Lin Myat
"အထွေး" ဖတ်ပြီးနောက် ကိုယ်တွေးမြင်ခံစားခဲ့ရသည်များ (18 ၀န်းကျင် သူငယ်ချင်းတွေကို ဖတ်စေချင်မိသော ?)
သာဓုကန်ဘုရားမှာ အနေများသည်မို့ ကွန်ပျူတာတက္ကသိုလ်နှင့် သိပ်မစိမ်းလှပါ။အကြိမ်ပေါင်းများစွာ မျက်ဝါးထင်ထင်မြင်ဖူးခဲ့သည်မို့ ဇာတ်လမ်းအစကနေ အဆုံးအထိ နစ်မြော၍ ဖတ်ရှုခဲ့ရသည်။
ကိုယ့်အတွက် သိပ်ကို ဟက်ထိ သွားရတဲ့ ဇာတ်ကောင်က "နှင်းအေးရည်"။ဘာကြောင့်လဲဆိုရင် အချို့အရာတွေက ကိုယ်နဲ့တကယ့်ကို တူနေလေသည်။ကွန်ပျူတာတက္ကသိုလ်မှာ ကွန်ပျူတာကို စာသင်ချိန်မှသာ ပေးသုံးသည်။ စာသင်ချိန်မဟုတ်ဘဲ၀င်လာလျှင် အတန်းထဲက ဆရာမက အော်ပြီးမောင်းထုတ်တတ်သည်။ မဟုတ်ရင် အခန်းကိုသော့ခတ်ပိတ်ထားသည်သာ။ထိုအရာကို ကျန်သည့်ကျောင်းသားများက ဘာမှမဖြစ်သလို ဘာသိဘာသာနေသော်လည်း မမနှင်းကတော့ အဲ့လိုမဟုတ်ခဲ့။ အားလပ်ချိန်တွေမှာ လေ့လာချင်သည့် ကျောင်းသားတွေ လေ့လာခွင့်ရအောင်,ဆရာမတွေ အော်ထုတ်ပစ်တာတော့ မကောင်းဟု လူအမုန်းခံပြီး စာတစ်တန်,ပေတစ်တန်နဲ့ ရေးတင်ခဲ့လို့ ကျောင်းသားရေးရာ ရောက်ခဲ့ရသည့်အထိ။ဆရာတိုင်းက ကျေးဇူးကြီးတာမှန်ပေမဲ့ ဆရာပြောတိုင်း ဖြစ်သင့် မသင့် မစဉ်းစားဘဲ နာခံတတ်တဲ့ကျောင်းသားထဲမှာ ကိုယ်လည်းမပါခဲ့ပါ။မုန်းချင်လျှင်မုန်း မဖြစ်သင့်တာကြီးဖြစ်နေရင်တော့ ငြိမ်ခံနေတတ်တဲ့ထဲမှာ ကိုယ်လုံး၀မပါခဲ့။"ကောင်းတဲ့ ပြောင်းလဲမှုတွေဖြစ်လာဖို့ လူမုန်းချင်မုန်းပါစေ၊တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကတော့ အနစ်နာခံရတာပဲ"တဲ့ ဒီစာလေးကို အတော်လေး သဘောကျမိတယ်။နောက်ပြီး "ဆရာတွေထက် ပိုသိနေတဲ့စာတွေ ပြောမိရင် ကြည့်မရတော့ဘဲ အငြိုးခံရတဲ့ ကျောင်းသားတွေ တကယ်ရှိတယ်"ဆိုတဲ့ စာသားလေး။အဲ့ကျောင်းသားထဲမှာ ကိုယ်လည်းတစ်ယောက်အပါအ၀င်ပေါ့။စာဆွေးနွေးရင် ဆရာပြောတဲ့ပုံမျိုးမဟုတ်ဘဲ အခြားပုံစံတစ်မျိုး ပြောတတ်လို့၊ဆရာ မသိတဲ့ Vocab တွေသုံးမိတတ်လို့၊ ရိုးရိုး Dictionary မှာ ရှာကြည့်တာမတွေ့လို့ အဆော်ခံခဲ့ရတာတွေ၊ grammar အယူအဆတစ်ချို့မှားနေတာကို ထောက်ပြမိလို့၊ဆရာတွက်တဲ့အတိုင်း လိုက်တွက်ခဲလို့ ၊ဒါလာရင် ဒါထည့်ဆိုတဲ့နည်းထက် အမြဲအဆန်းအပြားကိုပဲ တွေးတတ်လွန်းလို့၊ တွက်နည်းအသစ်တွေပဲ အမြဲထွက်လွန်းလို့၊ မေးခွန်းမေးလွန်းလို့ ကိုယ့်ကို အငြိုးအတေးထားပြီး ဖိနှိပ်တဲ့ ဆရာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ဖူးတယ်။ကောင်းတဲ့ဆရာတွေအများကြီးရှိပေမဲ့ ဆရာတိုင်းတော့ ဟုတ်မနေဘူး။ဆရာတွေရဲ့ ကျေးဇူးကြီးသည် သို့သော်ပေါ့။စော်ကားတာမျိုးမဟုတ်ဘဲ တစ်ချို့စိတ်ကွက်မိတာမျိုးလေးတွေပေါ့။ကိုယ့်ခံစားချက်နဲ့ ကိုက်ညီလို့ မမနှင်းကို သိပ်ကြိုက်တယ်။တစ်ဦးနဲ့ အများ ဖြစ်နေတတ်သော ကိုယ့်ကို မမနှင်းက နားလည်ပေးလိုက်မည်ဟုထင်သည်။သူရဲ့ဖေးမကူညီတတ်ပုံ၊ကြင်နာတတ်ပုံ၊နောက်ကွယ်မှာသာ အတင်းပြောရဲသူကို ရယ်စရာအဖြစ်ရှုမြင်ပုံ၊စာပေကိုချစ်မြတ်နိုးပုံ၊ထက်မြက်ပုံ၊မဟုတ်မခံ စိတ်ဓာတ်ရှိပုံ အားလုံးကို သဘောကျရတယ်။
သုတလို ရှားရှားပါးပါးသူငယ်ချင်းလေးတစ်ယောက်ကို ပိုင်ဆိုင်ထားမိလို့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့လည်း ခံစားရမိစေတယ်။ သုတလို့ လေးစားစရာကောင်းပြီး နှစ်ယောက်မရှိနိုင်တော့တဲ့ သူငယ်ချင်းမျိုးလေးကို တန်ဖိုးထားရကောင်းမှန်း သိလာတယ်။
ကိုကောင်းဟန်လို ချစ်ခြင်းမေတ္တာကို အနူးညံ့ဆုံး ပုံဖော်သွားချင်တယ်။ "ကျွန်တော့် မေတ္တာမှန်ရင် ကျွန်တော်သာ ရလိမ့်မယ်ဆိုတဲ့အစွဲကလည်း ရှိနေနှင့်တာ"တဲ့ အဲ့စာသားလေးမှာ စစ်မှန်မှုတွေအများကြီးပါ၀င်နေတယ်။ကိုယ်ကြောင့် ကိုယ်ချစ်ရတဲ့သူကို အေးချမ်းစေချင်တယ်။
ပျော်ရွှင်စေချင်တယ်။ကိုကောင်းဟန်လို မေတ္တာပေးနိုင်ဖို့ ကြိုးစားရမယ်။
အဓိက ဇာတ်ဆောင် အထွေးဟာ
ရုပ်ရည်ရှိတယ်၊သူ့ကိုထောက်ပံ့နိုင်တဲ့ မိသားစုရှိတယ်။သို့သော် သူဟာ အမြဲတမ်းငေးငေးငိုင်ငိုင် နုံ့အအနဲ့ လောကကြီးအကြောင်းဘာမှမသိသေးတဲ့ အလွယ်တကူလိမ်လိုက်လို့ရနိုင်တဲ့ကောင်မလေးမျိုး။ဘာတစ်ခုမှလည်း စိတ်၀င်မစားတတ်သလို ဘာရည်မှန်းချက်မှလည်း ရှိမနေခဲ့သူ။ အလှအပအတွက်သာ ဂုဏ်ယူနေတတ်တဲ့ မိန်းကလေးမျိုး။အဆင်းသာရှိပြီး အချင်းမရှိတဲ့မိန်းကလေးမျိုး။သူ့အဖေက သူတို့မိသားစုကိုထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားခဲ့တယ်။နောက်မိခင်က ဆုံးသွားခဲ့တယ်။အဖေလိုယောကျာ်းမျိုးနဲ့ ဆုံရမှာကို သိပ်ကြောက်ခဲ့တဲ့ အထွေးဟာ သူ့ဘ၀ကို နစ်မွန်းထိခိုက်အောင်လုပ်မဲ့ လည်လွန်းတဲ့ ကိုဗညားဆိုသူနဲ့ပဲ ဆုံတွေ့ခဲ့တယ်။သူ့ဘ၀မှာ ဘယ်လိုမှဖျောက်ဖျက်မရနိုင်တဲ့ အမည်းစက်ကြီးတစ်ခု ကြီးစိုးခဲ့ရတယ်။ အဲ့အချိန်သူ့မှာ ရူးမလိုနှမ်းမလိုဖြစ်ခဲ့ပြီး အရင်းနှီးဆုံး၊အချစ်ရဆုံး အဘွားကပါဆုံးပါးခဲ့တယ်။ သူဘ၀မှာအဆိုးတွေချည်းသာကြုံခဲ့သည်မို့ ကောင်းမွန်မှုအဖြစ်ရောက်လာခဲ့တဲ့ ကိုကောင်းဟန်ကို လောဘကြီးခဲ့မိတယ်။ကိုကောင်းဟန်ကလည်း အရာရာခွင့်လွှတ်နားလည်ပြီး အထွေးနဲ့ လက်တွဲဖြစ်သွားမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုခဲ့ရတယ်
ကွန်ပျူတာတက္ကသိုလ်ကို နောက်ခံထားပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာ၀ကို ရိုးရိုးရှင်းရှင်းနဲ့ အမျိုးသမီးငယ်တို့အတွက် ပညာပေးစာအုပ်တစ်အုပ်လို့ ထင်မိပါတယ်။တရားစာအုပ်ပါအပါအ၀င် ဖတ်သင့်ဖတ်ထိုက်သော စာအုပ်၁၉အုပ်ကို မသိမသာ မသိမသာနဲ့ ထည့်ရေးထားတဲ့ စာရေးသူမသုရဲ့ စေတနာကိုလည်း မြင်မိပါတယ် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်သင့်ပုံကိုလည်း စကားအလိမ်မာလေးသုံးပြီး ဆုံးမထားပါသေးသည် မိတ်ဆွေစစ်တို့ရဲ့ တန်ဖိုးကိုလည်း နားလည်လာခဲ့တယ် အဆောင်နေ ကျောင်းသူဘ၀ကိုလည်း လွမ်းမိပါတယ် စာဖတ်တဲ့တောက်လျှောက်လုံး အရပ်ရှည်ရှည်အထွေး နေရာမှာ အရပ်ပုပုလေးနဲ့ချစ်စရာကောင်းပြီး ထက်မြက်သွက်လက်တဲ့ မသုကိုပဲ မြင်ယောင်နေမိတယ် YUFL joinမဲ့ ကိုယ်တောင် UCSY ကို join ချင်သလိုလိုဖြစ်လာခဲ့ပြီ ? ဘယ်အရာမှ မမြဲတာမို့
"ထာ၀ရလို့ ရည်ရွယ်ထားတာတွေကို တည်မြဲအောင် မထိန်းသိမ်းနိုင်ကြတော့လို့ နာကျင်စရာကြံရမယ့် အချိန်ကျရင် သမီးဟာ ခံနိုင်ရည်ရှိဖို့ လိုတယ်" btw art လေးကို တအားသဘောကျ?
#အထွေး
#သုတေးစစ်
#reviewbyLinMyathttps://www.facebook.com/share/p/SuQSz8K73XAYN8h5/?mibextid=oFDknk
Keep Reading