Author's Profile Photo

Ꭻᴀsᴩᴇr

13/03/2024

Lucid Dream ဆိုတာဘာလဲ❔

1 min read
General Knowledge
Lucid Dream ဆိုတာဘာလဲ❔'s photo

အိပ်မက်ကို အိပ်မက်မှန်းသိနေတာမျိုး ကြုံဖူးကြလား?

ဒီနေ့ မျှဝေပေးသွားမဲ့ အကြောင်းလေးကတော့ ထူးခြားတဲ့ အိပ်မက်အမျိုးအစားတစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။ ဆိုတော့ မပြောပြခင် အခုစာဖတ်နေတဲ့သူကရော အိပ်မက်မက်ဖူးလား။ ဘယ်လိုအိပ်မက်တွေ မက်ဖူးလဲ။ အိပ်မက်မက်နေတာကို အိပ်မက်မှန်း သိနေတာမျိုးရော ကြုံဖူးလား။

ဒီနေ့ ပြောပြပေးသွားမဲ့ အိပ်မက်အမျိုးအစားလေးကိုတော့ Lucid Dream လို့ခေါ်ပါတယ်။ Lucid Dream ဆိုတာကတော့ အိပ်မက်မက်တဲ့သူက သူ့ကိုယ်သူ အိပ်မက်မက်နေမှန်း သိနေတာမျိုးပါ။ ဒီနေရာမှာ တချို့လူတွေက အိပ်မက်မှန်းသိတဲ့အပြင် အဲဒီအိပ်မက်ကိုပါ ထိန်းချုပ်နိုင်ကြပါသေးတယ်။

ဘယ်လိုမျိုးလဲဆိုရင် ကိုယ်က အိပ်မက်မှန်း သိနေတဲ့အတွက် ကိုယ့်အိပ်မက်က မကောင်းတာတွေ ဖြစ်တော့မယ််ဆိုရင် ကိုယ့်ကိုယ်ကိုယ် နှိုးလိုက်လို့ ရတာမျိုး။ ဒါမှမဟုတ် ကောင်းတဲ့ အိပ်မက်ဖြစ်အောင် အဖြစ်အပျက်တွေကို ပြောင်းလဲလိုက်တာမျိုးပေါ့။ ဒါတင်မဟုတ်သေးဘဲ ကိုယ်က စူပါဟီးရိုးတွေလို လေပေါ်ပျံချင်တယ် ဆိုရင်လည်း ပျံနိုင်အောင် လုပ်နိုင်သေးတယ်။ ကိုယ်သွားချင်တဲ့ နေရာကို သွားလို့ရမယ် စသဖြင့်ပေါ့။

ဒါပေမဲ့ Lucid Dreamer အချင်းချင်းတောင်မှ တစ်ယောက်နဲ့တစ်ယောက်က မတူကြပါဘူး။ တချို့က အိပ်မက်ကို အိပ်မက်မှန်းသိပြီး ထိန်းချုပ်နိုင်ပေမဲ့ တချို့တွေကတော့ အိပ်မက်မှန်း သိရုံနဲ့တင် နိုးလာတတ်ကြပါတယ်။

လူတွေရဲ့ (၅၅) ရာခိုင်နှုန်းလောက်ဟာ တစ်သက်မှာတစ်ခါတော့ Lucid Dream ကို မက်ဖူးကြတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ ပုံမှန်အားဖြင့်တော့ Lucid Dream ကို သဘာဝအလျောက်မက်ကြပေမယ့် လေ့ကျင့်ယူလို့လဲ ရနိုင်ပါတယ်။

Lucid Dream တွေဟာ ကိုယ့်ရဲ့ အိပ်မက်ဆိုးတွေကြောင့် ဖြစ်လာမယ့် ကြောက်စိတ်တွေကို သက်သာစေနိုင်ပါတယ်။ Lucid Dream ကို အသုံးပြုပြီး Trauma တွေ၊ Disorder တွေကိုပါကုလို့ရပါတယ်။ တချို့ဆိုရင် Lucid Dream ကို သုံးပြီး အတတ်ပညာတစ်ခုခုကို သင်ယူတာတွေ ပြိုင်ပွဲတွေအတွက် ကြိုတင်လေ့ကျင့်တာတွေအထိ ပြုလုပ်ကြပါတယ်။

ဒါပေမဲ့ Lucid Dream ကို သဘာဝအတိုင်း မက်တာမဟုတ်ဘဲ လေ့ကျင့်ယူတာက ဆိုးကျိုးတွေကိုလဲ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်တဲ့အခါ နည်းစနစ်မမှန်ရင် အိပ်ရေးမဝတာကစလို့ အပြင်လောကနဲ့ အိပ်မက်ကို မခွဲခြားနိုင်တဲ့ ပြဿနာမျိုးတွေအထိ ကြုံရနိုင်တာမို့ ကိုယ်က လေ့ကျင့်မယ်ဆိုရင် သတိလေး ထားကြဖို့တော့ မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။ ဒါ့အပြင် Lucid Dream ကို နည်းစနစ်မမှန်မကန်နဲ့ လေ့ကျင့်မိမယ်ဆိုရင် မြန်မာတွေပြောကြတဲ့ ဘီလူးစီးတယ်ဆိုတဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

ဒါကတော့ Lucid Dream ရဲ့အကြောင်းကို အနည်းအကျဉ်းမျှဝေပေးတာပါ။ Lucid Dream ကိုမက်ဖူးပြီး မမှတ်မိဘူးဆိုရင်လဲ ဒီစာကို ဖတ်ပြီးရင်တော့ ရှင်းသွားမှာပါ။

Lucid Dream က ကောင်းတာရော၊ ဆိုးတာရော ဒွန်တွဲနေတဲ့ အိပ်မက်တစ်ခုပါပဲ။ အကျိုးရှိရှိအသုံးချတတ်ရင်တော့ ရွှေပေါ့။

#Woody
#lucid_dream
#dream
#dream_control

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) အကျင့်ဆိုးဖျောက်နည်းကိုယ့်ကိုယ်ကိုယ်ကုစားနည်း