SarPhat Author

++++++
ဆိုရှယ်မီဒီယာအပေါ်မှာ နေ့စဉ် လူငယ်တွေက ကဗျာတွေ၊ စာတိုတွေ ရေးသားနေကြပါတယ်။ ဒီအထဲမှာ လူငယ်တော်တော်များများက မြန်မာစာသတ်ပုံ၊ စာလုံးပေါင်းကို ပြီးစလွယ် ရေးသားထားကြတာလည်း တွေ့ရပါတယ်။
သံတူကြောင်းကွဲလို့ပဲ ခေါ်ရမလား၊ အသတ်သံ တူတဲ့ တက်၊ တတ်၊ ထက်၊ ထပ်၊ လည်း၊ လဲ အဲ့ဒီလို စာလုံးပေါင်းသတ်ပုံ အမှားတွေ အများကြီး တွေ့ရပါတယ်။
"တက်" ဆိုရင် သစ်ပင်ပေါ်တက်တာ၊ ဟိုပေါ်တက် ဒီပေါ်တက်တာတွေမှာ ရေးရပါတယ်။ "တတ်" ကိုတော့ စာတတ်၊ ပေတတ်၊ ပညာတတ် ဆိုတဲ့နေရာတွေမှာ သုံးရပါတယ်။
"ထက်" ဆိုရင်လည်း တခုနဲ့တခု နှိုင်းယှဉ်တဲ့ နေရာမှာရေးပါတယ်။ ဥပမာ_ မောင်မောင် ထက် အောင်အောင်က စာတော်သည်။ "ထပ်" နောက်ထပ်၊ ထပ်ပြီး၊ ထပ်ဖန်တလဲလဲ အဲဒီလိုနေရာတွေမှာ ရေးရပါတယ်။
"လဲ နဲ့ လည်း" ကိုလည်း မှားပြီး ရေးသားနေကြပါတယ်။ "လဲ" သတ်ပုံက အမေးစကားတွေဖြစ်တဲ့ ဘာလုပ်နေ "လဲ"၊ ဘယ်သွားမလို့"လဲ" ဆိုတဲ့နေရာမှာလည်း သုံးသလို၊ ချော်လဲ ရောထိုင်၊ လှဲ၍ လဲသွားသည်၊ အဝတ်အစားလဲသည် စတဲ့နေရာတွေမှာ သုံးပါတယ်။ "လည်း" ကိုတော့ စာအရေးနေရာမှာ အများဆုံးသုံးသလို သင့်တော်ရာတွေမှာလည်း သုံးတာတွေ့ရပါတယ်။ တခုနှင့်တခု နှိုင်းယှဉ်ပြတဲ့နေရာ ဥပမာ_ မောင်မောင်လည်း စာတော်သလို သူ၏ညီ အောင်အောင်လည်း စာတော်သည်။ "လည်း" သတ်ပုံတွေကတော့ သော်လည်း၊ သော်လည်းကောင်း၊ လူးလည်း၍ငိုသည်၊ ဘုရားလည်းဖူး လိပ်ဥလည်းတူး။
"ထုပ်၊ ထုတ်" ကိုလည်း လူငယ်တွေရော စာရေးသူတချို့ရော မှားရေးထားကြတာလည်း တွေ့ရပါသေးတယ်။ အမှိုက်ထုပ်၊ ထမင်းထုပ်၊ အဝတ်အစားထုပ်၊ စာအုပ်ထုတ်ဝေရေး အဲ့ဒီလိုတွေ ရေးရမယ့်အစား တခါတလေကျရင် (က်) နဲ့ပါ ရေးသားထားကြတာ တွေ့ရပါသေးတယ်။ တကယ်တော့ "ထုတ်" ဆိုတာက အထဲကနေ အပြင်ကို ရောက်လာတဲ့အရာကို ပြောတဲ့ ရေးတဲ့အခါမှာ ရေးရတာပါ။
"ထဲ့၊ ထည့်" ကိုလည်း အလွယ်ရေးနေကြတာတွေလည်း ရှိပါတယ်။ "အမှိုက်ပုံးထဲသို့ အမှိုက်ကို ထည့်ပါ
Unlock to read this premium article with 10 points.