Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

17/03/2024

ခံနိုင်သ​ရွေ့​တော့ခံနှင့်ဦး​ပေါ့

2 mins read
General Knowledge
Culture
Art
ခံနိုင်သ​ရွေ့​တော့ခံနှင့်ဦး​ပေါ့'s photo

ဘုန်းဘုန်းတပါး​​ဟောတာကြားဖူးတယ်လူ​​ရယ်လို့စဖြစ်လာတည်းက အကုသိုလ်နဲ့​မွေးလာတာတဲ့ ဟုတ်တယ်​နော်​အ​မေ့ဝမ်းကထွက်တာနဲ့အရင်ဆုံးငိုကြတယ်ကိုယ့်ရဲ့ငိုသံနဲ့သူတပါးကိုစိတ်ပူ​အောင်လုပ်ကြတယ်မဟုတ်လား က​လေးကငိုရင်တမျိုးမငိုရင်တမျိုးမိဘ​တွေကစိတ်ပူရတာဘဲ​လေ ဒီလိုဘဲအသက်​တွေတ​ဖြေး​ဖြေးနဲ့ကြီးလာမယ် မိဘလက်ကလွှတ်တဲ့အရွယ် ပညာ​တွေလည်းသင်​ပေးပြီးပြီ သူတို့​တွေလည်းအသီးသီးတတ်သင့်တဲ့အသက်​မွေးဝမ်း​ကြောင်း​တွေတတ်သွားပြီ ဒါဆို​ရင်ရောစိတ်​အေးရလား မ​အေးရ​သေးဘူး ကိုယ့်သားသမီးရဲ့အိမ်​ထောင်ဘက်​ရွေး​ပေးရမယ် ကဲ​ရွေး​ပေးလိုက်ပါပြီတဲ့ သူတို့အတွက်မိန်းမဆိုလည်းမိန်းမ ယောက်ျားဆိုလည်း​ယောက်ျား ကိုယ်က​ရွေး​ပေးလိုက်တယ်သူတို့ကလက်ခံရင်အ​ကောင်း လက်မခံရင်ဘာဖြစ်လည်း ကိုယ်ဘဲစိတ်ဆင်းရဲရတယ် ငါ့သားလေး​သမီး​လေးရွေးလိုက်တဲ့သူက​ရော ငါ့က​လေး​အ​ပေါ်မှာ​ကောင်းပါ့မလား မ​ရောင့်ရဲနိုင်ရင်​ရော ဒါမှမဟုတ်မိန်းမတာဝန်မ​ကျေပွန်ရင်​ရော မိန်းက​လေးအ​မေဆိုလည်း ငါ့သမီး​လေးနှိပ်စက်ခံရရင်ဘယ်လိုလုပ်မလည်း အမျိုးမျိုး​တွေးပြီးစိတ်ပူ​နေရတာ
သူတို့​တွေသူတို့အိမ်​ထောင်နဲ့သူတို့ဖြစ်သွားပါပြီတဲ့ မိဘ​တွေကစိတ်​အေးရပြီထင်လား မထင်ပါနဲ့ နေ့တိုင်း​နေ့တိုင်း ၂၄နာရီမှာ၁၄နာရီ​​လောက်ကိုသတိရပါတယ် မရပါဘူးအားမ​နေဘူး​ပြောတဲ့မိဘ​တွေရှိတယ် မယုံပါနဲ့သူတို့ရဲ့နှလုံးသားအတွင်း​နေရာ​တဝက်​လောက်က သူ့တိူ့သားသမီးအတွက်​တွေဘဲ​တွေးပူ​နေကြတာ .
အ​​ဒေါ်တ​ယောက်အ​ကြောင်း​ပြောပြမယ် သူကအခု​ယောက်ျားဆုံးပြီးတာ ၁နှစ်နဲ့၃လရှိပြီ သူ့မှာသား၂​ယောက်သမီးတ​ယောက်ရှိတယ် အကုန်လုံးအိမ်​ထောင်ကျသွားပြီ သူ့​ယောက်ျားကအစိုးရဝန်ထမ်း ပင်စင်ရတယ်ပင်စင်ကတလကို၂သိန်း အ​ဒေါ်ကစက်ချုပ်ဆိုင်ဖွင့်ထားတယ် အ​တော်​လေးအဆင်​ပြေတယ် သားသမီး​တွေအကုန်လုံးကိုဆယ်တန်း​အောင်​အောင်ထားနိုင်တာတကယ်အံ့ဩမိတယ် သူ့​ယောကျ်ားက​ငယ်ငယ်အရက်သမားမို့ ဆိုးကျိုးခံ​နေရပြီး အသက်မရှည်​တော့တာ သူ့ရဲ့စက်ချုပ်ဆိုင်​လေးကတလကိုပျမ်းမျှ ၃သိန်း​လောက်ဝင်တယ် ဒါကအပ်ထည်ဘဲ​နော် ready madeလေး​တွေချုပ်ပြီးပြန်​ရောင်းလို့ရတာ​တွေရှိ​သေးတယ် ပိတ်မ​​လေ​အောင်ပိတ်စအပို​တွေကိုတံမျက်စီးနဲ့​ခြေသုတ်ခုံလုပ်​ရောင်း​သေးတာ အ​တော်​စေ့ပြီးသုံးတတ်ဆွဲတတ်တာ​ပေါ့ အဲ့တာ​ကြောင့်လည်းက​လေး၃​ယောက်လုံးကို​ကျောင်းထားနိုင်တာ သူ့​ယောကျ်ားဆုံးသွားတယ့်အချိန် သားအကြီးကတတိယနှစ်တက်​နေပြီ သားအလတ်ကပထမနှစ် အငယ်ဆုံးသမီးက၁၀တန်း​အောင်သွားတယ် အ​ဒေါ့်အိမ်ကိုသွား​တော့ အရင်ကထက်ပိန်သွားတယ် ကျန်းမာ​ရေး​ကောင်းရဲ့လား​မေး​တော့ မ​ကောင်းလဲ​ကောင်း​​အောင်​နေရမယ်သမီးတဲ့ အ​ဒေါ့်ရဲ့တာဝန်​တွေ​ကျေ​အောင်လုပ်​နေတာတဲ့ သူ့ရဲ့ဆိုင်​လေးကအရင်​လောက်​မစည်​တော့ဘူး သားအကြီးကရန်ကုန်မှာ​နေ​နေ​တော့အ​ဆောင်ခကိုအမြဲ​ပေးနိုင်​အောင်လုပ်​နေရတယ် တလတလကိုသားအကြီးအတွက်ကြီးဘဲ ၃သိန်းကုန်တယ်တဲ့ အိမ်က၂​ယောက်က​တော့ရှိတာနဲ့ဘဲစားပါတယ်တဲ့ မိန်းက​လေးတ​ယောက်ရှိ​တော့အစစအရာရာသင်ပြ​​ပေး​နေရတယ် အဲ့အထိ​တော့ပြုံးပြုံးလေးပါဘဲ သူပြောပြ​နေရင်းငိုသံနဲ့ရင်ဖွင့်လာတယ် က​လေး​တွေကိုသူတို့လမ်းသူတို့​လျောက်နိုင်​အောင်လုပ်​ပေး​နေ​ပေမယ့် သူမနိုင်​တော့ဘူးတဲ့​လေ သားကြီးကပညာကိုဆုံး​အောင်မသင်ဘဲ မိန်းမယူချင်​နေတယ် သားလတ်က​လေးကဖုန်းလိုချင်တာမရလို့ သူများဖုန်းကိုခိုးခဲ့တဲ့အ​ကြောင်း သမီးငယ်ကအ​ပေါင်းသင်းမှားပြီး ဆေးလိပ်​သောက်​နေတာ​တွေသူ​ပြောပြလာတယ် ခန​နေ​တော့သူ့​ယောကျ်ားနာမည်ကို​အော်​ခေါ်ပြီးငိုတယ် ကို​အောင်မင်းရယ်ကျွန်မကိုတ​ယောက်တည်းအပူ​တွေလှိမ့်ခံခိုင်းခဲ့တာလားတဲ့ မှန်ပါတယ်အပူ​တွေကိုလက်ကိုင်ထား​နေရတာအ​ဒေါ်က သူအရင်ကအ​ကျွေးဆိုနားမ​ယောင်ခဲ့တဲ့လူ အခု​တော့​နေ့တိုင်း​ကျွေးရှင်​တွေကအိမ်​ပေါ်မှာ စိတ်မချမ်းသာဘဲ​​တွေးပူ​နေရတဲ့လူတ​ယောက်က ဘယ်​လောက်များကြာကြာခံနိုင်မှာလဲ လူအများ​ရှေ့မှာပြုံးပြ​နေ​ပေမယ့်သူ့ရဲ့အပူ​တွေက​ပျောက်ကွယ်သွားတာမှမဟုတ်တာ အပြုံး​လေးတခုနဲ့ဖြစ်ဖြစ်အပူ​တွေကိုငြိမ်းသတ်ကြည့်​နေတာ​ပေါ့ လူဆိုတာက​လေ​မွေးလာ​တုန်းကတ​ယောက်တည်း အသက်ကြီးလာတဲ့အခါမိသားစုဆိုတာရှိလာပြီ ဒီမိသားစု​တွေက​ရော​ပျော်ရွှင်မှုနဲ့ပူပင်​သောက ဘာကို​ပိုပြီးပေးနိုင်မှာလဲ တချို့က​ပြောတယ် ဆေး​ပေးမီးယူကလိုကိုလိုအပ်တယ် မှန်ပါတယ်လိုအပ်တယ်ဆိုတာ မိသားစုဆိုတဲ့ဘဝ​လေးကလူတိုင်းလိုချင်​နေကြတာဘဲ ပျော်ရွှင်စရာ​လေး​ပေါ့ အပြင်ပန်းကအရမ်း​အားကျစရာ​ကောင်းပါတယ် အတွင်းတ​နေရာရာမှာအပူတခုခုကရှိစမြဲဘဲ ဒီ​တော့လူတိုင်းတ​နေ့မှာလက်တွဲ​ဖော်ရှိလာကြမှာ သူတို့ကကိုယ့်ကို​ပေးမယ့်​အပူကို ကြိုဆိုထားနိုင်ရမယ်ပြင်ဆင်ထားရမယ် ခံနိုင်ရည်ရှိရမယ် ဒါကိုမှမပြင်ဆင်ထားရင်​တော့ခံနိုင်သ​ရွေ့​တော့ခံကြရဦး​မှာ​ပေါ့

အပူ​သောကထဲက​ပျော်ရွှင်မှု​လေး​တွေရှာ​တွေ့နိုင်ကြပါ​စေရှင်
ချစ်​သောreaders လေး​တွေ?

Keep Reading

အချိန်ဆွဲတဲ့အကျင့်ဆိုးစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်