင်ပိုင်းဆိုင်ရာ ညဉ်းပန်းနှိပ်စက်ခဲ့တာ ဖြစ်တယ်။

ထိုအချိန်တုန်းက ချက်စတာဟာ သူ့ကို လူတွေက Gay လို့ သတ်မှတ်ပြီး လူလိမ်တယောက်လို့ စွပ်စွဲမှာကို ကြောက်တာကြောင့် အသက် ၁၃နှစ်အထိ ဘယ်သူ့ကိုမှ အကူအညီမတောင်းဆိုခဲ့ဘဲ နှိပ်စက်ခံနေခဲ့ရတာပါ။

သူ့အသက် ၁၃နှစ်ထိ ဖွင့်ဟမပြောပြဘဲ နေခဲ့တာပါ။

ဝီခီပီးဒီးယားရဲ့ ဖော်ပြချက်အရ ချက်စတာကို ညှဉ်းပန်းနှိပ်စက်တဲ့သူဟာ သူ့ကိုယ်သူလဲ အမြဲ ညှဉ်းပန်းနှိပ်စက်နေတဲ့သူဖြစ်ပါတယ်တဲ့။

မည်သို့ပင်ဆိုစေကာမူ ဒါဟာ ချက်စတာအတွက် မျှတမှု လုံးဝမရှိခဲ့တာ အမှန်ပါ။

ဒီလိုအချက်တွေကြောင့်ပဲ ချက်စတာဟာ ကိုယ့်ကို ကြိုးဆွဲချ ‌တတ်တေ သွားခဲ့တာ ဖြစ်နိုင်ခြေများပါတယ်။

ဘာပဲဖြစ်ဖြစ် လင်းကင်းပါ့ခ်ဘန်ရဲ့ ကလေးဘဝ ထရော်မာ ‌တပွေ့တပိုက်နဲ့ ရော်ကာ ဘဲကြီး ချက်စတာဘန်နင်တန်ဆိုတဲ့ လူက ကျနော်တို့ ရင်ထဲ အမြဲရှိနေမှာပါ။

သူ့ရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Album ကတော့ “One More Light” ဖြစ်ပါတယ်။

?အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

? Facebook Page ကိုလဲ Follow ထားလို့ရပါတယ်ဗျ။ ?

LP Offical Page - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL

Personal Fb Acc - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai
#contentwriting
#linkinpark
#ChesterBennington

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels