Author's Profile Photo

Honey cho

6/09/2024

book reviews from honey cho

1 min read
Book Review
Education
General Knowledge
book reviews from honey cho's photo

ဒီနေ့မှာတော့ ဟန်နီကနေပြီးတော့ စာဖတ်ရတာကို ဝါသနာကြီးပြီးတော့ ကိုယ့်ဘဝအတွက် လျှောက်မည့်အောင်မြင်မှုလမ်းမဆီ ခေါ်ဆောင်သွားနိုင်မည့် ဖတ်သင့်တဲ့သုတ၊ရသစာအုပ်လေးတွေကို ညွှန်းပေးချင်ပါတယ်ရှင့်။

ဘဝမှာ အောင်မြင်မှုဆိုတဲ့အရာဟာ အိပ်နေရင်း၊မိုးပေါ်ကနေ ချက်ချင်းဆိုသလိုပြုတ်ကျမလာတတ်ပါဘူး။အောင်မြင်မှုဟာ ကိုယ့်ကိုလာရှာဖို့ဘာမှကိုယ်ကမကြိုးစားဘဲအိပ်မက်မက်နေသေးတယ် ဆိုရင်တော့ ခုဘဲနိုးထလိုက်ပါ။နိုးထလိုက်ပြီးတာနဲ့ ကိုယ့်ရဲ့ ဘဝမှာအောင်မြင်ဖို့ ဆိုရင် ဘယ်ဟာကိုအရင်စလုပ်ရမယ်ဆိုတာတွေးကြည့်လိုက်ပါ။

ဒါဆိုရင်တော့ ပထမဆုံးလုပ်ရမှာက မိမိကိုယ်ကို comfort zone ထဲကနေချက်ချင်းရုန်းထွက်ပြီးစတင်ရမှာကတော့ အရင်ဆုံးကိုယ့်ကိုလမ်းပြပေးနိုင်မဲ့အရာတစ်ခုဟာ မလွဲမသေလိုအပ်ပါတယ်။ဒါကတော့သက်ရှိလည်းဖြစ်သလို၊သက်မဲ့လည်းဖြစ်နေနိုင်ပါတယ်။

အရေးကြီးဆုံးကတော့ သက်ရှိဖြစ်စေ၊သက်မဲ့ဖြစ်နေပါစေ မိမိရဲ့ကောင်းကျိုးကိုဘယ်လောက်ထိဖြစ်ထွန်းစေလဲဆိုတဲ့အပေါ်မူတည်ပြီးတန်ဖိုးရှိပုံချင်းကွဲပြားသွားနိုင်ပါတယ်။ဒါကြောင့် ဘယ်အရာမဆိုပထမဆုံးခြေလှမ်းတွေ၊အလေ့အကျင့်တွေဟာလည်းထင်တာထက်အလွန်အရေးကြီးပါတယ်။

အောင်မြင်မှုကိုရှာဖွေရာမှာ အသည်းအသန်ကြိုးစားအားထုတ်မှု၊လုံ့လဝီရိယနဲ့ မလျှော့သောဇွဲတို့ကသာကိုယ့်ရဲ့ထိပ်တန်းလက်နက်တွေပါ။ဒါ့ပြင်ထိုလက်နက်တွေကဲ့သို့ ထူးခြားပြီးကိုယ့်ကိုအသိဉာဏ်ပညာဖွင့်ပေးမဲ့ လက်နက်ကတော့စာပေလက်နက်ပါဘဲ။

ဒါ့ကြောင့်ဒီနေ့မှာတော့ (ထိပ်ဆုံးသို့အရောက်သွားမည်)"ဆိုတဲ့စာရေးဆရာအောင်စည်သာ ရဲ့ဘဝ‌ေအာင်မြင်‌ေရးလျှို့ဝှက်ချက်များစာအုပ်လေးဟာလည်း‌ေအာင်မြင်မှုကိုစီးပွား‌ေရးလုပ်ငန်းတစ်ခုခုနဲ့ရှာ‌ေဖွဖို့ရာမှာကိုလိုအပ်တဲ့အချက်တွေကိုလူငယ်တိုင်းအတွက်ပထမဆုံးခြေလှမ်းချဖို့မချီတင်ခဲဖြစ်နေကြတဲ့လူငယ်တွေအတွက်လည်းအထောက်အကူဖြစ်စေပြီး၊လမ်းမှန်ရောက်အောင်ပြပေးမဲ့အပြင်မိမိကိုယ်ကိုယုံကြည်မှုရှိလာပြီးbusiness men, women တွေအဖြစ်‌ေရာက်ရှိချင်နေသူတွေအတွက်လည်းထပ်မံအားသစ်‌ေလာင်း‌ေပးရုံသာမထိုနည်းလမ်းတွေကြိုးစားချင်သူတွေအတွက်လည်းအထောက်ကူဖြစ်စေမှာပါ။

ဒီစာအုပ်လေးဟာတော့ ဘဝမှာလမ်း‌ေလျှာက်ရင်းလမ်းပျောက်နေသူလူငယ်များအတွက်ကောင်းကျိုးများစွာပေးနိုင်မဲ့ စာပေကောင်းတစ်အုပ်ဆိုလည်းမမှားပါဘူး။



ဘဝမှာ စာဖတ်သူအပေါင်း
အောင်မြင်မှုသရဖူ
ဆောင်းနိုင်ကြပါစေ




မျှော်လင့်ခြင်းများစွာဖြင့်
မဟန်နီချို

Keep Reading

သည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ