Author's Profile Photo

SarPhat Author

19/12/2023

ကြက်မတွန်၍မိုးလင်းသောအရွယ်

2 mins read
Health
Education
18 Again
ကြက်မတွန်၍မိုးလင်းသောအရွယ်'s photo

"ကြက်မဘယ်လောက်တွန်တွန် ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းပါဘူးဗျာ"ဆိုတဲ့သီချင်းလေးကို တော်တော်များများ ကြားဖူးကြမှာပါ။ကျွန်တော် ကလေးဘဝအရွယ်တုန်းကလည်း ဒီစာသားလေးကိုနားထဲစွဲခဲ့ပြီး မနက်ခင်းမှာတွန်တဲ့ကြက်တွေက ကြက်ဖတွေပဲလို့ တထစ်ချယုံကြည်ခဲ့ဖူးပါတယ်။ကြက်မတွေဘယ်လောက်ပဲအသံမြည်အောင်တွန်နေပါစေ ကြက်ဖတွေမတွန်မချင်း မိုးလင်းမှာမဟုတ်ဘူးလို့ ကလေးအတွေးနဲ့လျှောက်ထင်ခဲ့တယ်။တဖြည်းဖြည်း အသက်အရွယ်ရလာတော့ ကြက်မတွန်လို့ မိုးလင်းတဲ့အခါတွေလည်းရှိတယ် ဆိုတာသိလာတယ်။တကယ်တော့ ကြက်ထီးတွန်သည်ဖြစ်စေကြက်မတွန်သည်ဖြစ်စေ(သို့)ဘယ်သူမှမတွန်သည်ဖြစ်စေ အချိန်တန်ရင်မိုးကတော့လင်းနေမှာပါပဲ။ဘယ်သူတွန်လို့မိုးလင်းတယ် ကအရေးမကြီးပါဘူး။တကယ်အရေးကြီးတာက မိုးဘယ်အချိန်လင်းမှာဆိုတဲ့ အသိပါပဲ။

ကျွန်တော်အနေနဲ့ပြောရရင် ၁၈နှစ်ဆိုတ​ဲ့အရွယ်ဟာ ကြက်မ တွန်ရင်လည်းမိုးလင်းပါလားဆိုတာကို စတင်ပြီး နားလည်သဘောပေါက်တ​​​ဲ့ အရွယ်လို့ဆိုရမယ်။တစ်ချိန်လုံး ကြက်ဖ တွန်မှမိုးလင်းပါတယ်ဆိုပြီးလက်ခံထားရာကနေ ကြက်မတွန်ရင်လည်းမိုးလင်းပါလားဆိုတဲ့အသိ တစ်နည်းပြောရရင် လူ့လောကထဲကို လူကြီးအနေနဲ့စတင်ဝင်ရောက်တဲ့ အချိန်ဆိုလည်းမမှားပါဘူး။ ဒီအရွယ်မှာ ကိုယ့်အနေနဲ့မကြုံဘူးတာတွေလည်းကြုံလာရနိုင်သမျှ မထင်ထားတာတွေလည်းဖြစ်နိုင်တယ်။အမှားတွေလည်းအများကြီး လုပ်မိနိုင်သလို ထိုအမှားတွေထဲကလည်း အမှန်တွေကိုရှာတွေ့နိုင်တယ်။ဒီအချိန်မှာ သိသိသာသာအနေနဲ့ပြောင်းလဲနိုင်တဲ့ အရာသုံးခုရှိတယ်။

ပထမတစ်ခုကပညာရေး။

၁၈နှစ်ဆိုရင် အသက်မွေးကြောင်းပညာဖြစ်ဖြစ်၊တက္ကသိုလ်တစ်ခုမှာပဲဖြစ်ဖြစ် လေ့လာဆည်းပူးနေမယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရတယ်။ကျွန်တော့်အနေနဲ့ဒီနေရာမှာပြောချင်တာကပညာရေးဆိုတာထက် ဘာသာစကားဆိုတဲ့အရာကိုဦးတည်ပြီးပြောချင်တာပါ။တိုးတက်နေတဲ့ယနေ့လိုခေတ်ကြီးမှာ ဘာသာစကားတစ်ခုခုကိုလေ့လာနေတာက ကိုယ့်အနာဂတ်အတွက်အသေချာဆုံးအရာပါပဲ။၁၈နှစ်မှာဘာသာစကားမလေ့လာမိတဲ့အကျိုးဆက်ကို နောင်နှစ်နည်းနည်းကြာတဲ့အခါခံစားသိရှိလာမှာပါ။ဘာသာစကားတစ်ခုကျွမ်းကျင်စွာပြောတတ်ခြင်းက ဒီဘက်ခေတ်မှာအရေးပါဆုံးနဲ့အရာရောက်ဆုံးပါပဲ။နောက်တစ်ခုကတော့ စီးပွားရေးနဲ့ITပေါ့။စီးပွားရေးကလည်း လူငယ်တွေအနေနဲ့သင်ကိုသင်ရမဲ့ ဘာသာရပ်ထဲမှာပါတယ်။မအတဲ့လူဖြစ်အောင် မင်းတို့စီးပွားရေးကို လေ့ကိုလေ့လာရမှာ။ငွေကြေးအကြောင်းကိုနားလည်တဲ့လူက ပိုက်ဆံရှာဖို့မခက်ဘူးတဲ့။စီးပွားရေးလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေ စီးပွားရေးပညာကိုတော့မင်း၁၈နှစ်ကတည်းကလေ့လာထားတာအကောင်းဆုံးပဲ။တိုးတက်နေတဲ့ခေတ်ကြီးမှာ ITပညာဟာဘယ်အခန်းကဏ္ဍမှာပါနေလဲဆိုတာ မင်းတို့သိမယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်၁၈နှစ်ပြန်ဖြစ်ခဲ့ရင် မဖြစ်မနေသင်မဲ့ဘာသာရပ်သုံးခုပဲ။

ဒုတိယတစ်ခုကတော့လူမှုဆက်ဆံရေးပေါ့။

မင်းအနေနဲ့ မိသားစုနဲ့အဆင်မပြေတာတွေစကားများတာတွေကြုံရနိုင်တယ်။ဒါကပုံမှန်ဖြစ်ရိုးဖြစ်စဥ္ပါပဲ။မင်းဆီကိုလူတွေဝင်လာမယ်။ပြီးရင်ပြန်ထွက်သွားမယ်။မင်းနဲ့အဆင်မပြေတဲ့လူတွေရှိလာမယ်။သဘောထားမတိုက်ဆိုင်တာတွေလည်းကြုံရမယ်။တစ်ခါတစ်လေဘယ်သူနဲ့မှ စကားမပြောချင်တဲ့နေ့တွေလည်းရှိမယ်။ဒါအတွက်တော့ မင်းစာများများဖတ်ဖို့ပဲ။စာများများဖတ်လေ မင်းလူတွေအကြောင်းသိလာလေပဲ။အတွေ့အကြုံအရလည်းသိနိုင်သလို စာပေတွေထဲကလည်းသိနိုင်တယ်။မင်းစိတ်အာဟာရပြည့်ဖို့ စာအုပ်စာပေတွေကအဖော်ကောင်းပဲ။ကျွန်တော်အနေနဲ့ဆိုရင်တော့ ဒီအရွယ်မှာစာများများဖတ်ဖို့အကြံပေးမှာပဲ။ပြီးတော့ social mediaခေတ်ဆိုတော့socialပေါ်ကအတုအယောင်တွေကိုအစစ်အမှန်တွေထင်တတ်တယ်။မင်းပုံစံအမှန်ကိုလက်ခံပြီး မင်းဘဝကိုတိုးတက်အောင်ပြောပြပေးနေတဲ့လူတွေကမှ မင်းအတွက်စစ်မှန်တဲ့လူတွေပဲ။

တတိယတစ်ခုကတော့အချစ်ရေးပေါ့။

ဒီအရွယ်ကဟော်မုန်းပြောင်းတဲ့အရွယ်ဆိုတော့ မင်းဟာဆန့်ကျင်ဘက်လိင်အပေါ်ကို စိတ်ဝင်စားမှုရှိလာမယ်။ဒါကလည်းသဘာဝပါပဲ။မင်းသွေးသားဆန္ဒတွေလည်းရှိလာမယ်။ကျွန်တော်အနေနဲ့ကတော့ ဒီအရွယ်မှာ ဘာမလုပ်ရဘူးဆိုပြီးမတားချင်ပါဘူး။ဒါပေမဲ့ မင်းအနေနဲ့တစ်ခုခုမလုပ်ခင် မင်းထက်ကြီးတဲ့လူတွေနဲ့တိုင်ပင်တာဖြစ်ဖြစ် googleကနေရှာတာဖြစ်ဖြစ်လုပ်စေချင်တယ်။အထူးသဖြင့်ကျန်းမာရေးအသိပေါ့။ဒီအရာတွေက ရှက်စရာကောင်းတယ်လို့တော့ ကျွန်တော်တစ်ခါမှမတွေးဖူးဘူး။မင်းတို့တွေဆန္ဒရှိလို့ စူးစမ်းတော့မယ်ဆိုရင်တော့ ဆောင်ရန်ရှောင်ရန်လေးတွေသေချာဂရုပြုပြီးလိုက်နာစေချင်တယ်။
ဆယ်ကျော်သက်အရွယ်ဆိုတာတစ်သက်မှတစ်ခါပဲရတဲ့အရွယ်မလား။ဒီအရွယ်မှာ ဘယ်ကြက်တွန်လို့ မိုးလင်းတယ်ဆိုတာထက် အချိန်တန်ရင်မိုးလင်းမှာဆိုတဲ့အသိကအရေးကြီးဆုံးပါပဲ။အာရုံစူးစိုက်ရမဲ့အရာတွေကို အာရုံစိုက်ပြီး ဆယ်ကျော်သက်ဘဝကို
အထိအခိုက်နည်းနည်းနဲ့ဖြတ်သန်းနိုင်ပါစေ။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)