Author's Profile Photo

စောမြတ်နွယ်

23/08/2024

နေ့စဥ်လေ့လာ Englishစာ (54)

1 min read
Education
General Knowledge
18 Again
နေ့စဥ်လေ့လာ Englishစာ (54)'s photo

ဒီနေ့မျှဝေပေးချင်တာက
still နဲ့ yet တို့ရဲ့ အသုံးကိုပြောပြမှာဖြစ်ပါတယ်။

?????
still=something is the same as before

still=ထက်တိုင်။အထိ။တုန်း။သေး။

နမူနာဝါကျတွေကိုကြည့်ကြရအောင်။

Do you still go to the cinema a lot?
မင်း ရုပ်ရှင်ရုံကို အလွန်အမင်း သွားတုန်းလား။

Do you still live in Yangon?
မင်း ရန်ကုန်မှာပဲ နေတုန်းလား ။

This is a short novel but it is still too long.
ဒါက ဝတ္ထုတိုလေးတစ်ပုဒ်ပါ ဒါပေမယ့် ရှည်လွန်းသေးတယ်။

She died ten years ago,but I think about her still.
သူမ သေဆုံးသွားတာ ၁၀နှစ်ကြာခဲ့ပြီ။ဒါပေမယ့် ကျွန်တော် သူမအကြောင်းကို တွေးမိနေတုန်းပဲ။

Do you still drinking coffee every day?
မင်းနေ့တိုင်းကော်ဖီသောက်တုန်းလား။


?????
yet =until now
yet=ယခုအချိန်အထိ။ယခုအချိန်အထိတိုင်အောင်

နမူနာဝါကျတွေကိုကြည့်ကြရအောင်။

He hasn't watered the flowers yet.
သူအခုချိန်ထိ ပန်းပင်တွေ ရေလောင်းလို့ မပြီးသေးဘူး။

Have you finished with the book yet?
မင်းအခုအချိန်အထိ စာအုပ်ဖတ်လို့မပြီးသေးဘူးလား။

Are you ready to go out?
အပြင်သွားဖို့ အဆင်သင့်ဖြစ်ပြီလား။
No,not yet.
အခုအချိန်ထိတော့ အဆင်သင့်မဖြစ်သေးဘူး။

What are you doing this evening?
မင်းဒီညနေ ဘာလုပ်မှာလဲ။
I don't know yet.
အခုအချိန်ထိတော့ မသိသေးဘူး။

The film hasn't started yet?
ရုပ်ရှင်က အခုချိန်ထိ မစသေးဘူး။


?????

? yet ကို များသောအားဖြင့်? အငြင်းဝါကျနဲ့ ? မေးခွန်းဝါကျတွေမှာ သုံးပြီး စာကြောင်းရဲ့ အဆုံးမှာ အသုံးများပါတယ်။


ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
23.8.2024

Keep Reading

"စကားချိုသာလျှင် လိုရာကိုရသည်"Cambridge English Examတက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship