Author's Profile Photo

Swal Nyoe

4/09/2024

သင်ဘာကြောင့် မကြာခဏ ဗိုက်ဆာနေရတာလဲ❓

2 mins read
Health
General Knowledge
သင်ဘာကြောင့် မကြာခဏ ဗိုက်ဆာနေရတာလဲ❓'s photo

ဗိုက်ဆာလို့တစ်ခုခုစားလိုက်တယ် သိပ်မကြာဘူးထပ်ပြီးတော့ဗိုက်ဆာလာတယ်။ ခဏခဏထပ်ပြီးစားတယ် ခဏခဏပြန်ပြီး ဗိုက်ဆာလာတယ်။အဲ့လိုမျိုးဖြစ်နေကြတဲ့ သူတွေရှိလား။
ဒီနေ့မှာတော့ ခုလိုမျိုးမကြာခဏ ဗိုက်ဆာနေရတဲ့ အကြောင်းအရင်း(10)ချက်ကိုပြောပြပေးသွားပါ့မယ်။

(1) High metabolism 


နံပါတ် တစ် အချက်ကတော့ High
metabolism လို့‌ခေါ်ပါတယ်။အဲ့တာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ 32 ရာခိုင်နှုန်းခန့်‌သောလူတွေက သူများတွေထပ် ပိုပြီးတော့ metabolism လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းဇီဝဗေဒပိုပြီးတော့မြန်နေတတ်ကြပါတယ်။အဲ့တာကဘာကို‌ပြောတာလဲဆိုတော့ အစာချေတာ အစာကိုစုပ်ယူတာက သူများထပ်ပိုပြီး မြန်ဆန်နေတယ်လို့ပြောတာပါ။အဲ့တာကြောင့်ပဲ သူတို့က မကြာခဏ ဗိုက်ဆာတတ်ကြပါတယ်။ပြီးတော့ စားသမျှအကုန်လုံးကလဲ ခန္ဓာကိုယ်ထဲမှာ မြန်မြန်လောင်ကျွမ်းသွားတဲ့အတွက် စားသလောက်ဝ မလာတတ်ကြပါဘူး။ဒီအချက်ဟာဆိုရင် မျိုးရိုး၊ အသက်အရွယ်၊ ခန္ဓာကိုယ်အလေးချိန်တွေအပေါ်မူတည်ပြီးတော့ အပြောင်းအလဲရှိနိုင်ပါတယ်။ဒါကြောင့် ဒီအချက်ကြောင့် အမြဲတမ်းဗိုက်ဆာနေတာဆိုရင်တော့ ပြုပြင်ဖို့ နည်းနည်းတော့ခက်ပါလိမ့်မယ်။

(2) Readymade တွေစားလို့


နံပါတ် နှစ် ကတော့ ရယ်ဒီမိတ်အစားအသောက်တွေစားလို့ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဒီအစားအသောက်တွေမှာဆိုရင် Fibre လို့ခေါ်တဲ့အမျှင်ဓာတ်ပါဝင်မှုနှုန်းနည်းပါတယ်။ တစ်ချို့ဆိုရင် လုံးဝမပါဝင်ပါဘူး။ဒီလိုမျိုးအမျှင်ဓာတ် မပါတာတွေစားမယ်ဆိုရင် အစာအိမ်ကအမြန်ဆုံးအစာချေဖျက်ပစ်ပါတယ်။ဒီလိုအစာမြန်မြန်ချေဖျက်ပစ်တဲ့အတွက် နောက်ထပ်အစာစားချင်စိတ်ကို ထပ်ပြီးတော့ဖြစ်စေပါတယ်။ ဒီအချက်ကိုဖြေရှင်းဖို့ကတော့လွယ်ပါတယ် ရယ်ဒီမိတ်အစားအသောက်တွေစားတာကို လျှော့ပြီးတော့ အမျှင်ဓာတ်များများပါတာတွေ မကြာခဏစားပေးရပါမယ်။ အမျှင်ဓာတ်များများ ပါတာတွေကတော့ အသီးအရွက်၊ အသီးအနှံတွေပဲဖြစ်ပါတယ်။

(3) အိပ်ရေးမဝလို့


နံပါတ် သုံး ကတော့ အိပ်ရေးမဝလို့ပါ။အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကနေ Ghrelin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ ဒီဟော်မုန်းက စားချင်သောက်ချင်စိတ်ကိုဖြစ်စေပြီးတော့ မကြာခဏ ဗိုက်ဆာစေပါတယ်။ ဒီဟော်မုန်းမထွက်အောင်လုပ်ဖို့ဆိုရင်တော့ တစ်နေ့ကိုအနည်းဆုံး 7 နာရီပြည့်အောင် အိပ်ပေးရပါမယ်။

(4) အရည်သောက်တာများသူတွေ


နံပါတ် လေး ကတော့ အရည်သောက်တာများတဲ့သူတွေပါ။ Smoothie, Shake, Soda အစရှိတဲ့ အအေးတွေ နောက် အရက်၊ ဘီယာ အစရှိတာတွေက သောက်လိုက်ရင် ခန္ဓာကိုယ်က စုပ်ယူတာမြန်ပြီးတော့ နောက်ထပ်အစာစားချင်စိတ်ကို ထပ်ပြီးတော့ဖြစ်စေပါတယ်။ဒါကြောင့် အဲ့လိုမျိုး အရည်သောက်တာများတဲ့သူတွေဆိုရင်တော့ အရည်သောက်တာကိုလျှော့ပြီးတော့ အစားကိုမျှတအောင်စားပေးရပါမယ်။

(5) ဗိုက်ပြည့်စာတွေမစားလို့


နံပါတ် ငါး ကတော့ ကျွန်တာ်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ Protein လို့ခေါ်တဲ့ အသားဓာတ်၊ နောက် Fat လို့ခေါ်တဲ့ အဆီဓာတ်၊ Fibre လို့ခေါ်တဲ့ အမျှင်ဓာတ် တစ်ခုမှမပါဝင်ဘူးဆိုရင် မကြာခဏဗိုက်ဆာ နေပါလိမ့်မယ်။ ဒီသုံးမျိုးဟာဆိုရင် ဗိုက်ပြည့်စေတဲ့အစားအစာတွေဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုမစားဘူးဆိုရင် အစာချေတာမြန်နေပြီးတော့ ဗိုက်ဆာနေပါလိမ့်မယ်။

(6) အားကစားလုပ်သူတွေ


နံပါတ် ခြောက် ကတော့ အားကစားလိုက်စားတဲ့သူတွေဖြစ်ပါတယ်။ အားကစားလုပ်သူတွေမှာဆိုရင် ကျွန်တော်တို့ နံပါတ် တစ် အချက်မှာပြောခဲ့သလိုဘဲ Metabolism မြန်နေတတ်ပါတယ်။ ဒါကြောင့် အားကစားလုပ်သူတွေက သူများတွေထပ်ပိုပြီးတော့ စားဖို့လိုကြပါတယ်။ ဒီလိုမျိုး စားတဲ့အခါ ရယ်ဒီမိတ်အစားအစာတွေကို ရှောင်ပြီးတော့ Protein, Fat, Fibre ကြွယ်ဝတဲ့အစားအစာတွေကို စားပေးခြင်း အားဖြင့် မကြာခဏဗိုက်ဆာခြင်းမှ ကင်းဝေးနိုင်ပါတယ်။

(7) စိတ်ဖိစီးမှုများသူတွေ


နံပါတ် ခုနှစ် ကတော့ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုအရမ်းများတဲ့ သူတွေပဲဖြစ်ပါတယ်။ဒီလိုလူတွေမှာဆိုရင် တချို့က ဘာမှမစားဘဲနဲ့နေကြပြီးတော့ တချို့ကတော့ အရမ်းစားကြပါတယ်။ဘာလို့လဲဆိုတော့ ဒီအချိန်မှာ Cortisol လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်လာကြပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်က အန္တရာယ်ကြုံပြီလို့ ယူဆတဲ့အချိန်မှာထွက်လာတဲ့ဟော်မုန်းနဲ့အတူတူပဲဖြစ်ပါတယ်။ ဒီဟော်မုန်းထွက်လာတဲ့ အခါမှာ ခန္ဓာကိုယ်ကနေပြီးတော့ အန္တရာယ်ကို တုံ့ပြန်ဖို့အတွက် အစာစားဖို့လိုတယ်လို့ ယူဆပြီးတော့ အစာစားချင်စိတ်ကိုဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ်က စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ အရမ်းများနေပြီဆိုရင်တော့ လျှော့ချဖို့လိုအပ်နေပါပြီ။

(8)  ဟော်မုန်းပြဿနာရှိသူတွေ


နံပါတ် ရှစ် ကတော့ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိသူတွေက အစားပိုစားတတ်ကြပါတယ်။ ဘယ်လိုမျိုးကျန်းမာရေး ပြဿနာတွေလဲဆိုတော့ လည်ပင်းကြီးရောဂါ(သိုင်းရွိုက်)ရောဂါ၊ နောက် ဆီးချိုရောဂါ၊ နောက် မိန်းကလေးတွေမှာအဖြစ်များတတ်တဲ့ PMS လို့ခေါ်တဲ့ ရာသီမလာခင် စိတ်အပြောင်းအလဲ မြန်ခြင်းတို့ဖြစ်ပါတယ်။ ဒါတွေတစ်ခုခု ရှိနေတဲ့ သူတွေဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။

(9) Social media 


နံပါတ် ကိုး ကတော့ Social media ပါ။ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကြတဲ့ Facebook တို့ Instagram တို့လိုပေါ့။ ညအိပ်ခါနီး တို့ဘာတို့ သုံးနေရင်းနဲ့ အစားအသောက်ပုံတွေ တက်လာတဲ့အခါမှာ သရေကျတတ်ပါတယ်။ဒါကြောင့်မလို့ ကိုယ်ကအသုံးများတဲ့သူဆိုရင်တော့ အစားအသောက်ပုံတွေ ဝင်ကြည့်တာကို လျှော့စေချင်ပါတယ်။

(10) ပင်ကို အစားမက်သူများ


နောက်ဆုံး နံပါတ် တစ်ဆယ် ကတော့ ပင်ကို အစားမက်တဲ့သူတွေပါ။ ဒါကတော့အစားမြင်တာနဲ့စားချင်နေသူတွေရှိပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ လုပ်လို့ရတာက တစ်ခုပဲရှိပါတယ်။အဲ့တာကတော့ အစားအကြောင်းကိုမစဉ်းစားမိအောင် အာရုံလွှဲပြီးတော့ နေဖို့ပါပဲ။ အလုပ်တစ်ခုခုကို အမြဲလုပ်နေပြီးတော့ အာရုံလွှဲတာမျိုးပါ။

ဒါတွေကတော့ မကြာခဏ ဗိုက်ဆာနေရတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။အခု ဖတ်နေကြတဲ့သူတွေကရော ဘယ်အချက်ထဲမှာပါကြလဲဗျ။

စာဖတ်သူများကို အစဉ်အမြဲ လေးစားလျက်
#စွဲညို့

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)