Yam
ဘုရားအလောင်းတော်သည် နန်းတော်ထဲတွင် နေစဉ်က အကောင်းဆုံး အစားအသောက် အသုံးအဆောင်များကိုသာ စားသောက်သုံးဆောင်ခဲ့ရ၏။ တောထွက်တော်မူပြီးနောက်၌ကား ရသမျှဖြင့် တင်းတိမ်ရောင့်ရဲတော်မူရသည်။ ယခင်က ရွေနန်းသုံးဆောင်၌ အထက်တန်းကျကျ စံမြန်းခဲ့ကသော်လည်း ယခုအခါ၌ကား သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ ဆင်းရဲပင်ပန်းစွာ နေထိုင်အိပ်စက်ရသည်။
ထိုသို့နေထိုင်ကာ အမှန်တရားကို ရှာဖွေရင်း အာဠာရနှင့် ဥဒက ဟူသော ရသေ့ကြီးနှစ်ပါးကို ဆည်းကပ်ခွင့်ရခဲ့၏။ ထိုရသေ့ကြီးများ ရရှိထားသော လောကီတရားထူးများကိုလည်း ရက်အနည်းငယ်အတွင်းနည်းခံရရှိခဲ့၏။ ရသေ့ကြီးများက အလောင်းတော်ကို သဘောကျပြီး တပည့်ပရိတ်သတ်များကို ဝိုင်းဝန်းအုပ်ချုပ်ပေးရန် ကမ်းလှမ်းကြသည်။ မိမိ၏ ရည်မှန်းချက် မပြည့်စုံသေး၍ ရသေ့ကြီးများ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
ထို့နောက် ဥရုဝေလတောသို့ ကြွတော်မူကာ ဒုက္ကရစရိယာအကျင့်ကို ကျင့်သုံးခဲ့သည်။ ပဉ္ဓဝဂ္ဂီငါးဦးကအလောင်းတော်အား ပြုစုလုပ်ကျွေးကြ၏။ အလောင်းတော်သည် အစားအသောက်ကို ခြိုးခြံလွန်း၍ အသားအရေများ တဖြည်းဖြည်း ညိုမည်းခြောက်သွေ့လာကာ အရိုးနှင့်အရေသာ ကျန်ပြီး နောက်ဆုံး အာဟာရပြတ်၍ လဲကျသည်အထိ ဖြစ်ခဲ့သည်။
အလောင်းတော်သည် ထိုဒုက္ကရစရိယာ အကျင့်ကို ခြောက်နှစ်ကြာ ကျင့်တော်မူပြီးနောက် “ဤနည်းနဲ့ တရားထူးရနိုင်မှာ မဟုတ် ” ဟု ဆင်ခြင်မိပြီး အစားအသောက်ပြန်လည် မှီဝဲသုံးဆောင်ကာ အလာ်အလတ်လမ်းစဉ်ကို ပြောင်း၍ ကျင့်သုံး၏။ ထိုအခါ ပဉ္ဓဝဂ္ဂီငါးဦးတို့က “ပြင်းပြင်းထန်ထန် ကျင့်သုံးမှုကို စွန့်ပယ်သွားပြီး ၊ ဘယ်နည်းနဲ့မှ ဘုရားဖြစ်မှာ မဟုတ်တော့ ” ဟု ယူဆကာ အလောင်းတော်ကိုစွန့်ခွာ သွားကြလေသည်။
ကဆုန်လပြည့်နေ့ နံနက်စောစောအချိန်တွင် အလောင်းတော်သည် ညောင်ပင်အောက်၌ ထိုင်နေတော်မူသည်။ ထိုအချိန်တွင် သုဇာတာသူဌေးသမီးသည် အလောင်းတော်ကို မိမိအား သားဆုပေးသော နတ်မင်းဟု ထင်မှတ်ကာ ဃနာနို့ဆွမ်းကို ရွေခွက်နဲ့အတူ ကပ်လှူပူဇော်ခဲ့၏။ အလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်း၌ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီး “ယနေ့ ဘုရားဖြစ်မည် မှန်ပါက ဤရွေခွက်သည် ရေညာသို့ ဆန်တက်ပါစေသကတည်း ” ဟုအဓိဠာန်ပြုကာမြစ်ထဲသို့ မျှောလိုက်လေသည်။ ရွေခွက်သည် ရေညာသို့ ဆန်တက်သွားလေသည်။
ထို့နောက် အလောင်းတော်သည် ညနေချမ်းအချိန်တွင် ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။ လမ်းတွင်း မြက်ထမ်းသမား သောတ္ထိာလှူဒါန်းသောမြက်ရှစ်ဆုပ်ကို ဗောဓိပင်ခြေရင်း၌ ကြဲဖြန့်ကာ "ဘုရားမဖြစ်သမျှ ကာလပတ်လုံး ဤနေရာမှ ငါမထတော့ " ဟု အဓိဠာန်ပြုကာ တရားအားထုတ် တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃ ခု ၊ ကဆုန်လပြည့်နေ့ ၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်၏ ရန်ကို အောင်မြင်တော်မူပြီး အရုဏ်တက်ခါနီး အချိန်တွင် "သိစရာမှန်သမျှ အကြွင်းအကျန်မရှိ ကိုယ်တော်တိုင်သိမြင်သော ဘုရားရှင်" အဖြစ်သို့ ရောက်တော်မူခဲ့လေသည်။ ( သဗ္ဗညုတရွေဉာဏ်တော်ကို ရသည်နှင့် တစ်ပြိုင်နက် နေအရုဏ်လည်း တက်လေတော့သည်။)
-Yam ,| 25.8.2024 | ✓
Keep Reading