Author's Profile Photo

မြ (စံကားဝါမြေ)

7/09/2024

မိန်းကလေးတွေမှာရှိတဲ့ အသံ(၃)မျိုး

1 min read
General Knowledge
Art
18 Again
မိန်းကလေးတွေမှာရှိတဲ့ အသံ(၃)မျိုး's photo

မြရဲ့ ဒီဆောင်းပါးလေးက မိန်းကလေးတွေရဲ့ အသံအမျိုးအစားလေးတွေကို ပြောပြထားပေမယ့် ယောက်ျားလေးတွေကလည်း ကိုယ့်ချစ်သူက ဘယ်လိုအသံမျိုးလဲ၊ ကိုယ့်ရဲ့ Crushလေးရဲ့ အသံက ဘယ်အမျိုးအစားထဲပါမလဲဆိုတာ ဖတ်ကြည့်လို့ရပါတယ်ရှင်။

ကဲ အဲ့တာဆိုရင် အသံအမျိုးအစားလေးတွေကို ဘယ်လိုခွဲလဲဆိုတာ မြရဲ့ ဆောင်းပါးလေးကို ဆက်လက် ဖတ်ရှု ကြည့်လိုက်ကြရအောင်နော်။

အသံအမျိုးအစားလေးတွေကို

  • 1. Soprano (အမြင့်ဆုံး အော်နိုင်တဲ့အသံ) (C4-C6)


  • 2. Mezzo-soprano (အလယ်အလတ် အသံ) (G3-G5)


  • 3. Alto (Contralto) (ယောင်္ကျားလေးသံ) (E3-E5 (or) F3-F5) - ယောက်ျားသံ


✓ Soprano (အမြင့်ဆုံး အော်နိုင်တဲ့အသံ) ပိုင်ရှင်လေးတွေကတော့ အဆိုတော်ဖြစ်မယ့် တေးသံရှင်လေးတွေဖြစ်ပါတယ်ရှင်။ ဒီအသံပိုင်ရှင်လေးတွေက ဘယ်လောက်ထိပဲ အေယ်နေပါစေ အမြင်ဆုံး အော်နိုင်ပါတယ်။ အသံဝင်ခြင်း၊ အသံကွဲအက်ခြင်း၊ အသံတုန်ခြင်းတွေ ကင်းမဲ့တဲ့ အသံပိုင်ရှင်လေးတွေပေါ့ရှင်။ ဒီအသံပိုင်ရှင်လေးတွေက ကမ္ဘာပေါ်မှာ ရှာမှရှားလေးတွေဖြစ်လို့ စာဖတ်သူလေးက မြပြောတဲ့အသံပိုင်ရှင်လေးဆိုရင် မိမိအသံကို တန်ဖိုးထားကြပါနော်။

✓ Mezzo-soprano (အလယ်အလတ် အသံ) ပိုင်ရှင်လေးတွေက အသံချိုတဲ့ဘက်ကို သွားကြပါတယ်။ အသံလေးတွေက နား‌သောတဆင်သူလေးတွေအတွက် နားဝင်ချို စိတ်ကို အေးမြစေပြီး အသံလေးက ရင်ထဲမှာ စွဲညိသွားစေပါတယ်ရှင်။ ယောက်ျားလေးအများစု ‌သဘောကျကြတဲ့ အသံပိုင်ရှင်လေးတွေပေါ့။

✓ Alto (Contralto) (ယောင်္ကျားလေးသံ) ဒီအသံပိုင်ရှင်လေးတွေထဲမှာ မြက ထိပ်ဆုံးကပေါ့ရှင်။ မြအသံက ချိုတဲ့အသံအမျိုးအစား မဟုတ်ပါဘူး။ ပြီးတော့ ပုံမှန်ထက်လည်း အော်မပြောနိုင်ပါဘူး။ ပုံမှန်အသံကတော့ အသံက အနည်းငယ် မာကျောတဲ့အတွက် ယောက်ျားလေးသံဘက်ကို သွားပါတယ်ရှင်။

ကဲ ဒါဆိုရင် မြပြောခဲ့တဲ့ အသံအမျိုးအစားလေးတွေကို ဖတ်ရှုလေ့လာပြီးတော့ စာဖတ်သူလေးက မိန်းကလေးဆိုရင် မိမိအသံက ဘယ်အမျိုးအစားထဲမှာ ပါနေလဲ? ယောက်ျားလေးတွေဆိုရင် ကိုယ့်ရဲ့ ချစ်သူ (သို့) Crushလေးရဲ့ အသံက ဘယ်အမျိုးအစားထဲမှာ ပါနေလဲ? ဆိုတာကို သိသွားလောက်ပြီလို့ ထင်ပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
7.9.2024(Saturday)

( မြရဲ့ ယခုဆောင်းပါးလေးအတွက် ပုံ Edit ပေးပါသော ညီမလေးတစ်ဦးအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ )

Keep Reading

Victor Hugo ဘဝအမောပြေအတ္တလက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်ပြင်သစ်ဘုရင်စနစ်ကင်းမဲ့သွားပုံစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား(အပိုင်း-၆)အ‌တွေးအစအနများဟဲမင်းဝေး နေ့စဉ်ဘဝErnest Hemingway ဘဝဟာသများသင့်လုပ်ငန်းက တကယ်မြတ်နေရဲ့လား - အပိုင်း(၄)