မြသွန်း(တောင်ဒဂုံ)
?ထိုင်းမှာ အလုယက်တိုးခွေ့ပြီးဝယ်နေကြတဲ့ ဒီLabubuအရုပ်လေးတွေကို အခု မြန်မာနိုင်ငံမှာပါ ဝယ်ယူသူခပ်စိပ်စိပ်ရှိလာတာကို တွေ့မြင်နေရပါတယ်။ နောက်ပြီး Labubuအရုပ်ရဲ့ဈေးကလည်း သိန်းချီပေးရတာကြောင့် ဒီလိုဈေးကြီးတဲ့အရုပ်လေးကို လူတွေဘာလို့ အလုယက်ဝယ်နေကြတာလဲ? ဒီအရုပ်က ဘာတွေများထူးခြားနေလို့လဲ? နောက်ပြီး ဘယ်လိုကနေစတင်ပြီး နာမည်ကြီးသွားတာလဲ?
? Labubuအရုပ်ကိုဖန်တီးခဲ့တဲ့သူကတော့ Kasing Lungလို့အမည်ရတဲ့ ဟောင်ကောင်ကာတွန်းဇာတ်ကောင်ရေးဆွဲသူတစ်ယောက်ဖြစ်ပါတယ်။ Labubuဇာတ်ကောင်ကလည်း သူရေးဆွဲခဲ့တဲ့ The monsters characters တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
?Kasing Lung ဟာ သူငယ်ငယ်လေးကတည်းက နတ်သမီးပုံပြင်တွေကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခု The monsters ဇာတ်ကောင်တွေကလည်း အဲ့ဒီပုံပြင်တွေကနေ ကိုးကားဖန်တီးထားတာပါ။
?အဲ့ဒီဇာတ်ကောင်တွေထဲကမှ အခုရေပန်းစားနေတဲ့ Labubu အရုပ်လေးကတော့ ယုန်နားရွက်ပုံစံနဲ့ monsterဆိုတဲ့အတိုင်း ကြောက်စရာကောင်းတဲ့ဇာတ်ကောင်တစ်ခုဖြစ်ပေမယ့် သူ့ရဲ့ သွားလေးတွေအပြင်ထွက်ပြီးရယ်နေတဲ့ပုံစံလေးက ကြောက်စရာမကောင်းပဲ ချစ်ဖို့တောင်ကောင်းနေပါတယ်။
?နောက်ပြီး ဒီ characterထဲမှာဆိုရင် Labubuက ကြင်နာပြီးကူညီတတ်ပေမယ့်လည်း အမြဲတလွဲတွေလုပ်တတ်တယ်လို့သိရပါတယ်။ Kasing Lung ကတော့ ၂၀၁၉ခုနှစ်ကတည်းက Pop Martကုမ္ပဏီနဲ့လက်တွဲပြီးတော့ The monsters ဇာတ်ကောင်လေးတွေကို အရုပ်အဖြစ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
?အဲ့ဒီချိန်ကတည်းက အရုပ်တွေရောင်းထွက်ပြီး အောင်မြင်ခဲ့ပေမယ့် အခုလက်ရှိမှာတော့ တန်ဖိုးက တဟုန်ထိုးတက်သွားတဲ့အပြင် အရင်ကရောင်းရတယ်ဆိုတာနဲ့ ဘာမှကိုမဆိုင်တော့ပါဘူး။ ထိုင်းမှာဆိုရင် လူတန်းအရှည်ကြီးစီပြီးတော့ကို တိုးခွေ့ပြီးဝယ်ယူနေကြတာပါ။
?အခုလို Labubuအရုပ်တွေ ရောင်းအားမတရားထိုးတက်သွားခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ Blackpink အဖွဲ့ဝင် Lisaကြောင့်ပဲဖြစ်ပါတယ်။ Lisaက သူ့ရဲ့ Instagram story မှာ ဒီLabubuအရုပ်နဲ့ပုံတွဲတင်လိုက်တဲ့အချိန်ကစလို့ သူ့ရဲ့fanတွေကလည်း ဒီအရုပ်ကိုသတိထားမိသွားခဲ့ကြတာပါ။
?Lisaဆိုတာ အားလုံးသိကြတဲ့အတိုင်း fanတစ်အားများတာကြောင့် သူမရဲ့လွှမ်းမိုးမှုက Labubuအရုပ်ပေါ် လူတွေစိတ်ဝင်စားမှုကို မြှင့်တက်သွားစေခဲ့ပါတယ်။
? တစ်ချိန်တည်းမှာပဲ လူတွေက ဒီအရုပ်ကိုအသည်းသန်ဝယ်နေကြသလို တစ်ဖက်မှာ Labubu အရုပ်တုတွေကို ထုတ်နေကြတဲ့ Market တစ်ခုလည်းရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် ထိုင်းဝန်ကြီးကိုယ်တိုင်ကတောင် အတုတွေထွက်နေတာကြောင့် Labubu အရုပ်ဝယ်ရင် သတိထားကြဖို့နဲ့ Pop Martမှာတိုက်ရိုက်ဝယ်ယူဖို့ recommend ပေးခဲ့ပါတယ်။
? နောက်ပြီး Labubuအရုပ်တုတွေထုတ်လုပ်တာကို စစ်ဆေးတွေ့ရှိရင် အရေးမှုတွေပါလုပ်သွားမယ်လို့ သိရှိရပါတယ်။ ဒါမယ့် အခုလက်ရှိမှာ မြန်မာနိုင်ငံထဲမှာကတော့ 8000ဝန်းကျင်တန် Labubuအရုပ်တုတွေက ဈေးကွက်ထဲကို အများကြီးဝင်ရောက်လာပြီဖြစ်ပါတယ်။
?တော်တော်များများကတော့ ဒီLabubuအရုပ်လေးတွေကို အရမ်းကိုစွဲလမ်းနေကြပြီး ဒီအရုပ်က လပ်ကီးရှိတယ်၊ အတော်လေးလည်းချစ်ဖို့ကောင်းတယ်လို့ ပြောနေကြပါတယ်။ မိတ်ဆွေတို့ရော Labubuအရုပ်လေးတွေအပေါ် ဘယ်လိုမြင်ကြပါသလဲ??
မြသွန်း(တောင်ဒဂုံ)
Keep Reading