Author's Profile Photo

Shwe Yee Yee Htut

4/09/2024

နော်ဝေဂျီယန်ဝုဒ်

1 min read
Book Review

စာအုပ်ကတော့ မူရာကာမီရဲ့ လက်ရာကောင်းတွေထဲက တစ်အုပ်အပါအဝင်ပါပဲ ။ဇာတ်လမ်းလေးကတော့ Romance ဇာတ်လမ်းလေး..အစမှာတိုရုဆိုတဲ့ကောင်းလေးဟာ အသက်၃၇နှစ်ကို ရောက်နေပြီးတော့သူကြုံတွေ့ခဲ့ရတဲ့လွန်ခဲ့တဲ့ ၁၈နှစ်လောက်က အကြောင်းတွေ သူငယ်ချင်းတွေ ချစ်သူတွေ အဖြစ်အပျက်တွေကို နောက်ကြောင်းပြန်လှန်သလိူပုံစံနဲ့ရေးသားထားပါတယ်ယ်။

နာအိုကိုနဲ့ ပတ်သက်သမျှ မှတ်ဉာဏ်တွေ ကျွန်တော့်ကိုယ်ထဲမှာ ပိုပျောက်ကွယ်လာလေလေ၊ ကျွန်တော် သူ့ကို ပိုပြီး လေးလေးနက်နက် နားလည်လာနိုင်လေပါပဲ။ သူ့ကို မမေ့ဖို့ ကျွန်တော့်ကို ဘာလို့ တောင်းဆိုလဲ ဆိုတာကို ကျွန်တော် သိပါတယ်။ နာအိုကို ကိုယ်တိုင်လည်း သိပါတယ်။ ကျွန်တော့်မှတ်ဉာဏ်တွေဟာ ပျောက်ကွယ်လာလိမ့်မယ်ဆိုတာ သူသိခဲ့ပါလိမ့်မယ်။ အဲဒါကြောင့်ပဲ သူ့ကို မမေ့ဖို့၊ သူတည်ရှိခဲ့တယ် ဆိုတာကို အမှတ်ရဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

အဲဒီအတွေးဟာ မခံမရပ်နိုင်လောက်တဲ့ ဝမ်းနည်းပူဆွေးမှုတွေ ကျွန်တော့်ခန္ဓာကိုယ်ထဲ ပြည့်လျှံ စီးဆင်းစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နာအိုကိုဟာ ကျွန်တော့်ကို ဘယ်တုန်းကမှ မချစ်ခဲ့လို့ပဲ။

`Norwegian Wood´ဆိုတာဒီတိုင်းကြည့်ရင်တော့ နော်ဝေတောအုပ်လို ပြန်ဆိုလို့ရပေမယ့် သူရဲ့သီးချင်းထဲက အဓိပ္ပာယ်ကတော့ဒီလိုမဟုတ်ပါဘူး...
I once had a girl, or should I say she once had me.
She showed me her room, Isn't it good Norwegian Wood."

သီချင်းရဲ့ဆိုလိုရင်းက သီချင်းထဲကကောင်လေးကိုသီချင်းထဲကကောင်မလေးက သူမနေထိုင်ရာအိမ်ကိုပြခဲ့တယ် အိမ်ကနော်ဝေသစ်သားနဲ့လုပ်ထားတာမို့ ကောင်းတယ်မဟုတ်လားလို့ တစ်နေရာမှာဖော်ပြထားတယ် သူတို့‌နှစ်ယောက်တစ်ညလုံး ထိုင်ပြီးဝိုင်‌ေတွသောက်ရင်း စကားတွေပြောခဲ့ကြတယ် မနက်မိုးလင်းတော့ကောင်လေးတစ်ယောက်ပဲ ကျန်တော့တယ် ငှက်ကလေးထပြန်သွားပြီး ကောင်မလေးမရှိတော့ဘူးလို့ဆိုပြန်တယ် ပြီးတော့သူဟာ မနေ့ကရှိခဲ့ အိမ်မှာမဟုတ်တော့ပဲ နွားစာခွက်ထဲ ရောက်လို့နေတယ် ။သူတစ်ယောက်ထဲဟာတာတာဖြစ်လို့ကျန်ခဲ့ရတယ်လို သီးချင်းက ဆိုထားပါတယ်။
ဒီထဲကတိုရုရဲ့ ကျောင်းသားဘဝက အဲသီချင်းလေးနဲ့ခပ်ဆင်ဆင်ပါ ဇာတ်လမ်းလေးကရိုး‌မယောင်နဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
#Bookreview

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုး