ယဥ်သီရိလှိုင်(ဆောင်း)
ငွေတဲ့ စကားလုံးက၁လုံးတည်းနော် ဒါမယ့်ကိစ္စတွေအများကြီးကိုလုပ်နိုင်တယ် ဥပမာ-ဝမ်းနည်းမှု၊ပျော်ရွှင်မှုစသဖြင့်ပေါ့အဲ့လိုမျိုးစိတ်ခံစားချက်တွေဖြစ်အောင်လုပ်လို့ရသလိုချမ်းသာမှု၊ဆင်းရဲမှုဒီလိုမျိုးအဆင့်အတန်းတွေကွဲအောင်လည်းသူကလုပ်သေးတယ် ကဲဒီတော့အခုယနေ့ခေတ်ကိုဘဲကြည့်ကြတာပေါ့ တနေ့တာမှာကွာ တနေ့တာမှာငွေမရှိဘဲလုပ်နိုင်တဲ့ကိစ္စရှိသလား မရှိဘူးနော်မနက်မိုးလင်းကစလို့ပေါ့ မနက်စာကစားရဦးမယ် စားဖို့ငွေရော အလုပ်သွားမယ်ကားခရော အလုပ်လုပ်တယ်ဆိုတာကလည်းငွေရှာတာဘဲ အဲ့ဒီငွေရှာဖို့အတွက်တောင်ငွေကိုအရင်သုံးရပါတယ် ပြောချင်တာက နေ့တလူမှာငွေမပါဘဲပြီးတဲ့နေ့ဆိုတာမရှိသလောက်ကိုရှားပါတယ် နောက်တခု အခုခါးပိုက်နှိုက်တွေပေါလာတယ်နော်ဘာကြောင့်လည်းငွေဘဲပေါ့သူတို့ကပျော်လို့ "ပျော်လိုက်တာဒီအလုပ်ကသူများဆီကယူရတာပျော်စရာကြီး" အဲ့လိုမျိုးတွေးတာဖြစ်နိုင်မလား သူတို့လဲငွေဆိုတဲ့အရာကြောင့်ဘဲဒီလိုဒုစရိုက်တွေလုပ်နေရတာ ဟိုတနေ့ကမြို့ထဲကို ၇ ကားစီးတယ်အဝင်ပေါင်ကနေလူတယောက်ကဆင်းသွားတယ်လူတွေတအားများပြီးတိုးကျိတ်နေတာ ထွက်တဲ့အပေါက်ကမဆင်းဘဲအဝင်ပေါက်ကနေဆင်းသွားတယ် ရည်ရွယ်ချက်ကတော့ဖုန်းပါ အကိုတယောက်စီကဖုန်းယူသွားတာ အဲ့အကိုကဖုန်းကိုလက်ကကိုင်ထားတယ်ပြောရရင်ဖြစ်သလိုနေတယ်ပေါ့ ကျွန်တော်တော့ယူတဲ့လူကိုအပြစ်မတင်ဘူးဘာလို့လည်းသိလား သူကတော့ယူမှာဘဲဒါကသူ့အလုပ်လေသတိထားရမှာက ကိုယ့်အလုပ်ဒါကိုမှသူများကိုအပြစ်တင်ချင်ရင်တော့မပြောတတ်ဘူးပေါ့ အဲ့လိုမျိုးဘဲခါးပိုက်နှိုက်ခံရတယ့်လူတွေအများကြီးပါ အဲ့ထဲမှာကျွန်တော်အပါအဝင်ပေါ့ ကျွန်တော်အိမ်ရောက်တော့ပိုက်ဆံအိတ်မရှိတော့ဘူး အဖေကဘာပြောတယ်ထင်လဲ"ကိုယ်ပေါ့ဆတာဘဲ ခံလိုက်" တဲ့ စစချင်းကတော့ဆူလိုက်တာမို့မျက်ရည်ကျမိတယ် တကယ်တွေးကြည့်ပါ ကိုယ့်အမှားဘဲဒါက ကျွန်တော့အဲ့ကစလို့သတိထားလာတယ် ကားပေါ်မှမဟုတ်ဘူးဘယ်သွားသွား သတိနဲ့ပေါ့ လူဆိုတာကမယုံရဘူးလေဘယ်သူ့ကိုမှ အဲဆက်ပြောရမယ်ဆိုရင် အခုခေတ်ကငွေခေတ်ဗျ ငွေရှိမှငွေဆိုတာကလည်း အောက်ထစ်အိမ်ပိုင်ကားပိုင်လောက်မှဒါကိုကိုငွေရှိတယ်သတ်မှတ်ကြတာ ကောင်လေးတွေကွာဥပမာ မင်းတို့တွဲဖူးတဲ့မိန်းကလေးတွေ ငွေမျက်နှာမကြည့်တဲ့သူရှိလား "ဟင့်အင်း သဲကတော့ကိုကိုရှိရင်ပြည့်စုံတယ်" ဒီလိုပြောပြီဆို မင်းတို့ကြွေတော့ကြွေသွားမယ်မဟုတ်လား ကိုကိုရှိရင်ဆိုတဲ့စကားကအရမ်းလေးနက်တယ်နော်သေချာတွေးကြည့် ထားပါ ဒါတွေကတော့ဇာတ်လမ်းဆန်သွားမယ်ပြောနေရင် ကဲဒါဆိုကောင်မလေးတွေကရော ငွေရှိတဲ့သူနဲ့ငွေမရှိတဲ့သူရွေးပါဆိုဘယ်သူ့ရွေးမလဲ ကျွန်တော်ကိုယ်တိုင်ရောငွေရှိတဲ့သူဘဲရွေးမှာဘဲ ဘာလို့လည်းငွေမက်တယ်နော်လို့မေးလိမ့်မယ် ရပါတယ်ဟုတ်တာဘဲလေ ငွေမက်တာဆိုတာအမှန်ဘဲ ငွေမက်မှကျွန်တော့ဘဝပြည့်စုံမှာ လူ့ဘောင်ထဲဝင်နိုင်မှာ ခုနကပြောသလိုဘဲ ဒီခေတ်ကငွေခေတ်မို့လို့ အဲလိုဘဲအရာရာတိုင်းမှာ ငွေငွေငွေဆိုတာကြီးကစိုးမိုးနေတယ် လူဆိုတဲ့အမျိုးကလောဘရှိကြတယ် ကျွန်တော်ရောရှိတာဘဲ ဘာကြောင့်လည်း လိုချင်တပ်မက်မှုကိုမထိန်းနိုင်တာကြောင့် ဒီလိုချင်တပ်မက်မှုဆိုတာက လူတိုင်းမှာရှိတယ် ထိန်းချုပ်ထားနိုင်လည်းခနပါဘဲ ဒါတွေကြောင့်အမှားတွေအများကြီးလုပ်မိနိုင်တယ် လောင်းကစားပြောမယ်အခုခေတ်စားနေတယ်အွန်လိုင်းဂိမ်းတွေ ဒါတွေကရောလောင်းကစားအမျိုးအစားတခုဘဲ ပထမတော့နိုင်မယ် ဟာကွာဒီလောက်တောင်ရနေတာငါ့မှာရှိသမျှထည့်လိုက်မယ် ရှုံးသွားပါပြီ ဘာကြောင့်လည်းလောဘကြောင်ပါဘဲငွေကကျွန်တော့တို့ကိုစိုးမိုးနေတာကြောင့်ပေါ့ ကဲဒါဆိုငွေကကိုယ့်ကိုမစိုးမိုးမချုပ်ကိုင်နိုင်အောင်ဘာလုပ်မလဲ
သူ့ကိုအရင်ဆုံး လွှတ်ပေးထားလိုက် သူကိုယ့်ဆီမလာချင်ဘူးမလား မလာနဲ့ရတယ် ဒါမယ့်အချိန်တန်ရင်သူ့ဘာသူရောက်လာလိမ့်မယ် အချိန်ဟုတ်လားဘယ်အချိန်လဲမေးဖို့ရှိမယ် ဘယ်အချိန်လဲဆိုတာ ကိုယ့်ရဲ့ကြိုးစားမှုအပေါ်မူတည်တယ် ကြိုးစားတဲ့အခါမှာလည်းရိုးသားမှုဆိုတာပါရမယ် နောက်တခုကဝီရိယရှိရမယ် ဒီ၃ခုကိုအခြေခံထားပြီးငွေကိုကိုယ်ကပြန်စိုးမိုးရမယ် မဟုတ်ရင်ငွေကကျွန်တော့တို့တွေကိုလောဘသားကောင်းဖြစ်အောင်အသာလေးလုပ်လိုက်လို့ရတယ် ရိုးသားခြင်းကတော့အကောင်းဆုံးပါဘဲ ဒီတခုထဲရှိရင်တောင် တိုးတက်ဖို့ကအမြန်ဆုံးနည်းပါ ကြီးပွားဖို့တော့ဒါနဲ့တင်မရဘူးပေါ့နော် ကြိုးစားပြီးဝီရိယအားတွေထည့်ကြည့်လိုက်ပါ အချိန်ကြာကြာကြိုးစားပြီးရိုးသားမှုနဲ့ရှာခဲ့တဲ့ငွေဟာ အသန့်စင်ဆုံးပါ ဖြတ်လမ်းနည်းကတော့ရိုင်းရိုင်းပြောရရင် မြန်မြန်မွဲပြီး ကိုယ့်ကိုငွေကစိုးမိုးနိုင်သွားမှာပါ
ချစ်သောreaders လေးတွေလည်း ငွေကိုပြန်ပြီးစိုးမိုးနိုင်ကြပါစေရှင်?
Keep Reading