စောမြတ်နွယ်

ဒီနေ့မျှဝေပေးချင်တာက
Do you mind…? ဆိုတဲ့အသုံးပါ။
အဓိပ္ပာယ် က
တစ်ခုခုလုပ်ရင် အနှောင့်အယှက်ဖြစ်မလား၊ လုပ်လို့ရမလား လို့ ယဥ်ယဥ်ကျေးကျေး မေးပုံ ဖြစ်ပါတယ်။
နမူနာဝါကျတွေကိုကြည့်ကြရအောင်။
?????
ဥပမာ
Would you mind if I smoke here?
ကျွန်တော် ဒီမှာဆေးလိပ်သောက်ရင် အနှောက်အယှက်များဖြစ်နေမလား။
Do you mind opening the window? It’s so stuffy in here.
ပြတင်းပေါက်ဖွင့်ထားလို့ ရမလား။ဒီမှာ တအားမွန်းကျပ်နေလို့။
Do you mind leaving the room for a moment.?
အခန်းကို ခဏလောက် ဒီအတိုင်းထားခဲ့လို့ ရမလား။
Do you mind if I call you?
ကိုယ် မင်းကို ဖုန်းခေါ်လို့ရမလား။
Do you mind if I ask you a question?
မေးခွန်းတစ်ခုလောက် မေးလို့ရမလား။
Do you mind if I sit down here for a moment?
ဒီမှာ ခဏလောက် ထိုင်လို့ရမလား။
Would you mind telling me what you're doing?
မင်းဘာလုပ်နေတယ်ဆိုတာ ငါ့ကို ပြောပြနိုင်မလား။
?????
ဒီနေ့အတွက်ဒီလောက်ပါပဲ။
Englishစာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။
#စောမြတ်နွယ်
10.8.2024
Keep Reading