Author's Profile Photo

Nicolette

15/03/2024

အသက် (၁၈) နှစ် အရွယ် အမျိုးသမီးလေး ရေးသားခဲ့တဲ့ ကြောက်စရာ ကမ္ဘာကျော် ဝတ္ထု

1 min read
Book Review
General Knowledge
Art
အသက် (၁၈) နှစ် အရွယ် အမျိုးသမီးလေး ရေးသားခဲ့တဲ့ ကြောက်စရာ ကမ္ဘာကျော် ဝတ္ထု's photo


၁၈၁၆ ခုနှစ် နွေရာသီမှာ မယ်ရီ ရှယ်လီ လို့ ခေါ်တဲ့ အမျိုးသမီးလေးဟာ သူ့ရဲ့ အမျိုးသားနဲ့အတူ ဆွစ်ဇာလန် နိုင်ငံကို အပန်းဖြေခရီးတစ်ခုကို သွားခဲ့ပါတယ်။ အဲ့ဒီ့တုန်းက မယ်ရီလေးက ၁၈ နှစ်ပဲရှိပါသေးတယ်တဲ့။


အဲ့ဒီခရီးမှာ မယ်ရီရဲ့ အမျိုးသားအပြင် သူမရဲ့ မိထွေးဘက်ကပါတဲ့ ညီမတစ်ယောက် နဲ့ တစ်ခြား မိတ်ဆွေနှစ်ယောက်ပါ ပါပါတယ်။


သူတို့တွေက အပန်းဖြေခရီးမှာ စိန်ခေါ်ပွဲတစ်ခုလုပ်ခဲ့ကြပါတယ်။ စိန်ခေါ်ပွဲကတော့ ဒီခရီးမှာပါတဲ့ လူတိုင်းက သရဲပုံပြင်တစ်ပုဒ်ဆီကို ညတွင်းချင်းရေးကြရမယ်၊ အကောင်းဆုံးပုံပြင်က အနိုင်ရရှိပါမယ်တဲ့။


မယ်ရီက အဲ့ဒီ့ညမှာပဲ ဖရန်ကင်စတိုင်းကို အသက်သွင်းခဲ့ပါတယ်။ သူမဟာ စိန်ခေါ်ပွဲကိုလဲ အနိုင်ရရှိခဲ့တယ်။


မယ်ရီပြောပြတာကတော့ ဖရန်ကင်စတိုင်းကို သူမရဲ့ အိပ်မက်ဆိုးတွေကနေ ဖန်တီးခဲ့တာပါတဲ့။


ဖရန်ကင်စတိုင်းဟာ စတင်ရေးသားတုန်းကတော့ ပုံပြင်တိုလေး ဆိုပေမယ့် မယ်ရီက ဝတ္ထုရှည်ဖြစ်အောင် ဆက်ပြီး ရေးသားခဲ့ပါတယ်။


၁၈၁၈ ခုနှစ်မှာတော့ လန်ဒန်မြို့မှာရှိတဲ့ စာအုပ်တိုက်သေးသေးကနေ ထုတ်ဝေခဲ့ပါတယ်။


စတင်ထုတ်ဝေတုန်းက ဖရန်ကင်စတိုင်းကို မယ်ရီက သူမရေးထားတယ်လို့ လူတွေ မသိစေချင်တာကြောင့် အမည်မသိ အနေနဲ့ပဲ ထုတ်ဝေခဲ့တာပါ။


၁၉ ရာစုတုန်းက အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာ အရမ်းပြင်းထန်တဲ့အတွက်ကြောင့် ဒီလို ကြောက်စရာဝတ္ထုကို အမျိုးသမီး တစ်ယောက်က ရေးသားထားကြောင်း မယ်ရီက မသိစေချင်ခဲ့ပုံပါပဲ။


နောက်ပိုင်း ဝတ္ထုတော်တော်လေး အောင်မြင်သွားတော့မှ ၁၈၃၁ မှာ မယ်ရီက သူမရဲ့ နာမည် မယ်ရီ ရှယ်လီနဲ့ ဖရန်ကင်စတိုင်းကို ပြန်ထုတ်ဝေခဲ့ပါတယ်။


ဖရန်ကင်စတိုင်းဝတ္ထုဟာ ယနေ့ထက်တိုင် ပုံစံအမျိုးမျိုးနဲ့ ရုပ်ရှင်တွေ စာအုပ်တွေ ရုပ်ပြတွေမှာ လွှမ်းမိုးထားဆဲဖြစ်ပါတယ်။


ဖရန်ကင်စတိုင်းစာအုပ် အကျဉ်းချုပ်နဲ့ တစ်ခြားဖတ်သင့်တဲ့ English စာအုပ် အကြောင်းတွေကို ဆက်လက်ရေးသားမှာဖြစ်လို့ အကောင့်လေးကို follow လုပ်ပေးသွားပါဦးနော် ☺️

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေသုံးနှစ်သုံးမိုးErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်