စာကြမ်းပိုး
ဒီ တစ်ပတ်အတွင်း ဖတ်ရ ကြုံရ ကြားရတဲ့အထဲက ကြိုက်နှစ်သက်မိသော စာစု/စကားစု တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ဘောလုံးပွဲကြည့်ရတာ အင်ဂျလီနာဂျိုလီ သရုပ်ဆောင်သည့် ရုပ်ရှင်ကားတစ်ကား ကြည့်ရသလိုပါပဲလို့ ပြောရင်လည်း ပြည့်စုံစရာ မရှိပါ။တဂိုး၏ ကဗျာတစ်ပုဒ်ကိုဖတ်ပြီး ကြည်နူးသွားရသည့် အရသာမျိုးလို ပါပဲလို့ ဖြေလျှင်လည်း မနှိုင်းအပ်ရာပါ။စိတ်ကျေနပ်လောက်စရာ တိကျသော အဖြေ ကျွန်မမှာ မရှိ။သေချာတာကတော့ ဘောလုံးပွဲတွေဆီမှာ ကျွန်မ နှစ်သက်သည့်ရသတစ်မျိုး ရှိနေလို့ပဲ ဖြစ်မည် ထင်ပါ၏။
ခင်ခင်ထူး
လှည်းယဉ်ကြော့ ၀တ္ထုတိုများ
စာမျက်နှာ ၃၄၊ နှိုးစက်နာရီ..မှ
?????????
ဖွင့်လက်စ ရွဲကုန်သည်ကဘယ်ရောက်သွားလို့တုံး။ ဘာတွေတုံးဟ။ မင်းတို့ခေတ်သီချင်းတွေကလည်း မရွှေဥ ကျားလိုက်သဲ့ အတိုင်းပဲ။ငါ့နားထဲ ကယ်တော်မူပါလို့ချည်း ကြားနေသာပဲ။အဲဒါ ဗမာလို ဆိုနေကြသာကော ဟုတ်ကဲ့လား။
ခင်ခင်ထူး
လှည်းယဉ်ကြော့ ၀တ္ထုတိုများ
စာမျက်နှာ ၆၉ ၊ ပွဲကတော် ..မှ
?????????
အသက်လေးဆယ်ဟိုဘက်တုန်းကတော့ ပျော်ပါရဲ့အေ။ငယ်စိတ်ကိုးအေရဲ့၊ လေးဆယ်သည်ဘက် သီသီရောက်တယ် ဆိုရင်ပဲ ကြီးစိတ်၀င်သွားလို့ ထင်ပါရဲ့ ၊ အပျော်ရယ်လို့ စလောင်းဖုံးလှန်ရှာတာတောင်မတွေ့ပေါင်တော်။အသက်မှ လေးဆယ်ကျော်မှတော့လည်း ဘာငယ်ချင်လို့ ရလိမ့်မတုန်း။ရှေ့လျှောက်အိုရုံရှိတော့သာပဲ လက္ခဏာရေးသုံးပါးက ကျောပေါ်ပိုးတက်နေပြီဟဲ့။
ခင်ခင်ထူး
လှည်းယဉ်ကြော့ ၀တ္ထုတိုများ
စာမျက်နှာ၉၆ ၊ပြေးနေသောနှစ်များ ..မှ
?????????
အိန္ဒိယမှ ဂင်္ဂါ ၊ တရုတ်မှ ယန်ဆီကင်၊ ရုရှားမှ ဗော်လကာ ၊ အီဂျစ်ပြည်မှ နိုင်း ။ ကျွန်မတို့အမိမြန်မာပြည်က ဧရာ၀တီ။ကမ်းနှစ်ဖက်ကြားတွင် အဖိုးမဖြတ်နိုင်သော ငွေရည်စီးကြောင်းကြီးသည် ငုပ်တစ်ချည် ပေါ်တစ်လှည့်ဖြင့် မျက်စိတစ်ဆုံး သဘာ၀အတိုင်း လွတ်လွတ်လပ်လပ်ကြီး စီးမျောနေသည်။
ခင်ခင်ထူး
လှည်းယဉ်ကြော့ ၀တ္ထုတိုများ
စာမျက်နှာ ၂၂၄၊တောသူမယ် ..မှ
?????????
တစ်ယောက်ယောက်ကို ခွင့်လွှတ်ပေးတာက အဲ့ဒီလူအတွက်မဟုတ်ပဲ ငါကိုယ်တိုင်အတွက်ပဲတဲ့။တစ်ယောက်ယောက်ကို မုန်းနေရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်တဲ့ကိစ္စလဲ။နာကျင်ပြီး ၊ စိတ်သောကရောက်ပြီး ၀မ်းနည်းပြီးအဲ့ဒီအချိန် ခံစားချက်ကနင့်ကို အရမ်းနာကျင်အောင်လုပ်တယ်လေ။
Doctor Slump
အပိုင်း ၁၄ မှ
ဘာပဲဖြစ်ဖြစ်အရာအားလုံးက ပျောက်ကွယ်သွားပြီး ကျန်ခဲ့တာက အခိုက်အတန့်ဖြစ်တဲ့မှတ်ဉာဏ်လေးတွေပါပဲ။
Doctor Slump
အပိုင်း ၁၄ မှ
?????????
ပျော်ရွှင်မှုဆိုတာလိပ်ပြာနဲ့တူတယ်။ဖမ်းဖို့လုပ်လိုက်ရင်အမြဲတမ်းပျံထွက်သွားပေမယ့် တိတ်တိတ်လေးထိုင်နေရင် ပုခုံးထက်မှာ လာနားတယ်။
(From Facebook)
??????????
နွေသီးက ချိုမှာပေါ့ သမီးရဲ့၊ အခါရာသီ မဟုတ်တဲ့ကြားက ရုန်းကန်သီးရတာ မဟုတ်လာူ၊ နေပူ ၊လေပူ မြေပူကြားက ရသမျှရေဓာတ်လေးနဲ့ အားယူပြီး အသက်ဆက်ကြရတာ၊ခဲရာခဲဆစ် ရှားရှားပါးပါး ထသီးရတဲ့အသီးချိုပြီပေါ့။
ခင်ခင်ထူး
ရက်ကန်းလွန်း ၀တ္ထုတိုများ
စာမျက်နှာ၇၄ ၊ .နွေသီး..မှ
??????????
"တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး ၊ အကျိုး..."
တစ်ပြူးကနှစ်စေ့၊ တစ်လံကလေးစေ့၊ ညောင်ကန်က ခြောက်စေ့ ၊ ထမ်းပိုးက ရှစ်စေ့ ၊ အကျိုးက တယ်စေ့။မယ်နှင်း ထဘီထဲမှာ အကျိုးပေါင်း မနည်းပြီ။တစ်ခါတစ်ခါ မယ်နှင်းက နိုင်မန်ကျည်းစေ့တွေကို ကျဲမည်ဆိုသဖြင့် လုဖို့ပြင်ကြရသည်။
ခင်ခင်ထူး
ရက်ကန်းလွန်း ၀တ္ထုတိုများ
စာမျက်နှာ ၁၃၅ ၊ဥဒယ .မှ
??????????
Keep Reading