စောမြတ်နွယ်

[ဒီနေ့မှာတော့
Present Continuous (I am doing)
အကြောင်းကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Present Continuous Tense ကို ဘယ်လိုအခြေအနေမှာ သုံးလည်းဆိုတော့ တစ်ခုခုကို စတင်လုပ်ဆောင်ပြီး အပြီးမသတ်သေးဘူး မပြီးသေးဘူးဆိုရင် ဒီပုံစံကို သုံးပါတယ်။
action လုပ်ဆောင်မှုတစ်ခုဟာ စကားပြောနေတဲ့ အချိန်မှာ ဖြစ်နေတယ်ဆိုရင် ဒီပုံစံကို
သုံးတယ်။
ဥပမာ
Please don't make so much noise.I'm working.
ဆူဆူညံညံ သိပ်မလုပ်ကြနဲ့။ ငါအလုပ်လုပ်နေတယ်။
Where's Margaret?She's having a bath.
မာဂရက် ဘယ်မှာလဲ။သူမ ရေချိုးနေတယ်။
Let's go out now.It isn't raining any more.
အခု အပြင်သွားတော့အောင်။ဒီထက်တော့ မိုးမရွာတော့ပါဘူး။
The water is boiling. Can you turn it off?
ရေက ဆူနေပြီ။မင်းခလုတ်လေး ပိတ်ပေးနိုင်လား။
?????
နောက်တစ်ခုက
ဥပမာ
I'm reading an interesting book at the moment. I'll lend it to you when
I've finished it.
ငါအခု စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖတ်နေတာ ။ငါဖတ်ပြီးသွားရင် မင်းကို ငှားမယ်။
ဒီစာကြောင်းမှာ သူတို့စကားပြောနေတဲ့ အချိန်မှာ စာအုပ်ဖတ်နေတာတော့ မဟုတ်ဘူး။ဒါပေမယ့်စာအုပ်ဖတ်နေတာတော့ ဟုတ်တယ်။ စာအုပ်ကဖတ်လို့မပြီးသေးဘူး။သူဖတ်နေတုန်းပဲရှိသေးတယ်။ ဆိုလိုချင်တာက အလုပ်တစ်ခုကို လုပ်နေတယ် မပြီးဆုံးသေးဘူး လုပ်နေဆဲ တန်းလန်းကြီး ဆိုရင် ဒီပုံစံနဲ့ သုံးတယ်။
?????
နောက်တစ်ခုက
အခုလောလောဆယ် အပြောင်းအလဲ ဖြစ်နေတဲ့ အရာတွေအကြောင်း ပြောရင် သုံးတယ်။
ဥပမာ
The population of the world is rising
very fast.
ကမ္ဘာ့လူဦးရေက အလျင်အမြန်ပဲ တိုးလာတယ်။
Is your English getting better?
မင်းရဲ့ အဂ်လိပ်စာ တိုးတက်လာပြီလား။
Ken is still ill but he is getting better slowly.
Ken က နေမကောင်းဖြစ်နေတုန်းပဲ။ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပိုကောင်းလာပါပြီ။
The world is changing. Things never stay the same.
ကမ္ဘာ ကြီးက ပြောင်းလဲနေတယ်။ အရာအားလုံးက ဘယ်တော့ အမြဲတူညီမနေဘူး။
?????
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
19.8.2024
Keep Reading