Author's Profile Photo

SarPhat Author

17/03/2024

"စောက်ပေါ"

2 mins read
Education
General Knowledge
Culture

ကျနော်တို့ကတော့ သူတို့ကို "စောက်ပေါ" တွေလို့ ခေါ်တယ်။ Facebook မှာ "တောသား" လို့ သုံးသလိုမျိုး။
အဓိက ရည်ညွန်းတာကတော့ သိသည်ဖြစ်စေ၊
မသိသည်ဖြစ်စေ စောက်ပေါ အလုပ် လုပ်တဲ့လူတွေ
ကိုပါပဲ။ မသိတဲ့လူတွေကတော့ ခဏထားပါဦး။ သိသိကြီးနဲ့ စောက်ပေါလုပ်နေတာကတော့ တော်တော်ဆိုးတယ်။ အဆိုတော် တေးရေး သရုပ်ဆောင် စာရေးဆရာ
စတဲ့ အမည်တပ်၊ အနုပညာရှင်ဆိုပြီး သိသိသာသာကြီးစောက်ပေါလုပ်နေတာ အဆိုးဆုံးပါပဲ။ Social media မှာ Pageတွေ Channelတွေ ထောင် ၁၀၀ဖိုး၃ပုဒ်တွေ လုပ်တာက တစ်လိုင်း၊ သက်သက်ကို Attention ယူ Followerရှာ စောက်ပေါလုပ်တာကတစ်လိုင်း၊ ပရိတ်သတ်က ဥာဏ်မမှီလို့ စောက်ပေါလုပ်ရတာပါ ဆိုတာက တစ်လိုင်း။ ဘာပဲပြောပြော စောက်ပေါလုပ်တာကတော့ မပြောင်းလဲဘူး။ အဲ့တာတွေကတစ်မျိုး။ မသိလို့ စောက်ပေါလုပ်တာကတော့ Super man ဝတ်စုံဝတ်ပြီး ကိုယ့်ကိုယ်ကိုယ်လန်းတယ်ထင်နေတဲ့ ကလေးလိုပေါ့။ ကျနော်၁၆နှစ်လောက်ထိ လက်ဖက်ရည်ဆိုင်မှာ
Mobile Legendဆော့ပြီး လောင်လို့ကောင်းတုန်း။
အော် ဆဲ လို့ကောင်းတုန်း။ အဲ့အစား အင်္ဂလိပ်စာလုပ်ခဲ့ရင် အခုတော်တော်တတ်နေပြီ။အရေးမပါတာနဲ့အချိန်ဖြုန်းတယ်။ အဲ့တာကိုလည်းကျနော်တို့ စောက်ပေါ လုပ်တယ်လို့ခေါ်တယ်။ မရင့်ကျက်သေးဘူးပဲ ပြောပြောပါ။ ရှိသင့်ရှိထိုက်၊သိသင့်သိထိုက်တာကို ရှိသင့်၊သိသင့်တဲ့အရွယ်၊အချိန် မှာ မရှိ၊မသိဘူး။ ကံမကောင်းအကြောင်းမလှမို့လို့ အပြစ်တင်ဝေဘင်တာမျိုးတော့မလုပ်ချင်ပါဘူး ။ ဒါပေမဲ့ ထိုင်ကြည့်နေလို့မရဘူး။ ပြင်ရမယ်။ ကိုယ်တိုင် က စရမယ်။ နိုင်ငံအခြေအနေလည်း
ပါတယ်။ လူအများစုစောက်ပေါ လုပ်တယ်။အရေးပါတာကို မလုပ်ဘူး။ အရေးပါတာကိုမပြောဘူး။ ပြောရ၊လုပ်ရကောင်းမှန်းမသိဘူး။စာမဖတ်ဘူး။မစဥ်းစားတတ်ဘူး။ “ခင်ရင် Wall ထဲအလည်လာဦး” နဲ့ အချိန်ကုန်တယ်။ ဒီအချိန်မကြိုးစားရင် နောက်၅နှစ်အတွက် သူ့မှာဝမ်းစာမရှိဘူး။ အရည်အချင်းမရှိဘူး။ ရှိအောင်လုပ်ရကောင်းမှန်းမသိဘူး။ စောက်ပေါ လုပ်ရင်းအချိန်ဖြုန်းတယ်။ တစ်နည်းအားဖြင့် ကျနော်တို့နိုင်ငံ စောက်ပေါလုပ်တဲ့လူတွေများပြီး အရှည်အချင်းရှိ လူသားအရင်းမြစ် လျော့နည်းလာတယ်။ ပြီးရင်ဖင်ပိတ်ပြီး နိုင်ငံကိုအပြစ်တင်တယ်။ ဟုတ်ပါတယ်။ နိုင်ငံမကောင်းတာ
မှန်တယ်။ ကိုယ်လည်းမကောင်းဘူးဆိုတာကို ထည့်ပြောဖို့မေ့နေတယ်။ Tiktokမှာ အရေးမပါတာတွေ ထိုင်ပွတ်ရင်း အချိန်ဖြုန်းနေတယ်။ Entertainment အနေနဲ့မဟုတ်ဘူး တစ်နေကုန်ပဲ ဖုန်းထိုင်ပွတ်နေ။ Social mediaမှာ ပေါက်ကရတွေနဲ့ အချိန်ကုန်၊ MLထိုင်ခုတ်ပြီး လောင်ရင်းနဲ့အချိန်ကုန်၊ ပြီးတော့ သူတို့ဘာပြောသလဲနောက်ဘဝဆက်တိုင်း မြန်မာနိုင်ငံမှာ လူမဖြစ်ရပါစေနဲ့ တဲ့။ စောက်ပေါတွေများလာတော့ စောက်ပေါက
ထွက်လာတဲ့ အနုပညာဆိုတာကြီးက ဘယ်လိုတန်ဖိုးရှိတော့မလဲ။ စောက်ပေါ အနုပညာဖြစ်တာပေါ့။ စောက်ပေါကလည်း စောက်ပေါအကြိုက်တွေလုပ်တယ်။ သူတို့အချင်းချင်း အဆင်ပြေနေတယ်။ အဲ့တော့ဘာဖြစ်လဲ သီချင်းကောင်း၊ရုပ်ရှင်ကောင်း၊စာအုပ်ကောင်းတွေ ထွက်ဖို့ခက်သွားတယ်။ ရှားသွားတယ်။ စောက်ပေါစာအုပ်တွေထွက်လာတယ်။ ပေါက်ကရလျှောက်ရေးပြီး ကဗျာတွေဖြစ်လာတယ်။ (အခုကျ​နော်ရေးတဲ့စာလည်း ဘယ်စာရင်းထဲရောက်မလဲ မသိဘူး။ သတ်မှတ်တဲ့ကောင် စောက်ပေါမဖြစ်ပါစေနဲ့ပေါ့။ ပညာရှိကဲ့ရဲ့ရင်တော့ ပျော်ပျော်ကြီးခံနိုင်တယ်။) ပြောရရင် စောက်ပေါဖြစ်နေရင် ဘယ်ဟာတန်ဖိုးရှိလဲမသိတော့ဘူး။
တန်ဖိုးနားမလည်တော့ဘူး။ ကြာတော့ စောက်ပေါတွေခေတ်၊ စောက်ပေါတွေလက်ထက် မှာ နတ်သျှင်နောင်ရတုတွေလည်း ဘောင်မဝင်တော့ဘူး။ မဲစာတောင်ခြေ စီးထွေထွေတည့် လည်း ဘာတွေရေးထားမှန်းမသိဘူး။ မန်းတောင်ရိပ်ခိုတို့ သင်္ကြန်မိုးသီချင်းတို့ ထက်
ဆက်ပက်ကို ပါးစပ်ဖျားစွဲတာ ပိုမြန်တယ်။ ကိုယ့်ယဥ်ကျေးမှုကိုယ်မသိဘူး။ ကိုယ့်သမိုင်းကြောင်းကိုယ် ဘာမှမသိဘူး။ လွတ်လပ်ရေး ဘယ်နေ့ရမှန်းမသိဘူး။ အာဇာနည်တွေအကြောင်းမသိဘူး။ ဘဘ ဘာမှမသိဘူး။ အဲ့လိုနဲ့ စောက်ပေါယဥ်ကျေးမှု ထွန်းကားလာတယ်။ စောက်ပေါဆိုတာအဲ့တာကိုပြောတာပါပဲ။
စောက်ပေါလုပ်နေတယ်ဆိုတာကိုလည်း ဒီလောက်ဆိုသဘောပေါက်မှာပါ။ စာမတတ်သူ ပပျောက်ရေးဆိုသလို အခုခေတ်မှာ စောက်ပေါတွေများလာပြီး စောက်ပေါလုပ်နေကြပြီး တန်ဖိုးထားသင့်တာ ထိန်းသိမ်းသင့်တာ သိသင့်တာ၊ လုပ်သင့်တာတွေ မလုပ်သူတွေ များလာတယ်။ ကျောင်းမှာ စာကြည့်တိုက်မရှိတာလည်း ပါပါလိမ့်မယ်။ တိုးတတ်ဖို့လိုတယ်။ စောက်ပေါမလုပ်ဘဲ အသိဥာဏ်ဖွံ့ဖြိုးတိုးတတ်ဖို့။ အဲ့လိုလူတွေများမှ နိုင်ငံလည်း တိုးတတ်မယ်။ ခေတ်ရေစီးကြောင်း ဘာဘာညာညာဆိုပြီး ပြောတယ်။ မဆိုင်ဘူး။ တရားမျှတမှု ရှိတာကနေ မကောင်းတာလုပ်တာ ကောင်းတယ်ဆိုတဲ့ခေတ်ကို၊ မတရားမှုကြီးစိုးသွားတာ မတရားလုပ်သူတွေပေါများလာတာကို ခေတ်ရေစီးကြောင်းလို့တော့
ခေါင်းစဥ်မတပ်ပါနဲ့။ ငှက်သွင်ပျံကြွ မတတ်သော ကနေ ပေါက်ကရတွေ ရေးတဲ့ခေတ်ကိုရောက်လာတာ ဘယ်လိုမှမကောင်းဘူး။ တန်ဖိုးမထားတတ်သူတွေ လက်ထဲမှာ တန်ဖိုးရှိတာတွေ တဖြည်းဖြည်းပျောက်ပျက်လာတယ်။ ခေတ်ပျက်တယ်။ အတိတ်က တကယ်ကြမ်းတဲ့ပုဂ္ဂိုလ်တွေနဲ့ လက်ရှိတကယ်ကြမ်းတဲ့လူတွေ နေရာမရှိသလောက်ဖြစ်တယ်။ အရူးဘုံမြှောက်တယ်။ စောက်ပေါတွေ များတဲ့ခေတ်မှာ စောက်ရမ်းကြမ်းတာတွေ၊ အရမ်းကောင်းတဲ့အရာတွေ အရည်အချင်းရှိတဲ့လူတွေနဲ့ သူတို့ဆီကထွက်တဲ့ အနုပညာတွေ ဘောင်မဝင်တော့ဘူး။ ဒါကြောင့် နိုင်ငံကောင်းဖို့၊ လူမျိုးတိုးတတ်ဖို့ စောက်ပေါပပျောက်ဖို့ လိုအပ်ပါတယ်…။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------