Author's Profile Photo

SarPhat Author

8/01/2024

ကျွန်တော်ချစ်သောနွေ

4 mins read
Book Review
Art
18 Again
ကျွန်တော်ချစ်သောနွေ's photo

လေသာပြတင်းကို ဖြတ်သန်းကာ တိုးဝှေ့ တိုက်ခတ်လာသည့် အေးမြသော လေကလေးက အလွမ်းဓာတ်ကို သယ်လာပြီး လူကိုကျီစယ်နေသည်။
"မရဏလမ်းပေါ် ကံဆိုးခြင်းများနဲ့အတူ မွေးခန်းဝင်ခဲ့တဲ့ကောင် အသက်ပြင်းပေမဲ့ ရင့်ရင့်သီးသီး စကားလုံးအောက်မှာ သေခြင်းကို ထုဆစ်ထားသလို မင်းရဲ့ စကား က ကအစ အ အဆုံး စေလိုက သေလိုတယ် နွေရယ်"
နွေတစ်ချိန်က ပြောကြားခဲ့တဲ့ စကားတွေပြန် ကြားယောင်မိရင်း လွမ်းဆွေးသလိုလို ဝမ်းနည်းမိသလို ခံစားရသည်။ မိုးစက်ကလေးတွေ ကျဆင်းလာတာကို ကျွန်တော် ငေးကြည့်နေမိသည်။ကျွန်တော့် မျက်လုံးထဲ မြင်ယောင်နေဆဲ ပုံရိပ်တွေဟာ အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မည်။ အိပ်မက်ဆို ပို၍ပင် ကောင်းပါလိမ့်မည်။ ပြန်တွေးကြည့်ပြန်တော့ ဒါတွေဟာ အိပ်မက်မဟုတ်ပဲ အတိတ်သို့ တရွေ့ရွေ့တိုက်စားကာ ပုံရိပ်အဖြစ် ခေါ်ဆောင်သွားပြန်သည်။

မနက်စောစော မိုးလင်းရုံရှိသေး မက ကျောင်းသွားဖို့ ပြင်နေလေပြီ၊ ရင်ခုန်တတ်စ ဆယ်ကျော်သက်အရွယ်မို့ ထင်သည်။မက ကျွန်တော့်မျက်လုံးထဲတွင် အလှပဆုံး blue-gray tanager ဌက်တစ်ကောင်နှင့်တူလှသည်။ ဖြီးလိမ်းပြင်ဆင်ပြီးလို့ အမေပြင်ပေးတဲ့ မနက်စာကို ခပ်သုတ်သုတ် စားကာ အမြန်ထွက်လာခဲ့သည်။ စက်ဘီးနှင့် စောင့်နေသူ ကျွန်တော်အဖို့မူ နွေ့ ကို စောင့်ရတာ ရင်ခုန်လှသည်။မက ကျွန်တော့်ရဲ့ စက်ဘီးခုံ လေးနောက် လိုက်ပါခဲ့သည်။
မက ကျွန်တော့်ရဲ့ ခါးလေးကို ဖက်ထားသည်ကို ပျော်မိသည်။စက်ဘီးဘဲလ်သံကအစ ရင်ခုန်စရာ ကောင်းလှသည်။ဈေးရှေ့အရောက် မ ဝယ်ပေးသည့် သကြားလုံးက လောကတစ်ခွင်မှာ အချိုဆုံးလို့ ထင်မိသည်။ကျွန်တော် ပြုံးမိလေတော့ မျက်စောင်းလေးဖြင့် ကြည့်ကာ.....
"မောင်....ဘာကြည့်နေတာလဲ"
"ဟိုးနားက ပန်းလေးတွေ့လား သိပ်လှတယ် ဒါပေမဲ့ မရဲ့ အပြုံးချိုချိုလေးက အလှဆုံးပါဆိုတဲ့ ပန်းတွေထက်ပို လှတယ်"
"မောင်ကလည်းကွာ..စကားသိပ်တတ်တာပဲ"

ငယ်ရွယ်စဉ် အချိန်တွေမှာ အချစ်ဟာ ရင်ခုန်စရာအပြည့်နဲ့ ပျော်ဖွယ်ကောင်းလှသည်။ မနဲ့ အတူရှိခဲ့တဲ့ အချိန်တွေဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ဆယ်ကျော်သက်အရွယ် ပျော်ခဲ့ရတဲ့ အချိန်တွေ ဖြစ်ပါလိမ့်မည်။

ကျောင်းတွင် မနဲ့အတူ ထမင်းစားပြီး အိမ်ကို အတူတူပြန်ကြသည်။ စာကြည့်တိုက်သို့ ဝင်ပြီး ဖတ်ချင်သော စာအုပ်များ ဌားလေ့ရှိသည်။ဈေးနားက အသုပ်ဆိုင် ဝင်စားသောက်ကြသည်။ထိုအခါ မ က ခေါက်ဆွဲသုပ် ၊ကျွန်တော်က အသုပ်စုံ စားကြသည်။ မ ကခေါက်ဆွဲသုပ် အပြင် အသုပ်စုံပါ လု၍စားတတ်သည်။

ကျွန်တော့်ဆီက မ အသုပ်တွေလုစားရတာ သဘောကျသည်။လူလည်မလေးလို့ ကျွန်တော်ပြောတိုင်း မက လျှာထုတ်ပြကာ ပြောင်ပြတတ်သေးသည်။ ပတ်ဝန်းကျင်အမြင်မှာတော့ ကျွန်တော်တို့ဟာ သိပ်ကို လိုက်ဖက်တဲ့ကလေးတွေလို့ ပြောကြတဲ့အခါ မ ရဲ့ မျက်နှာကြီးမှာရဲလို့။

ကျောင်းပိတ်ရက် ကျွန်တော်တို့အိမ်ကို လာပြီး မေမေချက်ကျွေးတဲ့ ရခိုင်မုန့်တီ၊မုန့်လက်သုပ်၊ရွှေရင်အေး၊အုန်းနို့ခေါက်ဆွဲ၊ အသုပ်မျိုးစုံတို့ကို တစ်ပတ်တစ်မျိုး မရိုးနိုင်အောင် စားရသည်။
"သမီး နွေ များများစားနော်၊ ဘာမှအားနာစရာမလိုဘူး"
"ဟုက်ကဲ့ အန်တီ ကျေးဇူးပါ ရှင့်"
"သမီးက တက္ကသိုလ်အတွက် ဘယ်ကျောင်း ရွေးထားလဲ သမီး"
"နည်းပညာ တက္ကသိုလ် ပါ အန်တီ"
"သူကတော့ မြန်မာစာမေဂျာပဲတက်မယ်လို့ ပြောနေတယ် သမီးရယ်"
နွေ ကျွန်တော့်ကို စိုက်ကြည့်လိုက်သည်။ကျွန်တော် တက်ချင်တာကို နွေ ဘာမှ မပြောလိုပါ။ ကျွန်တော့်အမေပင် ကျွန်တော့်ကို တားမရမှန်း သိထားသည်။ဒါကြောင့်လည်း နွေ့ ကို စစ်ကူခေါ်နေရခြင်းဖြစ်သည်။
"သားကတော့ စာရေးဆရာပဲ လုပ်မှာ အမေရေ"
"တွေ့တယ်မလား သမီး၊ ပြောလို့ကိုမနိုင်ဘူး"
"သမီးကတော့ မတားလိုပါဘူး သူကြိုက်တဲ့အရာကိုအားပေးရမှာပေါ့"
"နွေပဲ ကိုယ့်ကိုနားလည်တယ်နွေရယ်"
"ဟဲ့ နင်အမေငါတစ်ယောက်လုံးရှိတယ်နော်"
"ဟုတ်ကဲ့ပါ အမေရယ်"
ရေခဲလိုအေးစက်တဲ့ ကိုယ်လိုလူကို နွေးရက်တဲ့ နေခြည်လို အနွေးဓာတ်တွေပေးခဲ့တဲ့ နွေကိုသတိရမိသည်။ရွက်ဟောင်းတွေလည်း မကြွေတော့ဘူး။ရွက်သစ်တွေလည်း မဝေတော့ဘူး နွေရယ်။တခြားသူ ရင်ခွင်မှာ မင်းအဆင်ပြေမလား မောင်တွေးမိတယ်။ကျွန်တော်တွေးမိတယ် တစ်ခါတစ်ရံအချစ်ဆိုတဲ့အရာကြီးကအရမ်းထူးဆန်းတယ်ဗျာမခေါ်ဘဲနဲ့ရောက်လာသလိုမနှင်ပါဘဲနက်ထွက်ခွာသွားတတ်တယ်အချစ်ကြောင့်ပျော်ရွင်ရသလိုအရမ်းချစ်လို့ဖြစ်လာရတဲ့အလွမ်းကြောင့်လဲငိုကြွေးနေရတတ်တယ်အချစ်ဆိုတဲ့အရာက ပုံသဏ္ဍန်မရှိပေမဲ့အသွားအပြန်ရှိတယ်လို့ဆိုစမှတ်ပြုကြတာပါဘဲဒါပေမဲ့ မ အပေါ်ထားတဲ့ ကျွန်တော့် အချစ်တွေကတော့ ဘာကိုဘာမှမရှိတဲ့ လေဟာနယ်လေးဖြစ်သွားတာပေါ့။
"မင်းက သိပ်နုံချာတာပဲ မရေရာတဲ့ အိပ်မက်တွေနဲ့ ရှေ့ဆက်နေတဲ့ မင်းနဲ့ တို့နဲ့ဘယ်လိုမှရှေ့ဆက်မရဘူး"
စကားသွားက ဓားသွားလို ထက်လွန်းပါတယ် နွေရယ်။စကားရင့်ရင့်သီးသီး တွေအောက်မှာ မောင်ကျရှုံးခဲ့ရပါတယ်။တကယ်တော့ အတိတ်က အရိပ်ကလေးပါ

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 10 points.