SarPhat Author
ကရင်ပြည်နယ်၏မြို့တော်သည် ဘားအံမြို့ဖြစ်သည်။ဘားအံမြို့သည် သံလွင်မြစ်၏ ကျောက်စွန်းထက်တွင် တည်ရှိသည်။ရေနဂါးမင်းသမီး နှင့် ဖားမင်းသားလေးမှ ရင်သွေး ဖားတစ်ကောင်နှင့် နဂါးတစ်ကောင်ပေါက်ဖွားပြီး သံလွင်မြစ်အတိုင်း စုန်ဆင်းလာကြရာ မောင်နှမမှန်း မသိသည့်အတွက် အစာမှတ်ကာ နဂါးကဖားကိုလိုက်လေသည်။ မွေးဖ သားချင်းတူသည်ကို သိသောအခါ နဂါးက ဖားကိုမမြိုရက်သည်ဖြင့် အန်ထုတ်သောနေရာ ကို ဖားအံ ဟုသတ်မှတ်ခဲ့ရာမှာ ဘားအံရွာဖြစ်သည်ဟု ဒဏ္ဍာရီပုံပြင်သဖွယ် လူအများက ဆိုကြသည်။
ဘားအံမြို့သို့ ရောက်ဖူးသူတိုင်း သာယာသော သဘာဝ ရှုခင်းများကြား နစ်မွန်း မွန်းမောသွားကြရသည်။သဘာဝတောင်စဉ်၊တောင်တန်း၊ဂူနန်း၊ဟေမဝန်၊စိမ့်စမ်းရေတံခွန်တို့ကြောင့် ထူးကဲလှပစွာ သာသာကြည်နူးဖွယ်ကောင်း၏။ ဖားစည်မြေ ကျက်သရေကို အပြည့်အဝဂုဏ်ဆောင်သည်။
ဘားအံမြို့ကို ထောင်ဝိတောင်၊ထမင်းဆုပ်တောင်၊ဘားကပ်တောင်၊ ရသေ့ပျံတောင်၊ ဖားပုတောင်၊ မင်ဇီတောင်၊ ဇွဲကပင်တောင် ၊ တောင်ညိုတောင် နှင့် ဘားမဲတောင်ဟူ၍ တောင်ကိုးလုံး ဝန်းရံထားသည်။တောင်ကိုးလုံးအနက် ရသေ့ပျံတောင်သည် သမိုင်းဝင်သော တောင်တစ်တောင် ဖြစ်သည်။
တောင်ခြေမှပေ (၁၅၀)ခန့်တွင် သဘာဝကျောက် လိုဏ်ဂူ တစ်ခုရှိသည်။ ဂူအတွင်း နံရံကပ်အုပ်ခွက်ဘုရားများနှင့် တရားထူးရရှိခဲ့သော ရသေ့တစ်ပါး တောင်ကိုဖောက်၍ ကောင်းကံယံ သို့ ဈာန်ဖြင့် ပျံတွက်သွားသောကြောင့် "ရသေ့ပျံတောင်" ဟု အမည်တွင်သည်။
ရသေ့ပျံတောင်သည် သံလွင်မြစ် အနောက်ဘက်ကမ်း သံလွင်တံတားမှ သမိုင်းဝင် ကော့ဂွန်းဂူ သွားလမ်းအတိုင်း ရသေ့ပျံရွာကိုဖြတ်ကျော်ကာ ရောက်နိုင်သည်။ ရသေ့ပျံရွာသည် အုန်းပင်၊ထန်းပင်၊ဝါးပင် စသည်ဖြင့် အုပ်ဆိုင်းနေသည်။ ကရင်၊မွန်၊ရှမ်း၊ဗမာ စသည် အဆက်ဆက်နေခဲ့သော ကျေးရွာဖြစ်သည်။ယခုမူ ကရင်လူမျိုး အများစုသာ စုဝေးနေထိုင်ကြမည်ဟု ယူဆရသည်။
ကျေးရွာအတွင်းရှိ စေတီဟောင်းများ၊အုတ်ကန်များ၊လက်ရေးစင် အမှတ်အသားပါသော အုတ်ချပ်များ၊ စဉ့်ရေသုတ် အုပ်ကျွတ်များ သိမ်နေရာအဟောင်းများက ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထွန်းကားခဲ့သည်ဟု သရုပ်ဖော်နေသည်။
ရသေ့ပျံဂူအနီး ဆယ့်နှစ်ရာသီ မခမ်းသည့် ကမာ့ဝေါ် (ခေါ်) ကြာနီကန် တစ်ခုရှိသည်။ကြာမျိုး (၅)မျိုးပေါက်ပြီး ကြာနီများသဖြင့် ကြာနီကန် ဟုခေါ်သည်။ရေလည်းကြည် အရိပ်လည်းကောင်းသဖြင့် ငှက်အပေါင်းတို့၏ ပျော်မြူးရာကန်လည်းဖြစ်သည်။ ယနေ့အထိ စာရေးသူအဖို့ ကြာနီကန်သို့ မရောက်ဖူးသည်မှာ အမှန်ဖြစ်ပြီး စာဖတ်၍သာ သိရခြင်းဖြစ်သည်။
ရသေ့ပျံတောင်သည် တောင်မှမြောက်သို့ သွယ်တန်းနေသော ထုံးကျောက်တောင်ဖြစ်သည်။ဂမုန်း၊နံသာ များ ပေါက်လေ့ရှိသောတောင်ဖြစ်ပြီး နွေရာသီတိုင်း ရပ်ဝေးမှ ပရဆေးဆရာများ ဆေးပင်များလာရှာဖွေလေ့ရှိသည်။ လိုဏ်ဂူအတွင်း ကျောက်အမိုးပေါက် တစ်ခုရှိသည်။ ထိုအမိုးပေါက်အား အကြောင်းပြု၍ ရသေ့ပျံတောင်၊ရသေ့ပျံဂူ ဟုအမည်တွင်လာရခြင်းဖြစ်သည်။ထို ရသေ့၏ သမိုင်းမှာ ဤသို့ဖြစ်သည်။
သာသနာအစ သထုံကဟု ဆိုရိုးစကားရှိ၏။ ဘီစီ (၁၀၀)ခန့်တွင် မွန်လူမျိုးတို့သည် သုဓမ္မမြို့ကို တည်ထောင်ပြီး မင်းဆက်(၂၄)ဆက် အုပ်ချုပ်ခဲ့သည်။ထို့နောက် ထိုနေရာမှာပင် သူဘိန္ဒနဂရမြို့ကို တည်ထောင်ခဲ့ပြီး မင်းဆက်(၃)ဆက် အုပ်ချုပ်ခဲ့သည်။ထို့နောက် မင်းအဆက်ဆက် အုပ်ချုပ်ပြီး အေဒီ (၁၆၀၀)ခန့်တွင် သထုံနှင့်တကွ မွန်ဘုရင်များပျောက်ကွယ်ခဲ့သည်။ သထုံနှင့် မွန်ဘုရင်များ မကွယ်ပျောက်မီ နောက်ဆုံးမင်းဆက် သထုံပြည့်ရှင် မနူဟာမင်း၏ ဆရာအဖြစ် ကိုးကွယ်ခံရသော ရသေ့တစ်ပါးရှိခဲ့သည်။ ထိုရသေ့သည် ဗုဒ္ဓဉာဏရသေ့ပင် ဖြစ်သည်။
ထို့အပြင် မနူဟာမင်း ကိုးကွယ်ခံရသော ရှင်ငယ်တစ်ပါးရှိသည်။ထိုသူမှာ ထေရဝါဒ ဗုဒ္ဓဘာသာစတင်ဖြန့်ဖြူးသူ သထုံနယ်သား မွန်ရဟန်း ရှင်အရဟံ ဖြစ်သည်။ ရှင်အရဟံကို မြန်မာသက္ကရာဇ် (၃၉၆)ခုနှစ်တွင် သထုံနယ်၌ ဖွားမြင်ကြောင်း သိရှိရသည်။အရှင်မဟာကာလမထေရ်မြတ်ထံ ပညာသင်ကြားပြီးလောကီ ၊ လောကုတ် နှစ်ပါးလုံးတွင် တက်ကျွမ်းပြီး အရှင်မဟာကာလမထေရ်မြတ်၏ တပည့်ဖြစ်ကြောင်း ကလျာဏီ ကျောက်စာ၌ အတိအလင်း ဖော်ပြထားသည်။မြန်မာသက္ကရာဇ် (၄၁၈)ခုနှစ်တွင် သထုံပြည်ကြီး၏ တိုင်းရေးပြည်ရေး အခြေအနေ ယိုယွင်းလာသည်။
တိုင်းပြည်အခြေအနေ ယိုယွင်းချိန်တွင် သုဓမ္မဝတီမည်သော သထုံမှ ဓမ္မဒဿီမည်သော ရှင်အရဟံသည် တိုင်းရေးလှည့်လည်၍ ပုဂံသို့ရောက်ကာ မနီးမဝေးသော တောအုပ်တစ်ခုတွင် နေတော်မူ၏။
ထိုအချိန်ကာလတွင် မင်းနေပြည်တော်၌ အနော်ရထာမင်း မင်းပြုလျှက်ရှိပြီး မိစ္ဆာဒိဌိ အရည်းကြီးများ ကြီးစိုးလျက်ရှိသည်။ အရည်းကြီးများသည် ပေစာအတုများအား သစ်ပင်အတွင်း ဝှက်ကာထားကာ ပြည်သူများအား အယုံသွင်းသည်။ရှေးလူများကလည်း ရှေးဘိုးဘေးများက ချမှတ်ထားသော စည်းကမ်းဟု ထင်မှတ်ကာ ကိုးကွယ်ကြ၍ အယူမှားခဲ့ကြသည်။
အနော်ရထာမင်းမှာ အရည်းကြီးများ၏ လုပ်ကိုင်ပုံကို မနှစ်မြို့နေစဉ် ကံအကြောင်း တိုက်ဆိုင်၍ ရှင်အရဟံ နှင်ဆုံကြုံခဲ့ပြီး ကြည်ညိုရာမှ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အကြောင်းဖန်လာခဲ့သည်။အနော်ရထာမင်းသည် မနူဟာမင်း နတ်ရွာစံပြီးနောက် ပုဂံမင်းဆက် (၅၅)ဆက်အနက် (၄၂)ဆက်မြောက်မင်း ဖြစ်သည်။အနော်ရထားကား ကြောင်ဖြူမင်း နှင့် မိဖုရားမြောက်ပြင် တို့မှ မြန်မာသက္ကရာဇ် (၃၇၆)တွင် ဖွားမြင်သော သာသနာပြုမင်းဖြစ်သည်။
အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။
ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။
("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။
စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရား နှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။
အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကိုအကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။၄င်းမှာ ကျန်စစ်သား ဖြစ်သည်။
အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။
အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။
ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တ်ာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။
ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။
မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘ
Unlock to read this premium article with 10 points.