Author's Profile Photo

Sam Myu Ter

29/08/2024

ချစ်သောအတွက်...

1 min read
18 Again
ချစ်သောအတွက်...'s photo

ချစ်သောရေ....

"အချစ်မခံရတဲ့ ကလေးဟာ မချစ်တတ်ကြဘူးတဲ့"
အထီးကျန်ဆန်လှတဲ့ ကိုယ့်ဘဝထဲ မင်းဝင်လာတဲ့အချိန်ကစ
မချစ်တတ်တဲ့ကိုယ်ဟာ ချစ်တတ်ဖို့ ကြိုးစားသင်ယူနေခဲ့မိပါတယ်...

"ပျော်ရွှင်ရခြင်းကိုသိတယ်ဆိုရင် တစ်ပါးသူကိုလည်း မျှဝေပေးလိုက်ပါတဲ့"
ကိုယ့်အတွက် ပျော်ရွှင်ရခြင်းတွေ ရှိလာခဲ့ရင် မင်းနဲ့အတူမျှဝေခံစားချင်မိတာ နှလုံးသားကလာတဲ့ ဆန္ဒတစ်စုံတစ်ရာပါကွယ်...

နေပူရင် အေးချမ်းစေချင်တယ်
မိုးရွာရင် နွေးထွေးစေချင်တယ်
အလဲအပြိုပြို ဖြစ်နေတဲ့ မင်းကိုမြင်ရင် နှလုံးသားထဲက ခံပြင်းမိပြီး၊
ထွေးပွေ့ထားချင်မိပြီး အားအင်တွေ ပေးချင်မိတာပါ...

အချစ်ဆိုတာ ဒါမျိုးထင်ပါရဲ့...
အတူမရှိစဉ်က နာကျင်စရာအတိတ်မျိုး ရှိခဲ့ရင်တောင်
အမြစ်ကမကျန် ဆွဲနုတ်ပေးချင်မိတာမျိုး...

လူ့ဘဝက တိုတိုလေး အချစ်ရဲ့
အတိတ်နဲ့ အနာဂတ်အကြောင်းစဉ်စားမိလို့ ရင်မောနေရရင်
လက်ရှိပစ္စုပ္ပန် ကိုပဲ တွေးပြီး ပျော်ပျော်နေလိုက်ပါလားကွယ်
မင်းမျက်နှာလေးငြှိုးနွမ်းနေရင်တောင်
ကိုယ်ဟာ မနေတတ်တဲ့သူမို့ မင်းမျက်နှာလေးပြုံးမှ ဖြစ်မှာ အချစ်ရဲ့...

အချစ်ဆိုတာ ဘာလဲ မေးရင် မင်း လို့ဖြေမှာမို့၊
ချစ်ခြင်းတရားကို ဘယ်သူ့ကြောင့်သိလဲမေးရင်
မင်းကြောင့်လို့ ဖြေမှာမို့ ၊ အထီးကျန်ဆန်တဲ့ကိုယ့်ကို ချစ်တတ်သွားအောင် သင်ပေးခဲ့လို့ ကိုယ်က မင်းကို ကျေးဇူးအခါခါတင်မိပါတယ်
ဒါကြောင့်ကိုယ့်အချစ်က များများ ချစ်ပေးမယ်မဟုတ်လား...

#Sam Myu Ter (28.8.2024)
I will be come back.??

Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။