Author's Profile Photo

မြ (စံကားဝါမြေ)

24/08/2024

အရာရာထက် ကိုယ့်ကိုကိုယ် ပိုချစ်တဲ့သူရဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App - (5)ခု

3 mins read
Software Development
Life Style
Personal Development
အရာရာထက် ကိုယ့်ကိုကိုယ် ပိုချစ်တဲ့သူရဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App - (5)ခု's photo

မြတို့တွေက တစ်ပါးသူထက် မိမိကိုယ်ကို ပိုချစ်မြတ်နိုးတတ်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကိုမှ တန်ဖိုးမထား၊ မချစ်မြတ်နိုးတတ်ရင် ဘယ်သူက လာပြီး တန်ဖိုးထား၊ ချစ်မြတ်နိုးပါတော့မလဲ။ ဒါ့ကြောင့် မြရဲ့ ဒီနေ့ ဆောင်းပါးလေးထဲမှာ "အရာရာထက် ကိုယ့်ကိုကိုယ် ပိုချစ်တဲ့သူရဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App - (5)ခု" အကြောင်းလေးကို ရေးသားသွားမှာပါရှင်။

"နေ့တစ်နေ့ရဲ့ အဆုံးသတ်မှာ ကိုယ့်အတွက်ရှိမှာက ကိုယ်ကိုကိုယ်တိုင်ပါပဲ။" အဲ့တော့ ကိုယ့်ကိုကိုယ်ချစ်ဖို့၊ ဂရုစိုက်ဖို့က အလွန်အင်မတန်ကို အရေးကြီးပါတယ်။ စာဖတ်သူလေးက ကိုယ့်ကိုကိုယ် ပိုချစ်တယ်ဆိုရင်တော့ မြရဲ့ ဆောင်းပါးလေးကို အဆုံးထိ ဖတ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ်ရှင်။

ဆိုတော့ အရာရာထက် ကိုယ့်ကိုကိုယ် ပိုချစ်တဲ့သူရဲ့ ဖုန်းထဲမှာ ရှိထားသင့်တဲ့ App - (5)ခုက ဘာလေးတွေများဖြစ်မလဲ?

1. Shake-it Alarm 


ဒီShake-it Alarm Applicationလေးကို "World's most annoying alarm clock!" လို့တောင် လူတွေက တင်စားပြီး ပြောကြပါတယ်ရှင်။ သူက သူပေးတဲ့ Missionအောင်မှ Alarmက ပိတ်သွားတာပါရှင်။

အဲတော့ သူပေးတဲ့ မစ်ရှင်တွေက ဘာတွေဖြစ်မလဲဆိုတော့

- သင်္ချာ ( + - × ÷ ) တွတ်ရတာတွေ ပါမယ်။
- ဖုန်းကို အခါ(၃၀) shakeပေးရတာတွေ ပါမယ်။
- Game ဆော့ရတာတွေ ပါမယ်။

အဲတော့ Shake-it Alarm Applicationတစ်ခုကို Downloadထားရုံနဲ့ မိမိရဲ့ သင်္ချာစွမ်းရည်လည်း တိုးတက်လာမယ်။ တစ်နေ့တစ်မျိုး မရိုးရတဲ့ Missionတွေကိုလည်း အောင်နိုင်မယ်။ Game APKတွေ Download ဆွဲစရာမလိုဘဲ Shake-it Alarm Applicationတစ်ခုထဲနဲ့တင်ကို ပြီးပြည့်စုံနေပါပြီရှင်။

Shake-it Alarm Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=com.ingyomate.shakeit


2. Meditation Music 


စာဖတ်သူလေးက တရားထိုင်တာကို အကျင့်တစ်ခုအနေနဲ့ မွေးချင်သူတစ်ဦး ဆိုပါတော့။ ကိုယ်က နေ့စဉ် အချိန်သတ်မှတ်ပြီး ထိုင်ပေမဲ့ မထိုင်ဖြစ်လိုက်တဲ့ရက်တွေလည်း ရှိနေမှာပါ။ ဒါ့ကြောင့် တရားထိုင်ဖို့အတွက် ဖုန်းထဲမှာ Applicationလေးတစ်ခုတော့ ရှိထားဖို့ လိုမယ်နော်။

တရားထိုင်လို့ရတဲ့ Applicationတွေ အများကြီးထဲကမှ မြကတော့ "Meditation Music" ဆိုတဲ့ Applicationလေးကို Recommended ပေးချင်ပါတယ်ရှင်။ "Meditation Music"ရဲ့ ထူးခြားချက်လေးကတော့ အခုမှ တရားစထိုင်မယ့်သူတွေအတွက် သိပ်ကို သင့်တော်ပါတယ်။ သူက

- တရားဘယ်လိုစထိုင်ရမယ်။
- ဘယ်လိုကိုယ်နေဟန်နဲ့ ထိုင်ရမယ်။
- အသက်ဘယ်လိုရှူရမယ်။
- အသက်ရှူနေချိန်မှာ မိမိရဲ့ စိတ်ကို ဘယ်လိုထားရမလဲ? အစရှိတာတွေကို အသေးစိတ် ပြောပြပေးထားပါတယ်ရှင်။

ဒါဆိုရင်တော့ ယခုပဲ "Meditation Music"ကို Downloadဆွဲပြီး စိတ်အေးချမ်းမို ရယူလိုက်ကြတော့နော်။

Meditation Music Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=net.metapps.meditationsounds


3. To Do List 


စာဖတ်သူလေးရဲ့ တစ်နေ့တာအလုပ်လေးတွေကို ဖုန်းထဲမှာမှတ်ပြီး အလုပ်ပြီးမြောက်ချင်သူလေးတစ်ဦးဆိုရင်တော့ ဒီTo Do Listကို သုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ရှင်။

ဒီTo Do Listထဲမှာ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ‌နေ့ရက်၊ အချိန်နဲ့ အတိအကျ မှတ်ထားပြီး မိမိရဲ့ လုပ်ငန်းဆောင်တာတွေအားလုံး ပြီးမြောက်အောင် လုပ်ဆောင်လိုက်ကြရအောင်နော်။

To Do Listမှာဆိုရင် မိမိရဲ့ လုပ်စရာ အလုပ်တစ်ခုက ပြီးသွားလို့ ပျောက်သွားတဲ့ အရသာက ဘာနဲ့မှကို မလဲနိုင်ပါဘူးရှင်။ တကယ်လို့ စာဖတ်သူလေး မယုံရင် To Do Listကို သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။

To Do List Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=com.splendapps.splendo



4. Flora (or) Forest


ဒီAppလေးကတော့ နာမည်ကြီး Applicationလေးတစ်ခုပါရှင်။ သူ့ကို "Focus Habit Tracker" လို့ လူသိများကြပါတယ်ရှင်။ သူက ကျောင်းသား/သူတွေအတွက်လည်း သင့်တော်သလို အလုပ်လုပ်နေတဲ့ မည်သူမဆိုနဲ့ ကိုက်ညီမှုရှိပြီး အလုပ်ပြီးမြောက်စေတဲ့ Applicationလေး တစ်ခု ဖြစ်ပါတယ်ရှင်။

မြတို့က ယခုအချိန်မှာ အလုပ်တစ်ခုကို လုပ်မယ်လို့ စိတ်ကူးပေမယ့် Facebook, Messenger, TikTokတို့ကို အာရုံရောက်သွားတတ်ပါတယ်။ ဒါပြဿနာတွေအတွက် Forest Application လေးကို စပြီး အချိန်မှတ်လိုက်တာနဲ့ ဖုန်းထဲမှာရှိတဲ့ တခြား Applicationလေးကို ဝင်လို့မရတော့ပါဘူး။ အကယ်လို ဝင်ပြီး အသုံးပြုနေခဲ့မယ်ဆိုရင် စာဖတ်သူလေး စိုက်ထားခဲ့တဲ့ အပင်လေးက သေသွားမှာပါ။

ဘယ်သူဘယ်သူကမှ ကိုယ်စိုက်ပျိုး/မွေးမြူထားတဲ့ အပင်/တိရစ္ဆာန်လေးတွေကို သေစေချင်ပါ့မလဲ။ ပြီးတော့ ကိုယ်တိုင်က သတ်ပစ်ရာလည်း ရောက်တယ်လေ။ ဒါ့ကြောင့် "မိမိစိုက်ထားတဲ့ အပင်လေး မသေဖို့ ကိုယ်တိုင်ကလည်း Flora (or) Forestနဲ့အတူ အလုပ်ကြိုးစားလိုက်ကြပါစို့။"

Flora Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=com.florasense

Forest Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=cc.forestapp


5. Left VS Right


စာဖတ်သူလေးက ကိုယ့်ရဲ့ဦးနှောက်စွမ်းရည်ကို ပိုမိုတိုးတက်လာဖို့ဆိုရင် Brain Gameတွေကို ဆော့ပေးဖို့ လိုအပ်ပါတယ်ရှင်။ Gameဆော့တာက မကောင်းဘူးလို့ ပြောနေကြပေမဲ့ ကျန်းမာရေးနဲ့ ပညာရေးကို အထောက်အကူပြုစေတဲ့ ဂိမ်းတွေလည်း ရှိပါသေးတယ်ရှင်။

စာဖတ်သူလေးရဲ့ တွေးတောဆင်ခြင်၊ ချင့်ချိန်နိုင်စွမ်း မြင့်မားဖို့ဆိုရင် စာဖတ်သူလေးရဲ့ ဦးနှောက်ကို အမြဲtryပေးနေဖို့ လိုပါတယ်။ "ဓားတစ်လက်ကို ထက်ချင်ရင် အမြဲသွေးပေးနေရသလိုပေါ့။" အဲဒီလို မိမိဦးနှောက်လေးကို ထက်မြတ်ဖို့ဆိုရင် မြက Left VS Right Applicationကို သုံးကြည့်ပါလို့ ပြောချင်ပါတယ်ရှင်။

Left VS Right Applicationရဲ့ ထူးခြားချက်က Level မြင့်တိုင်းမှာ ကိုယ့်ရဲ့ Brain Level ဘယ်လောက်ရောက်ပြီလဲဆိုတာကို ပြပေးတဲ့အတွက် စာဖတ်သူလေးက ဦးနှောက်ပြေးချင်တယ်ဆိုရင် Brain Gameတစ်ခုခုကို ဆော့ပေးပါလို့ အကြံပေးချင်ပါတယ်ရှင်။

Left VS Right Applicationအား Downloadဆွဲရန် Link ?️

https://play.google.com/store/apps/details?id=com.mochibits.google.leftvsright



အချုပ်အားဖြင့်

✓ Shake-it Alarmနဲ့ မနက်စောစောထ၊ ညစောစော အိပ်ရာဝင်ပြီး ကျန်းမာရေးကို ဂရုစိုက်ကြမယ်။


✓ Meditation Musicနဲ့ တရားထိုင်ပြီး စိတ်အေးချမ်းစွာနဲ့ အကောင်းမြင်စိတ်များများ ထားကြမယ်။ 


✓ To Do Listနဲ့ တစ်နေ့တာ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ကြမယ်။


✓ Flora (or) Forestနဲ့ မလိုအပ်ဘဲ Social Mediaပေါ်မှာ ဖြုန်းနေမိတဲ့ အချိန်တွေကို လျှော့ချကြမယ်။


✓ Left VS Rightနဲ့ ပိုမိုထက်မြတ်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားကြမယ်။



ဒီနေ့ မြရဲ့ ဆောင်းပါးလေးကနေ စာဖတ်သူလေးတွေကို *Better Me* အဖြစ် တွန်းပို့ပေးမယ့် Applicationလေးတွေကို အချိန်ဆွဲမနေဘဲ မြချပေးထားတဲ့ Linkလေးတွေကနေတစ်ဆင့် ယခုပဲ Play storeဆီကို သွားရောက် Download ဆွဲပြီး မိမိကိုယ့်ကို ထိပ်ဆုံးသို့ မြှင့်တင်လိုက်ကြရအောင်နော်....။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
24.8.2024(Saturday)

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။