စောမြတ်နွယ်

ဒီနေ့မျှဝေပေးချင်တာက
enough ဆိုတဲ့ စကားလုံးရဲ့ အသုံးတွေကို ပြောပြပေးမှာဖြစ်ပါတယ်။
? enough + noun?
enough ကို noun နဲ့တွဲသုံးရင် enough ရဲ့ နောက်က noun ကပ်လိုက်ပါတယ်။
နမူနာဝါကျတွေကိုကြည့်ကြရအောင်။
ဥပမာ
I want to read this book but I don't have enough time.
ကျွန်တော် ဒီစာအုပ်လေးဖတ်ချင်တာ။ဒါပေမယ့် ကျွန်တော့်မှာက အချိန်လုံလုံလောက်လောက်မရှိဘူး။
They don't have enough money to buy a car.
သူတို့မှာ ကားဝယ်ဖို့ ငွေအလုံအလောက်မရှိဘူး။
You don't have enough experience to do this work.
မင်းမှာ ဒီအလုပ်ကိုလုပ်ဖို့ အတွေ့အကြုံ အလုံအလောက်မရှိဘူး။
We wanted to play football but we didn't have enough players.
ကျွန်တော်တို့ ဘောလုံးကန်ချင်တယ်။ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမား အလုံအလောက်မရှိခဲ့ဘူး။
?adj+ enough ?
enough ကို adjနဲ့တွဲသုံးရင် adjက ရှေ့ကထားသုံးရပါတယ်။
နမူနာဝါကျတွေကိုကြည့်ကြရအောင်။
ဥပမာ
This house isn't big enough for a large family.
ဒီအိမ်က မိသားစုကြီးတစ်စု အတွက်တော့ လုံလောက်အောင် မကြီးဘူး။
She isn't old enough to marry .
သူမက လက်ထပ်ရလောက်အောင် အရွယ်မရောက်သေးဘူး။
The water wasn't warm enough to have a bath.
ရေက ရေချိုးလို့ရလောက်အောင် မနွေးသေးဘူး။
Can you hear the video?Is it loud enough for you?
ရေဒီယိုက အသံကြားရလား။မင်းကြားလောက်အောင် အသံကျယ်ရဲ့လား။
?ဒီမှာ တစ်ခု သတိပြုရမှာက enough for က somebody /something အတွက်သုံးတယ်။
ဥပမာ
The pullover isn't big enough for me.
ခေါင်းစွပ်ဆွယ်တာက ကျွန်တော့်အတွက်တော့ ငယ်နေတယ်။
?enough to က something အတွက် သုံးတယ်။
ဥပမာ
I have got enough money to buy a ring?
ကျွန်တော့်မှာ လက်စွပ်ဝယ်ဖို့ ငွေအလုံအလောက်ရှိတယ်။
?????
ဒီလောက်ဆိုရင် ဒီအသုံးနှစ်ခုကို ကွဲပြားသွားမယ်ထင်ပါတယ်။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
22.8.2024
Keep Reading