Author's Profile Photo

Spirit

11/08/2024

နည်းပညာဆိုတဲ့အရာ

1 min read
Software Development
Education
Programming



နည်းပညာ(Technology) ဆိုတဲ့အရာ.....

“နည်းပညာ” ဆိုတဲ့စကားလုံးကို ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ နည်းပညာဆိုဘာလဲ ဆိုတာကို လူတိုင်း စဉ်းစားမိချင်မှ စဉ်းစားမိမှာပါ။ ဆိုတော့ ဒီအကြောင်းလေးတွေ ပြောကြည့်ကြရအောင်။ ?‍?

နည်းပညာ ဆိုတာကဘာလဲ❓?
?️ နည်းပညာဆိုတာက လူတွေရဲ့ လုပ်ဆောင်ချက်တွေ ပိုပြီးကောင်းလာအောင်၊ ပိုပြီးမြန်ဆန်လာအောင်၊ လူတွေအတွက် သက်တောင့်သက်သာဖြစ်အောင် ကူညီပေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ နည်းပညာဆိုတဲ့အရာက အခုခေတ်မှ ရှိတာမျိုးမဟုတ်ဘဲ ရှေးခေတ်တွေကတည်းက ရှိနေခဲ့တာပါ။

?️ ဥပမာပြရရင် ကျောက်ခေတ်မှာ လူသား‌တွေဟာ အဝတ်အစားတွေမဝတ်ကြဘဲ သစ်ရွက်တွေနဲ့သာ အရှက်လုံအောင် ဖုံးအုပ် ဝတ်ဆင်ကြတာဖြစ်ပြီး ကျောက်ဂူတွေထဲမှာသာ အုပ်စုဖွဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အသိဉာဏ်တစ်ဆင့် မြင့်လာတဲ့အခါမှာတော့ အဝတ်အစားတွေ ဝတ်ကြပြီး ဂူတွေအစား အိမ်ကလေးတွေ ဆောက်ပြီး နေလာကြပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေသာ စားကြရာကနေ မီးကို စတင်တွေ့ရှိကာ ချက်ပြုတ်စားသောက်လာကြပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
နေ့စဉ်လူနေမှုဘဝမှာ နည်းပညာတွေကလည်း မရှိမဖြစ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါပြီ။ နည်းပညာလို့ဆိုရာမှာ ပုံစံအမျိုးမျိုးရှိပါတယ်။ ဥပမာပြောရရင် ဆေးဘက်ဆိုင်ရာနည်းပညာ၊ စက်ပစ္စည်းဆိုင်ရာ နည်းပညာ၊ လျှပ်စစ်ဆိုင်ရာနည်းပညာ အစရှိသဖြင့် ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ နည်းပညာဟာ တရှိန်ထိုး တိုးတက်နေပြီဖြစ်တာကြောင့် လူနေမှုဘဝတွေကလည်း ပိုပြီး မြှင့်တင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းဟာ ကောင်းကျိုးနဲ့ဆိုကျိုး ဒွန်တွဲနေတာကြောင့် တိုးတက်လာတဲ့ နည်းပညာအပေါ်က အကျိုးရှိရှိနဲ့ မှန်ကန်စွာ အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ?‍?

Facebook page
https://www.facebook.com/spiritforsoul?mibextid=ZbWKwL

Telegram Channel
https://t.me/spirit_for_you

#Spirit
#Knowledge
#Spirit_for_you
#Technology

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။