Author's Profile Photo

Vic

30/08/2024

နောက်ကျခြင်း

1 min read
Personal Development
Education
နောက်ကျခြင်း's photo

'ပညာလို၊ အိုသည်မရှိ' ဆိုတဲ့ စကားဟာ မှန်သင့်သလောက်မှန်ပေမဲ့ တချို့‌သောကိစ္စတွေမှာက သူ့အချိန်နဲ့ သူ‌ဆောင်ရွက်နိုင်ပါမှ ပညာရေးအခွင့်အလမ်းရတာမျိုးတွေ ရှိတတ်ပါတယ်။

တစ်နေ့က ဖေ့စ်ဘုတ်သုံးနေရင်း ကျွန်မ Join ထားတဲ့ စကောလားရှစ်group တစ်ခုမှာ စကောလားရှစ်နဲ့ ပတ်သက်တဲ့ မေးခွန်းပို့စ်တစ်ခုတွေ့လိုက်တယ်။ ကိုယ်သိတဲ့ ကိစ္စတော့မဟုတ်လို့ ကျော်သွားမယ်လုပ်တုန်း 2025ဇန်နဝါရီမှာ 19နှစ်ပြည့်မယ်ဆိုတာကို ဖျတ်ခနဲ့‌တွေ့လိုက်တော့ ကျွန်မ စိတ်ဝင်စားမိသွားတယ်။ ကျွန်မလည်း လာမယ့်နှစ် ဇန်နဝါရီမှာ 19နှစ်ပြည့်မှာကို။

ဒါနဲ့ သူ့ပို့စ်ကို ဖတ်ကြည့်လိုက်တော့ ကျွန်မ မရင်းနှီးတဲ့ အသုံးအနှုန်းတွေကို တွေ့လိုက်ရပါတယ်။ ဒီတော့ အဲ့ဒီစကားလုံးတွေကို ကျွန်မ Search engineမှာ ရှာကြည့်ခဲ့တယ်။ ပေါ်လာတဲ့အရာတွေကို လိုက်ဖတ်ကြည့်တော့ ကျွန်မစိတ်ထဲ ကိုယ့်ကိုယ်ကို အားမရတာရော၊ ဝမ်းနည်းတာရော၊ နောင်တတွေပါရလာပါတယ်။

အဲ့ဒီ စကောလားရှစ်က လျှောက်ခွင့်ရှိသူတွေကို မွေးသက္ကရာဇ် အတိအကျနဲ့ ကန့်သတ်ထားတာပါ။ ဥပမာ အရင်နှစ် 2024 fallတုန်းကဆို (2,9,2005 - 1,5,2009) အတွင်းမှာမွေးတဲ့သူတွေဘဲ လျှောက်ခွင့်ရှိပါတယ်။ တစ်ရက်ပိုကြီးလည်းမရသလို တစ်ရက်ပိုငယ်ရင်လည်း လျှောက်ခွင့်မရှိပါဘူး။ မွေးသက္ကရာဇ် ကန့်သတ်ချက်တွေကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူပါဘူး။ လွယ်လွယ်ပြောရမယ်ဆိုရင် အသက် 16-18 နှစ် ရှိတဲ့သူတွေကိုဘဲ လက်ခံတယ်ပေါ့။

2024 fallအတွက်က ဒီနှစ် ဇန်နဝါရီကတည်းက ဖောင်ပိတ်ပြီး စကောလာရတဲ့လူတွေလည်း ရသွားကြပါပြီ။ လာမယ့် နိုဝင်ဘာ၊ 2024 - ဇန်နဝါရီ၊ 2025မှာ ‌2025fallအတွက် ဖောင်ဖွင့်အုံးမှာပါ။ ဒါပေမဲ့ ကျွန်မလျှောက်လို့ ရ၊ မရ မသေချာပါဘူး။ မရဖို့က များပါတယ်။ ဇန်နဝါရီဆို 19နှစ်ပြည့်ပြီကိုး။

ကျွန်မ အသက် 16နှစ်, 17နှစ် ,18နှစ် အစောပိုင်းကာလ တုန်းက ဒီစကောလားရှစ်အကြောင်း ကျွန်မ ဘာလို့မသိခဲ့တာလဲပေါ့။ ကျွန်မကိုယ် ကျွန်မပြန်သုံးသပ်တော့ ဆိုရှယ်မီဒီယာကို ကောင်းကောင်းအသုံးမချတတ်လို့ ဆိုတဲ့အချက်ကို သွားတွေ့ပါတယ်။ ဟုတ်ပါတယ် လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဆိုရှယ်မီဒီယာကို စာပို့ဖို့၊ ပုံတင်ဖို့လောက်ပဲ သုံးမိနေခဲ့တယ်။ အဲ့ဒီအတွက် ဝမ်းနည်း၊ နောင်တရပေမဲ့ အခုအချိန်ကစလို့ မျက်စိဖွင့်နားစွင့်၊ ဆိုရှယ်မီဒီယာကို ကောင်း" အသုံးချပြီး နောက်ထပ်လာမယ့် အခွင့်အလမ်းတွေကိုတော့ သေချာဖမ်းဆုတ်တော့မှာပါ။

မှတ်ချက် - ဆက်ရန်ရှိသေးသည်။
Photo © greekgodcomplex, Tumblr.com

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း