Author's Profile Photo

ဆွေ (မန္တလေး)

6/09/2024

Book Review #2

1 min read
Book Review
Book Review #2's photo

စာအုပ်နာမည် - မီ
စာရေးသူ - ကြည်အေး

ဖတ်သည့်ရက်စွဲ | ၄၊ ဩဂုတ်၊ ၂၀၂၄ - ၆၊ စက်တင်ဘာလ၊ ၂၀၂၄။

ဘယ်သူတွေဖတ်ဖို့အကြံပေးရမလဲဆိုရင်
မိန်းကလေးအရမ်းမဆန်တဲ့ မိန်းကလေး character တွေကို ဖတ်ရတာကြိုက်နှစ်သက်ပါတယ် ဆိုတဲ့သူတွေအတွက် ဖတ်လို့ကောင်းမဲ့ စာအုပ်တစ်အုပ်ပါ။

ကိုလိုနီခေတ်က သူ့ကိုယ်သူ‌ရော လောကကြီးကိုရော အရွဲ့တိုက်ကာ နေနေတဲ့ မိန်းကလေးတစ်ဦးအကြောင်းကို ဖတ်ရလိမ့်မည်။
နူးညံ့မှု နှင့် မာကြောမှု၊ ရဲတင်းမှု နှင့် ကြောက်ရွံ့မှု ဒီလိုဆန့်ကျင်ဘက်အရာတွေမှ ဒွန်တွဲကာနေသည့် မိန်းကလေးမျိုး။

ဒီစာအုပ်မှာပါတဲ့ အကြိုက်ဆုံး စာနာရပါတယ်ဆိုသည့် ဇာတ်ကောင်ရယ်တော့ မရှိ။

ဒီတစ်ကြိမ်နှင့်ဆိုလျှင် 'မီ' ကိုဖတ်မိသည်က ၄ ကြိမ်မြောက်ရှိပြီ။ ပြန်ပြန်ဖတ်မိတိုင်း နောက်ဆုံး ဦးသော်ဆွေပြောသည့် မီ့အတွက် ဆုတောင်းစကားကို မရှင်းသလိုဖြစ်ရ၏။ တစ်ချိန်လုံး သူ့ကိုယ်သူ ကိုဆွေ ကိုဆွေဟု သုံးနှုန်းခဲ့သည့် ဇာတ်ကောင်သည် နောက်ဆုံးမီ့အတွက် 'မီ ထပ်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့' ဟု ပြောသွားသည်လေ။ ပြန်ဖတ်တိုင်း ပဟေဠိဖြစ်ရသည့်နေရာ။

အကြိုက်ဆုံး စာကြောင်းကို ပြောပါဆိုလျှင် အသိလည်းရသည့် စာကြောင်းဖြစ်သည်။

"နောက်ဆုံးမှာ သည်လူ့လောကကြီးတွင် ဖြစ်ခဲ့တာတစ်ခုခုကို ဘယ်လောက်မေ့ပစ်နိုင်တယ်ဆိုဆို ပျောက်တော့ ပျောက်မသွားနိုင်ဟူသော ပညာတစ်ရပ် ရလာပေသည်။"


ကာယကံရှင်တွေတောင် မေ့‌မေ့ပျောက်ပျောက်နေနိုင်သည့် အဖြစ်ပျက်များကို ပတ်ဝန်းကျင်များက မမေ့ပျောက်နိုင်ရှိသည်။ ဒီအဖြစ်ပျက်တွေသည် အပြင်လောကတွင်လည်း ထပ်တူကျသော အချက်များဖြစ်သည်။

ရိတ်တင် (rating) ပေးရမယ်ဆိုရင် ၈/၁၀ ပါ။

၆၊ စက်တင်ဘာလ၊ ၂၀၂၄။
ညနေ ၉:၂၀။
ဆွေ (မန္တလေး)
#bookreview

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်