Author's Profile Photo

Yam

25/08/2024

"သိဒ္ဓတ္ထမင်းသားငယ်စဉ်ဘဝ"

1 min read
General Knowledge
"သိဒ္ဓတ္ထမင်းသားငယ်စဉ်ဘဝ"'s photo


ဘုရားအလောင်းတော်သည်လေးအသ‌င်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆယ်ပါး ၊ စွန့်ကြီးခြင်း ငါးပါး တို့ကို ဖြည့်ကျင့်တော်မူလျက် ဘုရားဖြစ်ရန် မနားမနေ အားထုတ်တော်မူခဲ့သည်။ ဘုရား ဖြစ်မည့်ဘဝတွင် ကပလိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန၏ မိဖုရားခေါင်းကြီး မာယာဒေဝီ၏ ဝမ်းဗိုက်၌ ပဋိသန္ဓေ တည်နေခဲ့၏။ ဆယ်လစေ့သောအခါ မာယာဒေဝီသည် ဘုရားအလောင်းတော်ကို ဖွားမြင်ခဲ့သည်။ ဘုရားအလောင်းတော်သည် ဖွားမြင်ပြီးလျှင်ပြီးချင် မြောက်အရပ်သို့ခြေလှမ်း ခုနစ်လှမ်း လှမ်းကာ "လောကတွင် ငါသာအမြတ်ဆုံး ၊ လောကတွင် ငါသာအကြီးဆုံး ၊ လောကတွင် ငါသာ အချီးမွမ်းအပ်ဆုံး " ဟူသော စကား ကြီး သုံးခွန်း ကို ကြွေးကြော်ခဲ့၏။

ထိုအခါက ဘုရင်သုဒ္ဓေါဒနသည် အသိတဟုခေါ်သော တန်ဖိုးကြီးသည့် ကာဠဒေဝလ‌ရသေ့ကြီးကို ကိုးကွယ်လျက်ရှိ၏။ ရသေံကြီးသည် သားတော်လေးပြိ ခေါ်လာကာ ရသေ့ကြီးကို ဦးချစေ၏။ သို့သော် သားတော်လေး၏ ခြေတော်အစုံသည် ခုန်ပျံမြောက်တက်၍ ရသေ့ကြီး၏ ဦးခေါင်းထက်၌ တည်နေလေသည်။ အနာဂတ် ကို ကြိုတင်သိမြင်သော ရသေ့ကြီးသည် မင်းသားငယ်လေးကို လက်အုပ်ချီမိုး ရှိခိုး ဦးချလေပြီး ဘုရင်ကြီးကလည်း မနေနိုင်တော့ဘဲ သားတော်လေးကို ပထမဆုံးအကြိမ် ရှိခိုးဦးချလေသည်။

မွေးဖွားပြီး ငါးရက်မြောက်နေ့၌ မင်းသားလေးကို "သိဒ္ဓတ္ထ" ဟု အမည်ပေးခဲ့ကြ၏ ။

"သိဒ္ဓတ္ထ" ဟူသည်
"အကျိုးစီးပွားကို ပြီးမြောက်စေသူ " ဟု ဆိုလို၏။
ဗေဒင်လက္ခဏာ ကျွမ်းကျင်သော ပညာရှိပုဏ္ဏား များက
"မင်းသားလေးသည် လူ့ဘဝဖြင့်နေလျှင် စကြာမင်း ဖြစ်လိမ့်မည် ၊ တောထွက်၍ ရဟန်းပြုလျှင် ဘုရား ဖြစ်လိမ့်မည်" ဟု စကားနှစ်မျိုး ပြောကြ၏။

ထိုပညာရှိ ပုဏ္ဏားတို့အနက် အသက်အငယ်ဆုံး ကောဏ္ဍည ပုဏ္ဏားကမူ လက်ညှိုးတစ်ချောင်းတည်း ထောင်ကာ
"မင်းသားလေးသည် ဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မည် " ဟု အတိအကျဟောပြောလိုက်လေသည်။

မာယာဒေဝီသည် ဘုရားအလောင်းမယ်တော်တို့၏ ဖြစ်မြဲထုံးစံအတိုင်း အလောင်းတော်ကို မွေးဖွားပြီးနောက် ခုနှစ်ရက်မြောက်နေ့၌ နတ်ရွာစံခဲ့သည်။ ထိုအခါ မယာဒေဝီ၏ ညီမတော် မဟာပဇာပတိဂေါတမီ သည် ဘုရားအလောင်းတော်ကို သားတော်အရင်ပမာ ပြုစုစောင့်ရှောက်ခဲ့သည်။

တစ်နေ့တွင် သုဒ္ဓေါဒနမင်းကြီးနှင့် မင်းညီမင်းသားတို့သည် မင်းသားလေးကို အထိန်းတော်များထားခဲ့ပြီး နှစ်စဉ် ကျင်းပမြဲ‌ဖြစ်သော လယ်ထွန်မင်္ဂလာပွဲကို ဆင်နွှဲနေလေသည်။ အထိန်းတော်တို့ကလည်း မင်းသားလေးကို (ဇမ္ဗု) သပြေပင်အောက်၌ သိပ့်ထားပြီး လယ်ထွန်မင်္ဂလာပွဲကို ကြည့်ကြရာ မင်းသားကို မေ့လျော့နေကြ၏။ ထိုအခါ မင်းသားလေးသည် တင်ပျဉ်ခွေထိုင်ကာ ဝင်သက် ထွက်သက် ကို သတိဖြင့် ရှုမှတ်၍ နေလေသည်။ ထိုကြည်ညိုဖွယ် အမူအရာကို အထိန်းတော်တို့ တွေ့မြင်သွားသောအခါ သုဒ္ဓေါဒနမင်းကြီးထံ သတင်းပို့ကြ၏။ ဘုရင်ကြီးသည် သားတော်လေး၏ ထူးခြားသော အမူအရာကို အလွန်အံ့ဩသွားပြီး ဒုတိယအကြိမ် ရှိခိုးဦးချလေသည်။

[မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်ရည်ရွယ်လိုခြင်းမရှိသလို မည့်သည့်ဘာသာဝင်များကိုမှလဲ မထိခိုက်စေလိုပါ။
သိတဲ့သူအတွက်လဲ ထပ်ရစေချင်သလို
မသိတဲ့သူအတွက် တစ်ခုပို‌သိရသောအနေနဲ့ ရေးသားထားခြင်းဖြစ်ပါတယ်ခင်ဗျာ။]

-Yam, 25/8/2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဖေကို ဘာကြောင့်မုန်းတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း လိုတာထက် မပိုပါနဲ့စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း