Author's Profile Photo

Swal Nyoe

5/09/2024

အသက်အန္တရာယ်ထိခိုက်စေနိုင်သော အင်္ဂလိပ်ဆေးများ?

2 mins read
Health
General Knowledge
အသက်အန္တရာယ်ထိခိုက်စေနိုင်သော အင်္ဂလိပ်ဆေးများ?'s photo

အင်္ဂလိပ်ဆေးမသောက်ဖူးတဲ့သူတော့ မရှိလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့တွေ အကုန်လုံးအင်္ဂလိပ်ဆေး သောက်ဖူးကြပါတယ်။ ဘာလို့လဲဆိုတော့ ခံစားရတဲ့ဝေဒနာတွေပျောက်ကင်းအောင်လို့  အင်္ဂလိပ်ဆေးတွေသောက်ကြပါတယ်။ ဆေးသောက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ခံစားရတဲ့  ဝေဒနာတွေ ပျောက်အောင်သောက်ကြတာပါ ဒါပေမယ့်လည်း အဲ့ဒီ့ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ တချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက မသိသာပေမယ့် တချို့ဆေးတွေမှာကျတော့ အရမ်းသိသာပါတယ်။ ဘယ်လောက်ထိ သိသာဆိုးရွားသလဲဆိုရင် အသက်သေဆုံးတာ အသက်အန္တရာယ်ထိခိုက်တာမျိုးတွေအထိပါ။ ဒီဆေးတွေကို တချို့ကမသိပဲနဲ့ သောက်မိနေတာမျိုးတွေရှိပါတယ်။ဒီနေ့မှာတော့ ဘယ်လို အင်္ဂလိပ်ဆေးတွေက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။

(1) အကိုက်အခဲ ပျောက်ဆေး


ကျွန်တော်တို့အားလုံး အကိုက်အခဲပျောက်ဆေးသောက်ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ဘေးထွက်ဆိုးကျိုးကိုတော့ တော်တော်များများကမသိကြပါဘူး။ အကိုက်အခဲပျောက်ဆေးမှာ အမျိုးအစားအများကြီးရှိပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် အဲ့လိုမျိုးအကိုက်အခဲပျောက်ဆေးတွေက နာကျင်တဲ့ဝေဒနာတွေကို ပျောက်ကင်းစေနိုင်ပါတယ် ဒါပေမယ့် သူ့မှာဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဆေးဝါးတွေမှာ အမျိုးအစား နှစ်မျိုးရှိပါတယ်။ ကိုယ့်ဘာသာ ဝယ်သောက်လို့ရတယ့် ဆေးရှိမယ် ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်လို့ရမယ့်ဆေးရှိမယ်။ အကိုက်အခဲပျောက်ဆေးက ကိုယ့်ဘာသာ ဝယ်သောက်လို့ရမယ့် ဆေးထဲမှာပါ ပါတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးကို စနစ်တကျသောက်ဖို့တော့ လိုအပ်ပါတယ်။ အဲ့လိုမဟုတ်ပဲနဲ့ အကိုက်အခဲပျောက်ဆေးတွေကို မုန့်စားသလိုစားနေမယ်ဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ အရိုး‌ေတွနာနေတာတွေ အဆစ်တွေနာနေတာတွေကို အကိုက်အခဲပျောက်ဆေးသောက်‌ရင် ယူပစ်လိုက်သလို ပျောက်သွားတယ် ဒီလိုမျိုးဖြစ်တတ်ပါတယ်။ဒါမကောင်းပါဘူး အန္တရာယ်ရှိပါတယ်။ ဒီလိုမျိုး အကိုက်အခဲပျောက်ဆေးကို စနစ်တကျမသောက်ပဲနဲ့ ခဏခဏ ပြီးစလွယ် သောက်နေမယ်ဆိုရင် ကျောက်ကပ် ထိခိုက်နိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်တာကနေတစ်ဆင့် အသက်အန္တရာယ် ထိခိုက်လာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသက်တိုစေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တယ့် ဆေးတစ်မျိုးကတော့ အကိုက်အခဲပျောက်ဆေးတွေဖြစ်ပါတယ်။

(2) စတီးရွိုက် ဆေးများ


Dexamethasone လို့ခေါ်တဲ့ဆေးပါ။ ကျွန်တော်တို့ အလွယ်ခေါ်ရရင် အရောင်ကျဆေး အဖျားကျဆေး အနာသက်သာတဲ့ဆေး ဒီလိုမျိုးပြောပြီး သုံးနေကြပါတယ်။ Dexamethasone ကသောက်လိုက်ရင် ဆေးသောက်ပြီး ၁၀ မိနစ်လောက်နေရင် လူက ဖလန်းဖလန်းထသွားတဲ့အထိကိုကောင်းပါတယ်။ ဘာလို့ကောင်းတာလဲဆိုတော့ သူ့ရဲ့အလုပ်လုပ်ပုံကိုပြောပြချင်ပါတယ်။ Dexamethasone ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ဆိုတဲ့  immune system ဆိုတာရှိပါတယ်။ ဒီ Dexamethasone က  immune system ကိုထိန်းချုပ်ပြီးတော့ immune system လုပ်တဲ့အလုပ်တွေကို ထိန်းချုပ်တယ် immune system ရဲ့အားကိုချလိုက်တဲ့သဘောပါ။ ဒီတော့
immune system ကောင်းကောင်းအလုပ်မလုပ်တော့ ကျွန်တော်တို့ဒီလိုနာကျင်တာတွေကို မသိနိုင်တော့ပါဘူး။ပြီးတော့ အနာသက်သာတယ်ဆိုပြီးထင်ကြပါတယ်။ ဒါပေမယ့် ဒါကမကောင်းပါဘူး။ ဘာလို့လဲဆိုရင် immune ကျလာတယ် immune system ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် ဘေးကနေ ရောဂါပိုးတွေဝင်လာနိုင်ပါတယ်။ ပြီးတော့ ဒီစတီးရွိုက်ပါဝင်တဲ့ Dexamethasone အပြင် တခြားစတီးရွိုက်ပါဝင်တဲ့ဆေးတွေလဲရှိပါသေးတယ်။ အဲ့ဒီ့ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးက တခြားသောရောဂါတွေဖြစ်စေပါတယ်။ အဲ့ဒီ့ ရောဂါတွေက ကုသရတာအင်မတန်ကို ခက်ခဲပါတယ်။ အဲ့တာတွေနောက်ပိုင်းမှာ အသက်အန္တရာယ်ဆုံးရှုံးလာရတာ ဖြစ်တဲ့အထိ ဆိုးရွားတဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မလို့ အဲ့လို စတီးရွိုက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါပဲနဲ့ သောက်တာ လုံးဝ မလုပ်ရပါဘူး ဒါကိုသတိပြုဖို့လိုပါတယ်။ ဒီလိုမျိုး ကိုယ်သောက်နေတဲ့ဆေးတွေမှာ စတီးရွိုက်ဆေး‌တွေပါနေလား။ ဒီလိုဆေးတွေပါနေမယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသောက်သုံးစေချင်ပါတယ်။

(3) ပိုးသတ်ဆေး


ပိုးသတ်ဆေးသောက်တယ်ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ ခန္ဓာကိုယ် ကိုဒုက္ခပေးတဲ့ပိုးမွှားတွေကို သေအောင် ပိုးသတ်ဆေးသောက်ကြပါတယ်။ ပိုးသတ်ဆေးကတော့ လူတိုင်းနီးပါးသောက်နေကြပါတယ်။ ပိုးသတ်ဆေးဆိုတာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ဆေးတစ်မျိုးပါ။ ပိုးသတ်ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ပိုးသတ်ဆေးကို ဆရာဝန်တစ်ယောက်ကပေးတော့မယ်ဆိုရင် ပိုးသတ်ဆေးပေးဖို့တကယ်လိုအပ်ရဲ့လား၊ ဘယ်လိုဆေးကိုပေးရမှာလဲ၊ ဘယ်လိုပိုးဆိုရင် ဘယ်လိုဆေးနဲ့မှသင့်တော်တာလဲဆိုတာမျိုးတွေရှိပါတယ်။ ဒါမျိုးတွေကို ဆရာဝန်တွေကပဲ နားလည်ပါတယ်။ ဒီလိုမျိုး ပိုးသတ်ဆေးပေးတော့မယ်ဆိုရင် သင့်လျော်ကိုက်ညီတဲ့ ပိုးသတ်ဆေးကိုပဲ ပေးရပါတယ်။ မသိပဲနဲ့ကိုယ်က ပိုးသတ်ဆေးတွေကို သောက်နေမယ်ဆိုရင်မကောင်းပါဘူး။ ပိုးသတ်ဆေးသောက်ပါများရင် ပိုးတွေက ဆေးယဉ်သွားပြီးတော့ ဆေးမတိုးတော့ပါဘူး။ ဆေးမတိုးတော့ဘူးဆိုရင် ပိုးသေအောင်သောက်တဲ့ ဒီဆေးတွေကို ပိုးတွေကမကြောက်ကြတော့ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါပဲ လုံးဝမသောက်ပါနဲ့။ ကိုယ်သောက်နေတဲ့ဆေးတွေထဲမှာဒီလိုမျိုးပါနေပြီ ဆိုရင်တော့နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးမှသောက်သုံးဖို့အကြံပြုလိုပါတယ်။

စာဖတ်သူများကို အစဉ်အမြဲ လေးစားလျက်
#စွဲညို့

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)