မြသွန်း(တောင်ဒဂုံ)
?၁၉၇၆ခုနှစ်လောက်တုန်းက မြန်မာနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ အမှုတစ်ခုကတော့ လူသားစားဘုန်းကြီးဦးလာဘ အဖမ်းခံခဲ့ရတယ်ဆိုတဲ့ အမှုပဲဖြစ်ပါတယ်။
? ဒီကိစ္စအပေါ် လူတွေကအတော်လေးရှုတ်ချခဲ့ကြသလို အစိုးရဘက်ကလည်း ဦးလာဘကို ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုလို တစ်တိုင်းပြည်လုံးက ဦးလာဘအပေါ်ကို ရက်စက်ပြီးကြောက်စရာကောင်းတဲ့ လူသားစားသတ္တဝါတစ်ကောင်လို မြင်နေကြတဲ့အချိန်မှာ လူတစ်ချို့ကတော့ ဦးလာဘဟာ ဘာအပြစ်မှမရှိဘဲ တမင်ချောက်ချခံရတာဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။
?အဲ့ဒီအချိန်တုန်းက ဦးလာဘဟာ နိုင်ငံရေးပါဝင်တက်ကြွမှုတွေရှိခဲ့တာကြောင့် ဦးနေဝင်းတို့စစ်တပ်အဖွဲ့က တမင်လုပ်ကြံပြီးနာမည်ဖျက်ခဲ့တယ်လို့ သူတို့က ယုံကြည်နေကြတာပါ။
? ဒါနဲ့ပတ်သတ်ပြီး ခိုင်လုံတဲ့သက်သေအထောက်ထားမရှိတာကြောင့် လူအများကတော့ ဦးလာဘနဲ့ပတ်သတ်ပြီး နာမည်ကြီးဇာတ်လမ်းတစ်ပုဒ်ကိုပဲ ပုံအောယုံကြည်ခဲ့ကြပါတယ်။
? ဒီဇာတ်လမ်းအရတော့ ဦးလာဘက အထက်လမ်းကိုမျက်နှာဖုံးထားပြီး နောက်ကွယ်မှာ ရက်စက်ကြောက်စရာကောင်းတဲ့ အောက်လမ်းကျင့်စဉ်ကြီးတစ်ခုကို ကျင့်ကြံနေခဲ့တာလို့သိရပါတယ်။
?အဲ့ဒီကျင့်စဉ်က လူသားစားပြီးမှကျင့်ကြံရတာဖြစ်ပြီး ပေါက်ရောက်အောင်မြင်သွားရင်လည်း ဝိဇ္ဇာဘုရင်တစ်ပါးလိုပဲဖြစ်သွားမှာပါ။
? ဒါမယ့် ဦးလာဘက အောင်မြင်ခါနီးမှာပဲ လူတွေက သူ့အကြောင်းကိုသိသွားလို့ ထောင်နန်းစံသွားခဲ့ရပါတယ်။ ဦးလာဘသီတင်းသုံးခဲ့တဲ့ကျောင်းကတော့ ယခုတောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းဘေးမှာတည်ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
?ဒါ့အပြင် ဦးလာဘက သူ့ဇနီးနဲ့သားဖြစ်သူကိုပါ ဘုန်းကြီးကျောင်းမှာအတူခေါ်ထားတာလို့လည်း သိရပါတယ်။ သူတို့သားအမိနှစ်ယောက်စလုံးက ဦးလာဘရဲ့ကျင့်စဉ်ကြီးအောင်မြင်ဖို့အတွက် ပါရမီဖြည့်ပေးခဲ့ကြတာပါ။
?သားက လူတွေကိုလိုက်သတ်ပြီးတော့ အမေက ရလာတဲ့အသားတွေကို ဦးလာဘစားဖို့ ချက်ပြုတ်ပေးရပါတယ်။ အဲ့လိုနဲ့ကြာလာတော့ အနီးနားပတ်ဝန်းကျင်မှာ လူပျောက်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်။
?ပျောက်သွားတဲ့သူတိုင်းကလည်း ဦးလာဘရဲ့ကျောင်းနားဝန်းကျင်မှာပဲ နောက်ဆုံးအကြိမ်တွေ့ခဲ့ရတာကြောင့် လူတွေက အနည်းငယ်ရိပ်မိလာကြပါတယ်။
?အထူးသဖြင့် ကိုရင်တစ်ပါးက ဦးလာဘကျောင်းနားမှာ ခြင်းခတ်နေရင်းနဲ့ သူ့ခြံထဲခြင်းလုံးကျသွားလို့ သွားကောက်ရာကနေ ပြန်ထွက်မလာတော့ဘဲ သတင်းအစအနပျောက်သွားတာကြောင့် လူတွေကပိုပြီးသံသယဖြစ်လာခဲ့ကြပါတယ်။
? အဲ့လိုနဲ့ တစ်ရက်မှာ ဦးလာဘကျောင်းကို လူငယ်တစ်ယောက်ရောက်လာခဲ့ပြီးတော့ အဲ့ဒီလူငယ်လေးကြောင့်ပဲ လူသားစားဘုန်းကြီးဦးလာဘအကြောင်းက ဘူးပေါ်သလိုပေါ်သွားခဲ့ပါတယ်။ လူငယ်လေးက ဆွမ်းကပ်ပြီးထပြန်မယ်လုပ်တော့ အနောက်ကနေ ဦးလာဘသားက ဓားနဲ့လှမ်းခုတ်လိုက်တာ လက်ချော်ပြီး ချက်ကောင်းကိုမထိသွားခဲ့ပါဘူး။
?အဲ့ဒီအခွင့်ကောင်းမှာပဲ လူငယ်လေးက အသည်းသန်ထပြီးထွက်ပြေးလာလိုက်တာ ကံကောင်းပြီးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ အဲ့ဒီတော့မှပဲ လူတွေအားလုံးက ဦးလာဘအကြောင်းကို သိသွားခဲ့ကြတာပါ။
?ရဲတွေစစ်ဆေးလိုက်တဲ့အခါမှာတော့ ကျောင်းထဲကနေ အချဉ်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်အပိုင်းစတွေကို တွေ့ခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကနေစပြီးတော့ ဇာတ်တူသားစားတဲ့ဦးလာဘက သမိုင်းမှာနာမည်ဆိုးတစ်ခုနဲ့ ကျန်ရစ်သွားခဲ့ပါတယ်။
?ဒါမယ့်အရှေ့မှာပြောခဲ့သလိုပဲ ဦးလာဘက နိုင်ငံရေးလုပ်လို့ ချောက်ချခံရတယ်ဆိုတဲ့ story တွေကလည်းရှိနေတာကြောင့် သူတကယ် လူသားစားတာ ဟုတ်၊မဟုတ်ကိုတော့ တပ်အပ်မပြောပြနိုင်သေးပါဘူး။ ဒါနဲ့ပတ်သတ်ပြီး မိတ်ဆွေတို့သိထားတဲ့ တစ်ခြားအကြောင်းရာတွေရှိရင်လည်း comment ထဲမှာမျှဝေပေးခဲ့ကြပါဦးနော်...?
မြသွန်း(တောင်ဒဂုံ)
Keep Reading