Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

29/08/2024

?️အသက်(၇)နှစ်တည်းနဲ့ six packတွေထွက်လာတဲ့ ကာယဗလမယ်လေး

1 min read
Education
General Knowledge
?️အသက်(၇)နှစ်တည်းနဲ့ six packတွေထွက်လာတဲ့ ကာယဗလမယ်လေး's photo


?ဒီကလေးမလေးကတော့ Kynleeလို့ခေါ်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ကာယဗလမယ်လေးပဲဖြစ်ပါတယ်။ Kynleeက အသက်(၇)နှစ်ပဲရှိသေးတယ်ဆိုပေမယ့် အရွယ်လေးနဲ့မလိုက်အောင် တကယ်ကိုထူးချွန်ထက်မြက်ပြီးတော့ နယ်ပယ်တော်တော်များများမှာလည်း ပါရမီပါလာတဲ့ ကလေးမလေးတစ်ယောက်ပါ။


?အခုလို အသက်ငယ်ငယ်လေးနဲ့ ဘက်စုံထူးချွန်နေတာကို တစ်ချို့လူတွေက ချီးကျူးနေကြသလို တစ်ချို့ကတော့ ပြစ်တင်ဝေဖန်တာတွေလည်းရှိခဲ့ပါတယ်။ ဒါဆိုရင် ဘယ်လိုအချက်တွေကြောင့် ဒီလိုထူးချွန်တဲ့ကလေးမျိုးကို လူတွေက အပြစ်တင်နေကြတာလဲ?

?တကယ်တော့ Kynleeလေးဟာ အသက်(၂)နှစ်ဆိုတဲ့ လူမမယ်အရွယ်လေးကတည်းက ကလေးအလှမယ်တစ်ယောက် ဖြစ်လာခဲ့သူတစ်ယောက်ပါ။ သူ့အသက်(၃)နှစ်မှာပဲ ကာယဗလမယ်အလုပ်ကို စတင်ကူးပြောင်းသွားခဲ့ပါတယ်။


?ဒီအရွယ်တစ်ခြားကလေးတွေက သူတို့ကိုယ်သူတို့ လူမှန်းတောင်မသိကြသေးတဲ့အချိန်မှာ Kynleeကတော့ အနာဂတ်မှာ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ အခုလိုကြိုးစားနေခဲ့တာဖြစ်ပါတယ်။


?သူ့ရဲ့လေ့ကျင့်ကြိုးစားမှုတိုင်းကိုလည်း social media ပေါ်မှာ အမြဲမျှဝေလေ့ရှိတာကြောင့် လူတွေလည်း ဒီကလေးကို သတိထားမိလာကြပါတယ်။

? အထူးသဖြင့် အသက်(၇)နှစ်တည်းနဲ့ six pack တွေထွက်နေတဲ့ ချာတိတ်မလေးဆိုပြီး လူတွေက ပိုပြီးအာရုံစိုက်မိလာခဲ့ကြတာပါ။ သာမန်အရွယ်ရောက်ပြီးသား ယောကျာ်းလေးတစ်ယောက်အတွက်တောင် ဒီလိုsix packတွေနဲ့ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။


?အတော်လေးခက်ခက်ခဲခဲနဲ့ ပင်ပင်ပန်းပန်းလေ့ကျင့်ယူရသလို dietကိုလည်း အများကြီးဂရုစိုက်ပေးဖို့လိုပါတယ်။ ဒီနေရာမှာ Kynleeလေးက အသက်တစ်အားငယ်လွန်းတာကြောင့် သူ့အတွက် ပိုလို့တောင် challenge ဖြစ်စေမှာပါ။


?ဒါမယ့် ဒီကလေးက တကယ်ကိုဇွဲ၊လုံ့လရှိပြီးတော့ လေ့ကျင့်တဲ့နေရာမှာလည်း စည်းစနစ်ကျကျနဲ့ သေသေချာချာလေးကို လေ့ကျင့်ယူခဲ့ပါတယ်။

? တစ်ရက်ကို (၆)နာရီကြာလေ့ကျင့်ပြီး‌တော့ တစ်ပတ်ကို (၃)ရက်လောက်လေ့ကျင့်ပါတယ်။ နောက်နှစ်ရက်မှာလည်း အချိန်(၃)နာရီစာလောက်ယူပြီးတော့ ထပ်စောင်းလေ့ကျင့်မှုတွေလုပ်ပါသေးတယ်။


? အစောကပြောခဲ့သလို အခုလိုလေ့ကျင့်မှုတိုင်းကိုလည်း Social media ပေါ်မှာ မျှဝေသေးတာကြောင့် လူတွေက ဒီကလေးမလေးနဲ့ အတော်လေးရင်းနှီးနေပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ Kynleeရဲ့အပြင်းထန်လေ့ကျင့်မှုတွေကို နောက်ကွယ်ကနေပံ့ပိုးနေတဲ့သူက သူ့ရဲ့အမေကိုယ်တိုင်ပဲဖြစ်နေတာကြောင့် လူတွေက အမျိုးမျိုးမြင်လာကြပါတော့တယ်။

?တစ်ချို့ကတော့ "ကလေးမလေးက တော်လိုက်တာ၊ အရွယ်နဲ့မလိုက်အောင် အရမ်းထူးချွန်တာပဲ၊ talent လည်းရှိတယ်၊ အိုလံပစ်ပွဲကြီးမှာ မြန်မြန်တွေ့ချင်နေပြီ"စသဖြင့် အမျိုးမျိုးချီးကျူးနေကြပါတယ်။ ဒါမယ့် တစ်ချို့ရဲ့အမြင်မှာတော့ ကလေးကငယ်သေးတာကြောင့် အချိန်မတိုင်သေးဘဲ ဒီလိုအပြင်းအထန်တွေလေ့ကျင့်တာက အရွယ်ရောက်လာရင် ကျန်းမာရေးအတွက်စိုးရိမ်ရတယ်ဆိုပြီး စိတ်ပူနေကြပါတယ်။


? ဒါ့ကြောင့် ကလေးကို ဒါတွေအားလုံး လုပ်ခိုင်းနေတဲ့အမေဖြစ်သူကိုပဲ မကောင်းမြင်လာကြပါတော့တယ်။ comment တွေမှာလည်း "ကလေးကို ဘယ်လိုတွေပျိုးထောင်နေတာလဲ" အမေလုပ်နေပြီး ကလေးအတွက်ပူပန်မှုမရှိဘူးလား" ဒါဟာ ပိုက်ဆံရဖို့အတွက် ကိုယ့်ကလေးအရင်းကို နှိပ်စက်နေတဲ့မိဘမျိုးပဲ" စသဖြင့် အပြစ်တင်ဝေဖန်နေကြပါတယ်။


?ဒီကိစ္စအပေါ် မိတ်ဆွေတို့ရော ဘယ်လိုထင်ကြပါသလဲရှင်...?

မြသွန်း(တောင်ဒဂုံ)

Keep Reading

"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများနည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုးတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ