Author's Profile Photo

SarPhat Author

22/01/2024

မြန်မာနိုင်ငံမှာ Software အပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၁၁)​ ချက်

5 mins read
Software Development
Business
General Knowledge
မြန်မာနိုင်ငံမှာ Software အပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၁၁)​ ချက်'s photo

နံပါတ်(၁)​ CTO ရှာပါ။

Organization တစ်ခုအတွက် ရေးနေတဲ့ Software တစ်နှစ်လောက် အကြာမှာ ပြီးသွားတယ်။ ဒီ Software ရေးတဲ့သူတွေနဲ့ စကားပြောဖြစ်တဲ့အခါမှာ ဘာလို့ ဒီလောက်ကြာတာလဲ မေးဖြစ်တယ်။ သိတဲ့အတိုင်း Developer တွေကို မေးရင်တော့ Client ကို အပြစ်ပုံချကြတာပါပဲ။ အဓိကကတော့ Domain Knowledge လို့ခေါ်တဲ့ လုပ်ငန်းသဘော နားမလည်တာ နဲ့ Client တွေကိုယ်တိုင်က ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ ပြောမပြနိုင်တာ။

လက်ရှိ စာရွက်စာတမ်းတွေနဲ့ run နေရတဲ့ စနစ်တစ်ခုကို Computerized ပြောင်းချင်တယ်။ ဒါမျိုးပဲ ပြောနိုင်တာ။ တကယ်လဲ သာမန်လူတစ်ယောက် / ကွန်ပျူတာ နယ်ပယ်က မဟုတ်တဲ့သူတစ်ယောက်အနေနဲ့ Developer တွေနဲ့ ကောင်းကောင်းမွန်မွန် Communicate လုပ်ဖို့ ခက်ပါတယ်။ Developer တွေ အနေနဲ့လည်း Client တွေရဲ့ လုပ်ငန်းနယ်ပယ်က အသုံးအနှုန်းတွေ အထာတွေကို သိဖို့ မလွယ်ပါဘူး။ ဒီမှာ effective communication မရှိတော့ပဲ​ ပရောဂျက်က ရှေ့မရောက်ဖြစ်လာတယ်။

စကားဝိုင်းကို ဆက်ရရင် အခုချိန်သာ စောနက ပရောဂျက်ကို ပြန်ရေးရမယ်ဆိုရင် (၃) လလောက်နဲ့ အပြီးရေးနိုင်မယ်ပေါ့။ ဆိုလိုတာက လုပ်ငန်းအကြောင်းလည်း ကောင်းကောင်းနားလည်ပြီး နည်းပညာအကြောင်းလည်း သိတဲ့သူတစ်ယောက်က ဉီးေဆာင်ပြီး လုပ်မယ်ဆိုရင် အကျိုးသက်ရောက်မှု ကောင်းကောင်းရမယ်ေပါ့။ ဒီလို ဉီးဆောင်တဲ့သူမျိုးကို CTO (Chief Technology Officer) လို့ ခေါ်ကြတယ်။ ဆိုတော့ Software တစ်ခု အပ်တော့မယ်ဆိုရင် ရေးမယ့် အဖွဲ့ နဲ့ ကိုယ့်လုပ်ငန်းအကြားမှာ CTO တစ်ယောက်တော့ လိုမယ်။ မဟုတ်ရင် အဲ့ ပရောဂျက်ဟာ Fail ရင် Fail, မ Fail ရင် ပြီးသာပြီးသွားမယ် ဘယ်သူမှ မသုံးတဲ့ ပရောဂျက် / လုပ်ငန်းခွင်မှာ အသုံးမဝင်တဲ့ အမှိုက်တစ်ခုသာသာ ဖြစ်သွားပါလိမ့်မယ်။

နံပါတ်(၂)​ Software Company / Software House ရှာပါ။

များသောအားဖြင့်တော့ Facebook Page တွေ Facebook Group တွေမှာ ရှာတာအဆင်ပြေပါတယ်။ Google မှာရှာလည်း ရတယ်။ ကိုယ့်နဲ့ လုပ်ငန်းတူတဲ့သူတွေ ညွှန်းတဲ့ Software Company / Software House ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ တစ်ခုသတိထားရမှာက စာရင်းအရှည်ကြီးလုပ်ထားဖို့ပါ။ Software Company တစ်ခုတည်းကိုပဲ​ မေးပြီး အဲ့မှာပဲ​ အပ်လိုက်တာမျိုးက စွန့်စားရာ ကျပါတယ်။ အနည်းဆုံး (၁၀)​ ခုနဲ့ အထက်မေးထားတာ အဆင်ပြေပါတယ်။

Software Company တွေကို ပေးထားတဲ့ Review တွေ၊ အဲ့ ကုမ္မဏီရဲ့ အရွယ်အစား နဲ့ ဖွဲ့စည်းပုံ။ တစ်ချို့ ရှိတယ် One Man Show အဖွဲ့တွေပေါ့။ CEO လည်း ကိုယ်ပဲ​ CTO လည်း ကိုယ်ပဲ ကုတ်ရေးလည်းကိုယ် သန့်ရှင်းရေးလုပ်လည်းကိုယ် UI / UX လည်း ကိုယ်။​ဒါမျိုးဆိုရင်တော့ ရေရှည်အဆင်ပြေမယ် မထင်ဘူး။ နောက် ကုမ္မဏီ က အရင်ရေးခဲ့တဲ့ ပရောဂျက်တွေ ကြည့်ကြည့်။ တစ်ချို့ ကုမ္မဏီတွေက Ecommerce တစ်ခုတည်းကို ဇောက်ချပြီးရေးတယ်။​ တစ်ချို့က POS, နောက် ERP လည်း ရှိမယ်။​ တစ်ချို့ကြတော့လည်း အစုံသုတ်။ ကြုံတာရေးတယ်။​ ဒါမျိုးလည်း ရှိနိုင်တယ်။​ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့ လုပ်ငန်းတူတဲ့ နယ်ပယ်တူတဲ့ ပရောဂျက်ကို ရေးခဲ့ဘူးတဲ့ ကုမ္မဏီကို ရွေးသင့်တယ်။ ဘာလို့လည်းဆိုရင် သူတို့တွေက ကိုယ့်လုပ်ငန်းနယ်ပယ်အကြောင်းကို သိထားပြီးသား ဖြစ်နေတော့ အမှားနည်းတာပေါ့။ တစ်ခုပဲ​ အရမ်းကြီးတဲ့ Software Compnay တွေက Management အပိုင်းတအားစကားပြောရတော့ အချိန်ကြာတယ်။ ခပ်သေးသေးလေးတွေကတော့ ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် ပြောလို့ရတာပေါ့။

နံပါတ်(၃)​ ကိုယ့်ရဲ့ လုပ်ငန်း ပါတနာ ဖြစ်နိုင်လား ကြည့်ပါ။

ဒီအဖွဲ့ကတော့ ကုတ်ရေးတက်တယ်။​ ကျွမ်းတယ်ဆိုရုံလောက်နဲ့ Software Company တွေကို မရွေးချယ်ပါနဲ့။ ကုတ်ရေးတယ်။ နောက်ဆုံးပေါ်နည်းပညာတွေကို လိုက်မီတယ်ဆိုတာမျိုးက သူတို့ရဲ့ Professional အလုပ်ပါ။ ကိုယ်ပြောတဲ့ ကိုယ့်လုပ်ငန်းက လိုအပ်ချက်ကို လိုက်ရေးနိုင်ရုံနဲ့ အဆင်မပြေသေးပါဘူး။ ရေးနေတဲ့အချိန်မှာလည်း ကိုယ့်လုပ်ငန်းနဲ့ inline ဖြစ်နိုင်မှ​ရမှာပါ။ ဆိုရရင် ကိုယ့်လုပ်ငန်းအကြောင်း စိတ်ပါဝင်စားပြီး ကိုယ်နဲ့ စကားဝိုင်းမှာ ဒီလုပ်ငန်းအကြောင်းထိုင်ပြောနိုင်တဲ့ အဖွဲ့မှ ရေရှည်မှာ အဆင်ပြေပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းအကြောင်း တစ်ခုမှ စိတ်မဝင်စားဘူး။​ကိုယ်ပြောတဲ့ လိုလားချက်လောက်ပဲ​လုပ်ပြီး ကျုပ်တို့အလုပ် ကျုပ်တို့ပြီးပြီ ပေးစရာရှိတာပေးဆိုတဲ့ အဖွဲ့နဲ့ဆိုရင် စိတ်ညစ်ရပါလိမ့်မယ်။ ဆိုတော့ကာ ဒီအဖွဲ့က ကိုယ့်လုပ်ငန်းနဲ့ တကယ်အံဝင်ခွင်ကျရှိပါ့မလား စျေးဆိုင်မှာ စျေးဝယ်သလိုမျိုး မဟုတ်ပဲ​ ကုန်သည် နဲ့ စျေးသည် လို ရေရှည်ဆက်ဆံနိုင်ပါ့မလားဆိုတာလည်း ကြည့်ပါ။

နံပါတ်(၄) သူတို့ သုံးတဲ့ နည်းပညာ နဲ့ ကိုယ်လိုတဲ့ Software လိုက်ဘက်လား ကြည့်ပါ။

Web နဲ့ပတ်သက်တဲ့ နည်းပညာတွေကို အထူးပြုပြီးရေးနေတဲ့ အဖွဲ့ကို Desktop မှာ သုံးမယ့် Software သွားအပ်လို့မရပါဘူး။ Web မှာလည်း PHP ကို အားပြုပြီး ရေးနေတဲ့ အဖွဲ့ကို Node.js နဲ့မှ ရှင်းလို့ရမယ့် Realtime စနစ်တွေ သွားအပ်လည်း တိုင်ပတ်မှာပါ။

နံပါတ်(၅)​ ဆက်ဆံရေး အရေးပေး။

Software ရေးတယ်ဆိုတာ အင်မတန်ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှု မရှိရင် ထင်သလောက် ခရီးပေါက်မှာ မဟုတ်ပါဘူး။ စစချင်း Requirement ဆွေးနွေးတာက စလို့ ရေးနေရင်းတန်းလန်း လိုအပ်တဲ့ Business Logic အပြောင်းအလဲတွေ ဆွေးနွေးတာအလယ် ပရောဂျက် အပ်တာအဆုံး သေချာလေး communicate လုပ်နိုင်ဖို့လိုပါတယ်။

ဒီတော့ ပထဆုံးအကြိမ် Software Company ဘက်က လူတွေနဲ့ ဖုန်းပြောတာ၊​မီတင်လုပ်တာ၊​ ဗီဒီယို ကွန်ဖရန်းဇင်းလုပ်တဲ့ အချိန်မှာ ဂရုစိုက်ပြီး သူတို့ ဘယ်လို Tone မျိုးနဲ့ commnicate လုပ်လဲ နားထောင်ကြည့်ပါ။ ပရော်ဖက်ရှင်နယ်ပုံစံပေါက်လား၊ ဖောရှောကောင်တွေလား၊ ဂျင်းထည့်မယ့် အရိပ်အယောင်သန်းနေသလား သိနိုင်ပါလိမ့်မယ်။ ကောင်းတာကတော့ ကိုယ့်ပင်မှ ပရောဂျက်ကြီး မအပ်ခင်မှာ ပရောဂျက် ခပ်သေးသေးတစ်ခုအရင်အပ်ကြည့်လိုက်ပါ။​ဒါဆိုရင် ဒီအဖွဲ့ရဲ့ commnication ပုံစံက ကိုယ်နဲ့ ကိုက်မကိုက် သိရပါလိမ့်မယ်။​ အဆင်ပြေမှ တကယ့်ပရောဂျက်အကြောင်း ဆက်ဆွေးနွေးပေါ့။

နံပါတ်(၆)​ ပရောဂျက် ဘယ်လိုရေးနေကြလဲ​ မေးကြည့်ပါ။

စာထဲပေထဲမှာတော့ Software Development Lifecycle နဲ့ ပတ်သက်ပြီး Waterfall Model, Agile , Scrum စတာတွေက နံမည်ကြီးပါပဲ။ ဒီထဲမှာ သူတို့ ဘယ်လို Development Methodology တွေသုံးပြီး ရေးနေကြလဲ​မေးကြည့်ပါ။ လုပ်ငန်းတော်တော်များများအတွက်ကတော့ Agile နဲ့ Scrum က သင့်တော်ပါတယ်။ အကြမ်းဖျဉ်းပြောပြရရင်

  • ပလန်ရေး
  • ပလန်အတိုင်းရေးထားတာကို Client ဆီ မြန်မြန်ပြ
  • Client က Feedback ပေးတာကို ပလန်ထဲမှာ ပြန်ပြင်ရေး


ဒီလို ပလန်အတိုင်းသွားနေတာကိုလည်း ကိုယ့်ကို အသိပေး၊ ထွက်လာတဲ့ နမူနာ ပုံစံတွေကိုလည်း စမ်းသုံးခိုင်းပြီး Feedback တောင်း။ ဒါဆို ရပြီ။ ဆိုတော့ မေးစရာ ရှိတာက သူတို့ရဲ့ Development Process အတွင်းမှာ ကိုယ့်ကို ဒါမှမဟုတ် ကိုယ့်လုပ်ငန်းထဲက လူတွေကို ထည့်ထား / အသိပေးထားမှာလား ဆိုတာပဲ။​ ဒီနေ့ခေတ် Project Management Tools တွေမှာတော့ Stackholder / Project Owner ကို Project Management စနစ်ထဲမှာ နေရာတစ်နေရာ ပေးထားပြီး ကိုယ်တိုင်ပါဝင်လို့ရအောင် လုပ်ထားပေးပါတယ်။ အသုံးများတာကတော့

  • Trello
  • ClickUp
  • Jira


ကိုယ်က လုံးဝကို အမှားမခံတဲ့ နယ်ပယ် ဉပမာ ကျန်းမာရေး နဲ့ ဆေးကုသရေးလိုမျိုး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်း တွေ ရှိပြီးသား၊ အစိုးရ လုပ်ငန်းတွေလိုမျိုး အတိအကျ လုပ်ရတဲ့ အလုပ်မျိုးဆိုရင်တော့ Waterfall Model ကို သုံးကြတာ များမယ်။

နံပါတ်(၇) လုံခြုံရေး ဉီးစားပေး။

Software ရေးတဲ့ ကုမ္မဏီနဲ့ ပါတနာဖွဲ့ အလုပ်လုပ်ပြီဟေ့ဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကိုပါ သူတို့ကို ထိတွေ့ခွင့်ပေးရပါတယ်။ ဒီမှာ Software ကုမ္မဏီဘက်ကနေ ဒီ data တွေကို ဘယ်လို လုံလုံခြုံခြုံ ကိုင်တွယ်လဲ​ဆိုတာ သိဖို့ အရေးကြီးပါတယ်။​ ကိုယ့်ကုမ္မဏီရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒီ အချက်အလက်တွေ မပေါက်ကြားစေဖို့ NDA စာချူပ် လက်မှတ်ထိုးတာ အပြင် နည်းပညာပိုင်းအရလည်း ဘယ်လို Security Practices တွေလုပ်ထားလဲ​မေးထားသင့်ပါတယ်။

နံပါတ်(၈) ဘယ်လို တာဝန်ခွဲထားပြီး အဖွဲ့ဖွဲ့ထားလဲ?​​

Software Development Team ကို သေချာဖွဲ့မထားတဲ့ ကုမ္မဏီနဲ့တော့ အလုပ်မလုပ်တာ ကောင်းပါတယ်။​ အခြေခံအားဖြင့် Software Development Team တစ်ခုမှာ

  • Project Manager
  • UI/UX Designers
  • Developers


ဒီလိုမျိုး တာဝန်အတိအကျ ခွဲထားတဲ့ အဖွဲ့တစ်ဖွဲ့ ရှိရမှာ ဖြစ်ပါတယ်။​ မေးကြည့်လိုက်လို့ အစုံသုတ်ကောင်တွေ များနေပြီး ဘယ်သူက ဘာတာဝန်ယူထားတယ်ဆိုတာ သတ်သတ်မှတ်မှတ်မရှိတဲ့ အဖွဲ့ဆိုရင် ဝေးဝေးကသာ ရှောင်ပါလေ။

နံပါတ်(၉)​ Testing နဲ့ Maintenance အပိုင်း

စာချူပ်မှာ လက်မှတ်မထိုးခင် စဉ်းစာရမှာ တစ်ခုက Testing နဲ့ Maintenance အပိုင်းပါ။ စမ်းဖို့အတွက် အချိန်ဘယ်လောက်ပေးမှာလဲ? စမ်းလို့ ပြီးသွားလို့ ပရောဂျက်လက်ခံလိုက်တဲ့ အချိန်ကစပြီး Maintenance အပိုင်းကို ဘယ်လိုတာဝန်ယူပေးမှာလဲ? ဒါက သေချာမေးဖို့ လိုပါတယ်။ နောက် Backup ကရော ဘယ်လိုလုပ်ထားပေးမှာလဲ? ဒါတွေ ကြိုသိထားဖို့ လိုပါတယ်။​ အဓိက သိရမှာတော့ Maintenance အတွက် အချိန်အတိုင်းအတာ နဲ့ ကုန်ကျစရိတ်ပါ။ စျေးထဲမှာ ကန်စွန်းရွက်ဝယ်သလို စျေးသယ်စီက ဝယ်လိုက်တာနဲ့ ပြီးသွားတဲ့ ကိစ္စမျိုး မဟုတ်ပဲ ကိုယ်စသုံးတဲ့အချိန်မှာ လိုအပ်ချက်တွေ ၊​ပြင်ချင်ဆင်ချင်တာထွေက တွေ့လာဉီးမှာပါ။ ဒီတော့ ဘယ်အတိုင်းအတာအထိ ပြင်ဆင်ပေးမလဲ ဘယ်အတိုင်းအတာဆိုရင် အပိုဆောင်းကုန်ကျစရိတ် ကုန်မလဲဆိုတာ ကြိုတင်ဆွေးနွေးထားဖို့ သင့်ပါတယ်။

နံပါတ်(၁၀)​ စျေးနှုန်း

စျေးနှုန်း သက်သာတာ တစ်ခုတည်းကို ကြည့်ပြီး Software Company ကို မရွေးလိုက်ပါနဲ့။ Software အပ်တယ်ဆိုတာ ရေရှည်အလုပ်တစ်ခုဖြစ်ပြီး များသောအားဖြင့် IT နဲ့ ပတ်သက်တဲ့ အပိုင်းတွေအတွက် ကိုယ့်အမြတ်ရဲ့ 20% လောက်ကို သုံးရလေ့ ရှိပါတယ်။ ဒီတော့ အပေါ်က အချက်တွေ နဲ့ ချိန်ထိုးစဉ်းစားပြီး စျေးနှုန်းကို သင့် / မသင့် တွက်နိုင်ပါတယ်။

နံပါတ်(၁၁) ကိုယ်ဘာလို့ ဒီ Software ကို လိုတာလဲ တိတိကျကျ သိအောင်လုပ်ပါ။

Software House တွေဆီကို မဆက်သွယ်ခင်မှာ ကိုယ့်လုပ်ငန်းက ဘာကြောင့် Software တစ်ခု လိုသလဲ ပြန်စဉ်းစားပါ။ လက်ရှိ အပြင်မှာ ဆိုင်ဖွင့်ထားတာအပြင် အွန်လိုင်းမှာပါ Website လေးနဲ့ Online Shopping ဖွင့်ထားဖို့လား? လက်ရှိသုံးနေတဲ့ နိုင်ငံခြားက ဆော့ဝဲက မြန်မာမှုနဲ့ မကိုက်လို့လား? စာအုပ်ထဲမှာ စာရင်းဇယား မှတ်ရတာ၊ Excel မှာ စာရင်းမှတ်ရတာက အချိန်ကုန်ပြီး သိချင်တဲ့ အရှံးအမြတ် လက်ကျန်ရှင်းတမ်းတွေကို အတိအကျ တွက်မရလို့လား။

ကိုယ်ဘာဖြစ်လို့ Customize Software တစ်ခု လိုသလဲဆိုတာ ရှင်းရှင်းလင်းလင်းပြန်စဉ်းစားပါ။

များသောအားဖြင့် Software အပ်မယ်ဆိုရင် ဒီလိုလာတယ်။

Online Shop လုပ်ချင်လို့ဗျာ။​ Website နဲ့ Mobile App လေး လုပ်ပေးပါဉီး။ နမူနာ အနေနဲ့ Amazon တို့ ထိုင်းဘက်က နာမည်ကြီးတဲ့ eCommerce Website တွေ Local မှာဆိုရင် shop.com.mm လိုမျိုးပေါ့။​ဒါမျိုး တစ်ခွန်းပဲ ပြောကြတယ်။

နိဂုံး

Software Company တွေဟာ တစ်ခုနဲ့တစ်ခု မတူကြတဲ့အတွက် ကိုယ်နဲ့ကိုက်ညီမယ့် Software Compnay တွေကို quotation လိုက်ယူပြီး ချိန်ထိုးစဉ်းစားပြီးမှ အသင့်တော်ဆုံးကို ရွေးချယ်အပ်နှံနိုင်ပါတယ်။
လုပ်ငန်းအတွက် လိုအပ်တဲ့ Software တစ်ခု အပ်တဲ့အခါ အချိန်ရော ငွေရောကုန်ပါတယ်။​ အကျိုးအမြတ်ကြီးသလောက် အရင်းအနှီးလည်းများတဲ့ ဒီ Software တစ်ခုကို ပြီးစလွယ် အဆင်ပြေတဲ့နေရာမှာ အပ်လိုက်လို့ မသင့်ပါဘူး။

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။