စောမြတ်နွယ်
ဒီနေ့မျှဝေပေးချင်တာက
already နဲ့ just ရဲ့အသုံးကို မျှဝေပေးမှာဖြစ်ပါတယ်။
?????
already=ပြီးနှင့်ပြီ။ရောက်နှင့်ပြီ။အချိန်မတိုင်မီက
?already ကို အငြင်းဝါကျနဲ့ မေးခွန်းဝါကျတွေမှာ အသုံးများပြီး အစောကြီးကတည်းက ရောက်ပြီးပြီ သွားပြီးပြီလို့ ပြောချင်တဲ့အခါ သုံးပါတယ်။
already ကို auxiliary verb နဲ့ main verb ကြား
verb to be နဲ့ main verbကြား ဝါကျရဲ့ အလယ်မှာ များသောအားဖြင့် သုံးပါတယ်။ဝါကျရဲ့ အဆုံးသတ်မှာ သုံးတာလည်း ရှိပါတယ်။
နမူနာဝါကျတွေကိုကြည့်ကြရအောင်။
ဥပမာ
I've already seen that film.I don't want to see it again.
ကျွန်တော် အဲ့ရုပ်ရှင်ကို ကြည့်ပြီးပြီ။နောက်တစ်ခါ မကြည့်ချင်တော့ဘူး။
Have you already visited in Pyin Oo Lwin this year?
မင်း ဒီနှစ် ပြင်ဦးလွင်ကို အလည်ရောက်ပြီးပြီလား။
I've already read this book.
ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီးပြီ။
When I got to the station, the train had already left.
ကျွန်တော် ဘူတာရုံရောက်တဲ့အချိန်မှာ ရထားက ထွက်သွားနှင့်ပြီ။
My friends was already at the party when I arrived.
ကျွန်တော် ရောက်သွားတော့ ကျွန်တော့်သူငယ်ချင်းတွေက ပါတီမှာ ရောက်နှင့်နေပြီ။
?????
just =ခုတင်။ခုပဲ။ခုပင်
?just ကို အငြင်းဝါကျနဲ့မေးခွန်းဝါကျတွေမှာ သုံးပြီး မကြာသေးမီက မကြာသေးခင်လေးကမှ ခုလေးတင်ပဲလို့ ပြောချင်တဲ့အခါ သုံးပါတယ်။
နမူနာဝါကျတွေကိုကြည့်ကြရအောင်။
ဥပမာ
I just saw her at the coffee shop.
ကျွန်တော် ခုတင်ပဲ သူမကို ကော်ဖီဆိုင်မှာ မြင်ခဲ့တာ။
I have just bought a new computer.
ကျွန်တော် ခုတင်ပဲ ကွန်ပျူတာ အသစ်တစ်လုံးဝယ်ခဲ့တာ။
Has he just eaten breakfast?
သူ ခုပဲ နံနက်စာ စားပြီးသွားတာလား။
She has just finished her housework.
သူမ အခုတင် အိမ်အလုပ်တွေ ပြီးသွားတာ။
We just swam in the river.
ကျွန်တော်တို့ ခုပဲ မြစ်ထဲမှာ ရေကူးခဲ့တာ။
?????
သတိပြုရမှာက သွားပြီးပြီ ရောက်ပြီးပြီ အစရှိတဲ့ အဓိပ္ပာယ် ချင်းတူပေမယ့် အတိအကျ တူနေတာမျိုး မဟုတ်ပါဘူး ။
အချိန်နဲ့ တိုင်းတာကြည့်မယ်ဆိုရင် already က အချိန်ပိုကြာပါတယ်။
just က အချိန်တိုပါတယ်။
already ကို သုံးရင် အစောကြီးကတည်းက ရောက်နှင့်တာ ပြီးနှင့်တာဖြစ်ပြီး just ကို သုံးရင် အခုလောလောဆယ်လေးကမှ ပြီးတာမျိုး ရောက်တာမျိုးကို သုံးပါတယ်။
?????
ဒီလောက်ဆိုရင်ဒီအသုံးနှစ်ခုကို သေသေချာချာ နားလည်သွားပြီထင်ပါတယ်။
ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
24.8.2024
Keep Reading