Author's Profile Photo

စောမြတ်နွယ်

4/09/2024

နေ့စဥ်လေ့လာ Englishစာ (62)

1 min read
Education
General Knowledge
18 Again
နေ့စဥ်လေ့လာ Englishစာ (62)'s photo

ဒီနေ့ မျှဝေပေးချင်တဲ့
စကားပြောပုံစံ ကတော့

I'd be grateful… ဆိုတဲ့ ပုံစံဖြစ်ပါတယ်။
တစ်ခုခုလုပ်ပေးဖို့ တောင်းဆို၊ အကူအညီတောင်းရာတွင် လုပ်ပေးပါက ကျေးဇူးတင်ပါကြောင်း တစ်ပါတည်း ယဥ်ကျေးစွာပြောတဲ့အခါ အခုပုံစံကိုသုံးလို့ရပါတယ်။

နမူနာဝါကျတွေကိုကြည့်ကြရအောင်။

?????

I'd be grateful for your kind.
မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။

I’d be grateful for your help.
မင်းရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်နော်။

I'd be grateful if you'd close the TV.I am studying now.
မင်းသာ TV ပိတ်ပေးမယ်ဆိုရင် ကျေးဇူးတင်မှာပါ။အခု ငါ စာလုပ်နေတာမို့လို့ပါ။

I’d be grateful if you’d be quiet.
မင်းသာ တိတ်တိတ်လေး နေပေးမယ်ဆိုရင် ကျေးဇူးတင်မှာပါ။

I'd be grateful if you'd visit to my home town.
မင်းသာ ငါ့ဇာတိမြို့ကို အလည်လာမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ။

I’d be grateful if you’d give me a hand.
မင်းသာ ကူညီမယ်ဆိုရင် ကျေးဇူးအများကြီး တင်မှာပါ။

I'd be grateful if you'd give me a chance.
မင်းသာ ငါ့ကို အခွင့်အရေးပေးမယ်ဆိုရင်
ကျေးဇူးအများကြီး တင်မိမှာပါ။

I’d be grateful if you’d take care of my baby.
မင်းသာ ငါ့ကလေးကို ဂရုစိုက်ပေးမယ်ဆိုရင် ကျေးဇူးတင်မှာပါ။

I’d be grateful if you danced with me.
မင်းသာ ငါနဲ့ ကပေးမယ်ဆိုရင် ကျေးဇူးတင်မှာပါ။

?????

ဒီနေ့အတွက်တော့ဒီလောက်ပါပဲရှင်။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
4.9.2024

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?