Aung Thu Ya Kyaw
နိဒါန်း
Real Estate လို့ခေါ်တဲ့ အိမ်ခြံမြေလုပ်ငန်းဟာတကယ်တမ်းပြောရရင်မြေကြီးနဲ့မကင်းကွာပါဘူး။ တကယ့် Essential က မြေကြီးပါပဲ။ အိမ်ခြံမြေလုပ်ငန်းတစ်ရပ်ဟာ မိမိ ရောင်း ၊ ဝယ် ၊ ငှားရမ်းခြင်း တွက် ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်တဲ့အခါ တည်နေရာ ၊ ဈေး ၊ ကျောင်း ၊ ကားဂိတ် အဝင်အထွက် တဲ့အခင်းအကျင်း ၊ အေးချမ်းငြိမ်သက်တဲ့ပတ်ဝန်းကျင်ကောင်းမွန်မှု ၊ အဆောက်အဦကောင်းမွန်ခိုင်ခံ့မှု ၊ ဒူးနှုန်း သင့်တင့်မှု ၊ ပစ္စည်း( Property )ပေါ် ယုံကြည်စိတ်ချနိုင်တဲ့ အာမခံချက်ပေးနိုင်မှု တို့အပြင် တနာ ၊ ရိုးသားခြင်းတွေပါရှိခဲ့ထားခဲ့ရင် အောင်မြင်တဲ့လုပ်ငန်းတစ်ရပ်ဖြစ်နိုင်မှာဖြစ်ပါတယ်။
တိုက်ရောင်းဝယ်ငှားရမ်းခြင်း ၊ ပေါင်နှံပေးတဲ့အခါ အထက်မှာပြောခဲ့တဲ့မြေကြီးရဲ့အကြောင်းတော့ သိရှိနားလည်ထားရင်ဖြင့် မိမိရဲ့ ဝန်ဆောင်မှုကို ကောင်းမွန်ချောမွေ့စေမယ်လို့ထင်ပါတယ်။
မြေအကြောင်း
ကျွန်တော်တို့ မြန်မာပြည်ရဲ့မြေဟာ နိုင်ငံတော်ပိုင်မြေ ( State Land )ပဲပြောပြော ၊ အစိုးရမြေ (Government Land) မျိုးသာဖြစ်ပါတယ်။ဒါဟာ ဒီနိုင်ငံကမြေရဲ့ Status ပါပဲ။
ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ( ၁၈၅၂ ခုနှစ် ၊ ဒီဇင်ဘာ )အပြီး ၊ မြေထဲမြို့မှစလို့ အောက်မြန်မာတစ် အားလုံး အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပါတယ်။ ဒီတော့အင်္ဂလိပ်က ဘာလုပ်ခဲ့သလဲ။ မြေစီမံခန့်ခွဲမှု and Management) ကို အလိုကျစီမံဖန်တီးနိုင်လို့ မူဝါဒ( Policy )တစ်ရပ်ချလိုက်တယ်။ အဲဒါက က ရန်ကုန်မြို့မြေအားလုံးနဲ့ တဆက်တစပ်တည်းရှိတဲ့ဆင်ခြေဖုံးမြေ (Suburban Allotment )တွေကို ၈၅၂ ခုနှစ် ၊ ဒီဇင်ဘာလ (၂၄)ရက်မှာ အစိုးရပြေများအဖြစ်ကြေငြာခဲ့တာပဲဖြစ်တယ်။ ခြွင်းချက်ကတော့ သားစဉ်မြေးဆက်ပိုင်လာတဲ့မြေ ancestral Land ကိုတော့မထိခိုက်ဘဲ ဆက်လက်အသိအမှတ်ပြုပေးခဲ့ပါ ယ်။ ရန်ကုန်မြို့မြေဟာ ၁၈၅၂ ခုနှစ်ထဲက အစိုးရမြေမျိုးဖြစ်တယ်လို့သိမှတ်ထားရန်ဖြစ်ပါတယ်။
အဲဒီတော့ အထက်မြန်မာပြည်မှာကော ဘာမြေ တွေလဲလို့မေးစရာရှိပါတယ်။ သီပေါဘုရင်ရှိနေဆဲ ပဒေသရာဇ်စနစ်နဲ့ အုပ်ချုပ်နေတာမို့ နိုင်ငံရေးသိပ္ပံပညာရပ်အရဆိုရင်မြေရှင်ကြီးစနစ်ပါ။ မြေ ၊ ရေ ၊ လေ ၊ တိုင်းသူပြည်သားတွေနဲ့ အရာအားလုံးကိုဘုရင်က ပိုင်ပါတယ်။ ဘုရင်က မတို့မထိပဲ အသိအမှတ်ပြုထားတဲ့ဓားမဦးချ မြေ ၊ တနည်း - ဘိုးဘပိုင်မြေရယ် ၊ သာသနာနဲ့ စပ်ယှဉ်တဲ့ ဝတ္တကမြေရယ်ပဲ ရှိပါတယ်။
ချုပ်လိုက်ရင် အထက်မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးကိုသာအခြေခံတဲ့ ကုန်ထုတ် စီးပွားရေးသာဖြစ်တဲ့အတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့မြေကို လုပ်ပိုင်ခွင့်(Tenure) ပေါ်မူတည်ပြီး
(က) ဘုရင့်မြေ(အရာတော်မြေ)
(ခ) မိဖုရားကြီးမြေ(ယွန်းပေါင်ပါမြေ)
(ဂ) လက်အောက်အမှုထမ်းများအားနေရန်အတွက်ပေးသောမြေ(နေမြေ)
(ဃ) လုပ်ကိုင်စားသောက်ရန်အတွက်ပေးသောမြေ(စားမြေ)ဆိုပြီး ၊ မြေအတန်းအစား(Kinds of Class) ခွဲထားပေမယ့် ဒါတွေဟာဘုရင်ပိုင်မြေ တနည်းအစိုးရမြေမျိုးလိုပါပဲ။
ပုဂ္ဂလိကပိုင်ဆိုင်မှုအနေနဲ့ ဘိုးဘပိုင်မြေကို -
(က) ဓားမဦးချမြေ
(ခ) မင်းပေးမြေ
(ဂ) ငွေဝယ်ငွေပေါင်မြေ ဆိုတာတွေဟာ သားစဉ်မြေးဆက်ပိုင်ဆိုင်ခွင့်ပြုထားတဲ့မြေများဖြစ်ပါတယ်။
အဲဒီတော့ ရန်ကုန်မြို့မှာလည်း အစိုးရမြေမျိုးရယ် ၊ ဘိုးဘပိုင်မြေရယ် ၊ စေတီကျောင်းကန်ဘုရား စတဲ့ သာသနာနဲ့စပ်ယှဉ်တဲ့ ဝတ္တကမြေရယ်ဖြစ်ပါတယ်။
ရန်ကုန်မြို့မြေ
၁၈၅၂ ခုနှစ်ကစပြီး ရန်ကုန်မြို့နဲ့အနီးဝန်းကျင်မြေအားလုံးဟာ အစိုးရမြေဖြစ်ခဲ့ပြီးဆိုတာကို ပြော ခဲ့ပြီးပါပြီ။ အင်္ဂလိပ်တွေရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးနောက် ၊ မြို့ကို ခေတ်သစ်မြို့တော် ( Modern City ) အဖြစ်တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးမှု စီမံကိန်းကို ၁၈၇၄ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ ရန်ကုန်မြူနီစီပါယ်အဖွဲ့ဟာ မူလအုပ်ချုပ်သူ မြို့ဝန်ကြီး(Town Magistate)လက်ကနေ လွှဲပြောင်းယူခဲ့ ပြီးနောက် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးကို ဆောင်ရွက်တယ်။
ရန်ကုန်ကိုအကွက်ချဖော်ထုတ်စဉ်က Urban population က(၃)သောင်းဝန်းကျင်ဖြစ်ပေမယ့် ၊ ဦးရေတိုးတက်လာလို့ ရန်ကုန်ကိုတိုးချဲ့ရပြန်တယ်။ ရေ ၊ မိလ္လာ ၊ လမ်း ၊ လျှပ်စစ်မီးရရှိရေး ၊ မြို့ပြသန့် ရေး ကိစ္စရပ်တွေလည်းများလာ ၊ မြို့ပြဖွံ့ဖြိုးရေးအတွက် Budget ကိုလည်းအစိုးရကမပေး ၊ ကိုယ့် ဘာကိုယ်ရှာဆောင်ရွက်ခဲ့ရတာမျိုးဖြစ်တော့ ရန်ကုန်မြို့တော်စည်ပင်ဖွံ့ဖြိုးရေးကို သီးခြားကိုင်တွယ် ည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။
၁၉၂၀ ခုနှစ်မှာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ရန်ကုန်စည်ပင်သာယာအဖွဲ့ ( The Rangoon -exelopment Trust)ဖြစ်ပါတယ်။ ယနေ့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ( Department of man Settlement and Housing Development) ၊ လူအများသိမှတ်ထားတဲ့ အိုးအိမ်ဦးစီးဌာနရဲ့ အဦးအစပဲဖြစ်ပါတယ်။
အဲဒီ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့(R.D.T)ဟာအစိုးရကိုယ်စား အစိုးရမြေတွေနဲ့ အဲဒီအဖွဲ့က မြေ ၊ R.D.T မပေါ်ခင်ကရှိခဲ့တဲ့ပြည်သူ့လုပ်ငန်းဌာန( Public Work Department ) ပိုင်မြေတွေ ၊ ဘိုးဘပိုင်မြေတွေအပေါ်မှာ မြို့ပြဖွံ့ဖြိုးရေး Urban Development အတွက် ၊ မြေစီမံခန့်ခွဲမှု Land Management ကိုတောက်လျှောက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။
မြေအမျိုးအစား
ကျွန်တော်တို့နိုင်ငံရဲ့မြေကိုအုပ်စု(၂)ခု two categories ခွဲလို့ရတယ်။
(၁) စိုက်ပျိုးမြေ(Agricultural Land)
(၂) မစိုက်ပျိုးမြေ (Non Agricultural Land)ဖြစ်ပါတယ်။ စိုက်ပျိုးမြေဟာ နိုင်ငံတော်က ထွန်ယက် ပျိုးရေးအတွက် နေရာချထားပေးတဲ့မြေလွတ်မြေရိုင်းတွေ ၊ လယ်မြေ ၊ ယာမြေ ၊ ကိုင်းကျွန်းနဲ့ဥယျာဉ် တွေပါပဲ။
မစိုက်ပျိုးမြေဆိုတာကတော့ စိုက်ပျိုးလုပ်ကိုင်ဖို့မရယ်ရွယ်ထားတဲ့ မြေကိုပြောတာဖြစ်ပြီး ၊ သစ် တောမြေ ၊ စားကျက်မြေ ၊ ကားလမ်း ၊ မြို့ပြေနဲ့ တောမြေအထိရှိသည်တို့ဖြစ်ပါတယ်။
စိုက်ပျိုးမြေကို မစိုက်ပျိုးမြေအဖြစ် file ပြောင်းတာကိုတော့ ၁၉၅၃ ခုနှစ် ၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ (Land Nationalization Act, 1953) ပုဒ်မ ၃၉ အရ Land Use Permission လိုအပ်ခဲ့ပါတယ်။ အတိုချုပ်ကတော့ "လယ်ယာမြေမှအပ" ၊ အခြားနည်းနဲ့အသုံးပြုနိုင်ရေး ခွင့်ပြုတဲ့ပုဒ်မဖြစ်ပါတယ်။ အခု ၊ ဒီအက်ဥပဒေကိုရုပ်သိမ်းလိုက်ပြီး ၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေပုဒ်မအမှတ်(၁၁)အရ “လယ်ယာမြေဥပဒေ” ကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
လယ်ယာမြေဥပဒေ ပုဒ်မ(၃၀)မှာ “အများပြည်သူ့အကျိုးငှာ" လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ အသုံးပြုခွင့်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ကခွင့် ပြုပေးနိုင်ကြောင်းပြဌာန်းထားပါတယ်။
မစိုက်ပျိုးမြေမျိုးထဲက မြို့မြေနဲ့ပတ်သက်လို့ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့လက်ထက် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ( ၆ )အရလည်းကောင်း ၊ ရန်ကုန်စည်ပင်သာ ယာရေးအဖွဲ့ရဲ့ ၁၉၂၂ ခုနှစ်၊ မြေနည်းဥပဒေ(Land Rules)ပုဒ်မ( ၉ )အရလည်းကောင်း မြေငှားစာချုပ် ထုတ်ပေးခြင်းဟာ -
(က) လူနေထိုင်ရန် (For Residential)
(ခ) အဆောက်အဦဆောက်ရန်(For Building)
(ဂ) စက်မှုလုပ်ငန်းလုပ်ရန်(For Industry)
(ဃ) အခြားရည်ရွယ်ချက်(For other purposes)
များအတွက် မြေငှားစာချုပ်(Lease) ကိုထုတ်ပေးခဲ့ပြီး ၊ အချိန်ကာလအားဖြင့်
(၁) သုံးလပတ်မြေငှားစာချုပ် (Quarterly Lease)
(၂) နှစ်ခြင်းမြေငှားစာချုပ်(Year to year Lease)
(၃) ငါးနှစ်မြေငှားစာချုပ်(Five year Lease)
(၄) နှစ်သုံးဆယ်ဆင်ခြေဖုံးမြေငှားစာချုပ်(Thirty year suburban Lease)
(၅) ဆယ်နှစ် ၊ နှစ် နှစ်ဆယ် ၊ နှစ်သုံးဆယ် ၊ နှစ်ခြောက်ဆယ်မှာ မြေငှားခပြန်လည်ပြင်ဆင်သတ် မှတ်ရန်စည်းကမ်းချက်ပါရှိပြီး ၊ မြေငှားစာချုပ်ကို သက်တမ်းတိုးမြှင့်နိုင်တဲ့နှစ်ကိုးဆယ်မြေငှားစာချုပ် (Ninety year Lease)
(၆) ဘုတ်အဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် အထူးအခြေအနေကိစ္စရပ်အတွက် ရာသက်ပန်မြေ ငှားစာချုပ်(Lease in Perpetuity)တွေအမျိုးမျိုးကို ပြောင်းလဲလာတဲ့ အခြေအနေတွေမူ တည်ပြီး ၊ မြေယာမူဝါဒ Land Policy ကိုချမှတ်ကျင့်သုံးခဲ့ပြီး ၊ ယခုကာလ မှာတော့နှစ် ခြောက်ဆယ်မြေငှားစာချုပ်(Sixty year Lease)ကိုဆောင်ရွက်နေပါတယ်။
မြေငှားစာချုပ်ဟာ အငှားချထားသူ(အစိုးရ)နဲ့ အငှားချထားခံရသူ( ပုဂ္ဂလိက/အဖွဲ့အစည်းတစ်ရပ် ၏ အကြားက ပဋိဉာဉ်(Contract)တစ်ရပ်ပဲဖြစ်ပါတယ်။
မြေငှားစာချုပ်(Lease)
မြေငှားစာချုပ် ထုတ်ပေးတဲ့အခါ မူရင်း ၊ မူရင်းခွဲ ၊ ရုံးလက်ခံဆိုပြီး ထားရှိပါတယ်။ အငှားချထားခံ သူလက်ထဲကိုမူရင်းထားရှိပြီး ၊ မူရင်းခွဲနဲ့ရုံးလက်ခံကိုတော့ မြေငှားစာချုပ်ထုတ်ပေးတဲ့ ဆိုင်ရာအမှုတွဲမှာ ထိန်းသိမ်းထားရှိပါတယ်။
ပါမစ်မြေ (Permit)
ပါမစ်မြေဟာ ယာယီနေထိုင်ခွင့်ပြုတာဖြစ်ပြီး ၊ တစ်နှစ်သက်တမ်းပဲရှိပါတယ်။ တစ်နှစ်ပြည့်မြောက်ရင် မြေငှားစာချုပ်လျှောက်ထားရမှာဖြစ်ပါတယ်။လုပ်ထုံးလုပ်နည်းအရပြောတာပါ။
၁၉၅၈ ခုနှစ်မှာ ရန်ကုန်စည်ပင်သာယာရေးအဖွဲ့ (R.D.T)ကနေ စစ်ကြီးပြီးလို့ပြန်လည်ထူထောင်ဖွဲ့ စည်းလိုက်တဲ့ နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ ( The National Rehabilitation of Housing And Town and Country Development Board)। အဲဒီမှာအဖွဲ့ဥက္ကဌက ဝန်ကြီးချုပ် ဦးနုပါ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ၊ လွတ်လပ်ရေးရကာစမှာပဲ ကွန်မြူနစ်ပါတီ ၊ (နစ်ဖြူ/နစ်နီ)ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ /ရဲဘော်ဝါ) ၊ KNDO ၊ အာဏာရပါတီ တွေရဲ့ခါးပိုက်ဆောင်တပ်တွေအစရှိတဲ့ လက်နက် ကိုင်အုပ်စုတွေရဲ့ အကြမ်းဖက်သူတွေကြောင့် ၊ ရန်ကုန်မြို့ကို အနယ်နယ်အရပ်ရပ်ကလူတွေ ၊ လူမျိုးပေါင် စုံတွေ ၊ ရွှေ့ပြောင်းရောက်ရှိလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ ရန်ကုန်မှာ များပြားတဲ့ ပြောင်းမှုကြီး(Rapid Migrant) ဖြစ်လာတော့ Urban Population သိပ်များလာတယ်။ မြို့နေဆင်းရဲသာ (Urban poor)တွေဟာ ပိုများလာတော့ ရန်ကုန်မြို့တော်မှာ ဆင်းရဲသားရပ်ကွက် ( Slum) တွေ များလ တယ်။ လူဦးရေသိပ်သည်းလွန်းပြီး ၊ မီးဘေးခဏခဏကြုံတယ်။ ရာဇဝတ်မှုထူပြောတယ်။ ကျန်းမာရေးကယို့ယွင်းတယ် ။ ရေ ၊ မိလ္လာစနစ် ၊ လျှပ်စစ်မီးရဖို့အခက်အခဲကြုံတယ်။
စစ်ဘေးစစ်ဒဏ်ကြောင့် ရန်ကုန်မြို့အနှံ့ တိုက်အို တိုက်ပျက် ၊ အိမ်အို အိမ်ပျက်တွေ ၊ ကျူးကျော် ရပ်ကွက်(Squatter) တွေ ၊ Slum ရပ်ကွက်တွေနဲ့ မြို့ကြီးဟာမြို့ပြအင်္ဂါရပ်နဲ့မညီဘူး။ ပိုးမွှားပေါင်းစုံဝိုင်း င်း အုံစားသောက်နေတဲ့ အသားပုပ်တစ်တုံးနဲ့တူတယ်။ အဲဒီမှာ အိုးအိမ်အဖွဲ့ ( National Housing Board နဲ့ မြူနီစီပါယ်အဖွဲ့တို့ညှိနှိုင်းပြီး ၊ သာကေတမြို့သစ် ၊ တောင်ဥက္ကလာပမြို့သစ် ၊ မြောက်ဥက္ကလာပမြို့သစ် တွေဖော်ထုတ်ချထားပေးခဲ့ပါတယ်။ အဲဒီကာလမှာ ပါမစ်ဆိုတဲ့မြေအမျိုးအစား တစ်ရပ်ဖြစ်လာခဲ့ပါတယ်။”
ပါမစ်မြေဟာ မြေပိုင်မြေ ၊ ဂရန်မြေ ၊ မြေငှားစာချုပ်မြေတို့လို လွှဲပြောင်းခြင်း(၅)မျိုးဖြစ်တဲ့ ရောင်း၊ ဝယ် ၊ ပေါင် ၊ ပေး ၊ လွှဲ လုပ်လို့မရပါဘူး ။ ဒါကပါမစ်မြေရဲ့ အားနည်းချက်ပါ ။ လက်ရှိမှာတော့ အရပ် ကတိစာချုပ်နဲ့ဝယ်ထား ၊ ပေးထား ၊ လွှဲထား ၊ တာတွေကို လုပ်ထုံးလုပ်နည်းအရ တင်းတင်းကြပ်ကြပ် မထားပဲ ၊ မြေငှားစာချုပ်လျှောက်ထားခဲ့ရင် လျှောက်ထားသူရဲ့အမည်နဲ့ ဆောင်ရွက်ပေးနေတာ တွေ့ရပါ တယ်။
ပါမစ်မြေကိုလည်း မူရင်း ၊ မူရင်းခွဲ ၊ ရုံးလက်ခံဆိုပြီးထားရှိပါတယ်။ ပါမစ်လက်ခံရရှိပြီးနောက် ပထမဆုံးလုပ်ရမယ့်အချက်ဟာ သက်ဆိုင်ရာဦးစီးဌာနရဲ့ မြေယာရုံးခွဲတွေမှာ သွားရောက်မှတ်ပုံတင်ရပါ တယ်။ Entry လုပ်တယ်ပေါ့။ ဒီလိုမှတ်ပုံတင်လိုက်ခြင်းအားဖြင့် ရုံးခွဲကနေ ရုံးချုပ်(H.Q)ကို မြေငှားခစည်းကြပ်ကောက်ခံ နိုင်ရန်စာရင်းပြန်ပို့ပါတယ်။ ရုံးချုပ်မြေယာဌာနခွဲက မြေငှားခစည်းကြပ်ပေးပါဆိုပြီး ၊ မြေငှားခပြေစာ ရေးရတဲ့ မြေတိုင်းဌာနခွဲကိုထပ်ဆင့်ပေးပို့ရပါတယ်။
အိမ်ခြံမြေအကျိုးဆောင်များအနေနဲ့ ပါမစ်မြေမျိုးကိုအရောင်းအဝယ်လုပ်ပေးတဲ့အခါ ပါမစ်မှာ entry ၀င်ထားသလား ၊ မြေငှားခပြေစာထွက်သလား ၊ မထွက်ဘူးလား ၊ မထွက်ရင်ဘာကြောင့် မထွက်သ ပြည့်ပေးသင့်တယ်။ ပြေစာမထွက်ရင် သေချာပေါက်ပြောနိုင်တဲ့အချက်က ပါမစ်မှာ ရုံးခွဲရဲ့ Register number ရှိနေပေမယ့် ၊ Land Record ဆိုတဲ့ မြေစာရင်းမှတ်တမ်းမ၀င်သေးဘူးပေါ့။ ဝယ်ထားတဲ့သူ နေနဲ့ အဆောက်အဦးဆောက်ဖို့ ၊ ခြံကာဖို့ ၊ မှတ်တမ်းထားဖို့ ၊ ဘဏ်ငွေချေးဖို့စတဲ့ မြေပုံ ၊ မြေရာဇဝင် ရေးကူးပေးခြင်း(ရန်ကုန်စည်ပင်သာယာနယ်နမိတ်အပြင်ရှိ မြို့မြေ ၊ ရွာမြေ တွေမှာတော့ မြေစာရင်းဦးစီးဌာန စ် ၁ဝ၅)ကိစ္စမှာ အခက်တွေ့နိုင်ပါတယ်။
လိုင်စင်မြေ(Lincense)
ဒါလဲ ယာယီမြေအသုံးချခွင့်ပေးတဲ့မြေမျိုးဖြစ်ပြီး အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများနည်းဥပဒေ (၃၀)အရ လိုင်စင်ပေးတာဖြစ်ပါတယ်။ ယာယီလို့ပြောလို့ရတာက လိုင်စင်သက်တမ်းကို '၃'နှစ်ပဲ သတ်မှတ်ထားလို့ပါ။ လူနေအဆောက်အဦး ၊ စက်မှုလုပ်ငန်းများအတွက်ထုတ်ပေးပါတယ်။ သုံးနှစ်ပြည့် ပြီးရင်သက်တမ်းတိုးပေးဖို့လျှောက်ထားရပါမယ်။
မြေပုံ၊ မြေရာဇဝင်လျှောက်ထားခြင်း
- ပါမစ်မြေမျိုးမှာ
-ပါမစ်မူရင်းရဲ့မိတ္တူ
-လျှောက်ထားသူရဲ့နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
-ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်(မြေငှားခ)
လိုင်စင်မြေမှာ
-လိုင်စင်မူရင်းရဲ့ မိက္ကူ
-လျှောက်ထားသူရဲ့ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
-(မြေငှားခ)ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
-စက်မှုဇုန်ကော်မတီရဲ့ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
-မြေကိုမခွဲမစိတ်ဘဲရောင်းချကြောင်းဝန်ခံချက်
အငှားမြေ(မြေငှားစာချုပ်)မှာ
-မြေငှားစာချုပ်မူရင်းရဲ့မိတ္တူ -လျှောက်ထားသူရဲ့နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ
-မြေငှားခကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
-စက်မှုဇုန်ကော်မတီရဲ့ ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
-မြေကိုမခွဲမစိတ်ဘဲရောင်းချကြောင်းဝန်ခံချက်
စတာတွေကိုလျှောက်လွှာပုံစံနဲ့အတူ ပူးတွဲပါရှိရမှာပါ။ အမည်ပေါက်ကိုယ်တိုင်လျှောက်တာမျိုးဖြစ်ပါတယ် ကိုယ်စားလှယ်ပေးထားတာမျိုးဆိုရင်တော့ S.P.G.P မိတ္တူ ၊ အဲဒီကိုယ်စားလှယ်ရဲ့နိုင်ငံသားကဒ်မိတ္တူပူး ပါရှိပါမယ်။ အမည်ပေါက်ကွယ်လွန်တာမျိုးမှာ သေစာရင်းမိတ္တူ( Death Certificate ) ဆက်ခံသူဖြစ် ကတိသစ္စာပြုလွှာ သို့မဟုတ် ကျမ်းကျိန်လွှာနဲ့နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ လိုပါတယ်။ ဘရားဖြစ်တဲ့ကိစ္စ ရပ်တွေမှာတော့ တရားရုံးအမိန့် ၊ အနိုင်ဒီဂရီ တွေလိုပါတယ်။
မြေကွက်ခွဲစိတ်ခြင်း
ခွဲစိတ်ခွင့်ပြုနိုင်တဲ့ မြေမျိုးကတော့ မြေပိုင်မြေနဲ့မြေငှားစာချုပ်ရမြေ ၊ ဂရန်မြေ ၊ လိုင်စင်မြေများဖြစ် ပြီး ၊ ပါမစ်မြေကိုတော့ခွင့်မပြုပါ။
-ခွဲစိတ်လိုသည့် မြေ၏ မြေတိုင်းတာသတ်မှတ်သည့်မြေပုံ(Demarcation Map)ရရှိဖို့ မြေတိုင်းခွင့်လျှောက်ရပါမယ်။
-တိုင်းတာသတ်မှတ်သည့် မြေပုံရတဲ့အခါ လိုင်စင်ရအင်ဂျင်နီယာက အတည်ပြုလက်မှတ် ရေးထိုးထားတဲ့ မြေကွက်ခွဲစိတ်ပုံစံ(Proposed subdivision Layout Plan)ရယူရပါမယ်။ (မြေပိုင်မြေမျိုးဖြစ်ခဲ့ရင် YCDC အဆောက်အအုံဌာန၏အတည်ပြုချက်ရယူပေးရမည်။) -ဒါတွေပြည့်စုံမှ အိုးအိမ် ၊ YCDC ကို ဦးပိုင်ခွဲစိတ်မြေပုံရရှိရန် လျှောက်ထားရမှာဖြစ်ပြီး ၊ လျှောက်လွှာနဲ့အတူ လိုင်စင်ရအင်ဂျင်နီယာရဲ့ မြေကွက်ခွဲစိတ်ပုံစံမူရင်း ပူးတွဲတင်ပြရန်ဖြစ်ပါ တယ်။
ခွဲစိတ်ခွင့်ပြုရန်လျှောက်ထားသော မြေသည် ဧရိယာ(၂၄၀၀)စတုရန်းပေအနည်းဆုံးရရှိရမှာဖြစ်ပါ ဝယ်၊ ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း ၊ ကန့်သတ်ထားသောနယ်မြေအတွင်းမှာတော့ အနည်း ဆုံး(၀.၂၀၀)ဧကကိုသာခွဲစိတ်ခွင့်ပြုခဲ့ပါတယ်။
မြေအမည်ပြောင်းခြင်း
မြေဟာမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတစ်ရပ်ဖြစ်ပြီး( ရောင်း ၊ ပေါင် ၊ ငှား ၊ လဲ ၊ ပေး ) ခြင်းဆိုတဲ့ လွှဲ ပြောင်းမှုများကို ပစ္စည်းလွှဲပြောင်းရေးဥပဒေနဲ့မှတ်ပုံတင်ဥပဒေတို့အရ ဥပဒေပြဌာန်းချက်များနှင့်အညီခွင့် ပြုလုပ်ခွင့်သတ်မှတ်ပေးထားပါတယ်။
၁၉၄၇ ခုနှစ် ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေမပြဌာန်းမီက နိုင်ငံခြားသား ၊ နိုင်ငံသားမခွဲခြားဘဲ မည်သူမဆိုလွှဲပြောင်းခြင်း(၅)မျိုးကိုလုပ်နိုင်တယ်။ အဲဒီဥပဒေပြဌာန်း ပြီးနောက် နိုင်ငံခြားသားက နိုင်ငံသားကို လွှဲပြောင်းခြင်း( ၅ )မျိုးလုပ်နိုင်ပြီး ၊ နိုင်ငံခြားသားအချင်းချင်းနဲ့ နိုင်ငံသားမှနိုင်ငံခြားသားကိုလွှဲပြောင်းခြင်းမပြုနိုင်ပါ။
၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကိုကန့်သတ်သည့် ဥပဒေ ထွက်ရှိပြီး နောက် နိုင်ငံသားအချင်းချင်းသာ လွှဲပြောင်းခြင်းများကိုဆောင်ရွက်နိုင်ပါတယ်။ အမည်ပြောင်းလျှောက် သားရာမှာ
(က) အရောင်းအ၀ယ်မှတ်ပုံတင်စာချုပ်များအရ အဆက်အစပ်မှန်ရမယ် ၊ အဆက်ပြတ်၍မရပါ။
(ခ) အမည်ပေါက်ကွယ်လွန်သဖြင့် ကျန်ရစ်သူမိသားစုဝင်များက မှတ်ပုံတင်ထားသော အမွေ ဆက်ခံပိုင်ဆိုင်ကြောင်းကြေငြာစာချုပ်ပူးတွဲတင်ပြပါရှိရမည်။တရားရုံးကျမ်းကျိန်လွှာပါရှိရ မည်။
(ဂ) အပိုင်ပေးကမ်းခြင်းမျိုးဖြစ်ပါက မှတ်ပုံတင်စာချုပ်တင်ပြရမည်။
(ဃ) အမည်ပေါက်ကစွန့်လွှတ်ခဲ့လျှင် မှတ်ပုံတင်စွန့်လွှတ်စာချုပ်တင်ပြရမည်။
(င) တရားရုံး၏ပိုင်ဆိုင်ထိုက်ကြောင်း အမိန့်ဒီကရီကိုတင်ပြလျှောက်ထားခြင်း
ကန့်ကွက်ချက်ရှိလျှင် တစ်လဆိုင်းငံ့ပေးထားပြီး ၊ ထိုကာလအတွင်း သက်ဆိုင်ရာတရားရုံး တစ်ရုံးရုံး၏ တားဝရမ်းကိုတင်ပြရပါမယ်။ တင်ပြနိုင်ခြင်းမရှိလျှင်သက်ဆိုင်ရာဌာနက လုပ်ထုံးလုပ်နည်းနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ၊ တားပရမ်းတင်ပြလာခဲ့ရင်ကန့်ကွက်ချက်ကို တရားရုံးရဲ့ ဆုံး ဖြတ်ချက်အမိန့်ဒီကရီချမှတ်သည်အထိ ဆိုင်းငံ့ပေးထားပါတယ်။
ရေးသားသူ ဆရာဦးဝင်းဇော်
လက်ထောက်ညွှန်ကြားရေးမှူး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန
(ဗဟုသုတ အနေဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ credit to u win zaw)
Keep Reading