N’MO
လူတစ်ယောက်ဟာ တသက်မှာ အနည်းဆုံးတစ်ကြိမ်တော့ အမှားလုပ်ဖူးကြတယ်။ ဘယ်လိုအမှားပဲ လုပ်လုပ် နောက်တစ်ကြိမ်ပြန်မမှားဖို့ အရေးကြီးတယ်။ ပြန်မမှားဖို့ဆိုရင် နောင်တဆိုတာရှိရတတ်တယ်။
နောင်တဆိုတာဘာလဲ? အရိုးရှင်းဆုံးပြောရရင် နောက်ထပ်ဘယ်တော့မှ မဟုတ်တာ၊ မမှန်တာကို မလုပ်တော့ပဲ အကောင်းဆုံးအသက်ရှင်သန်ခြင်းပဲ။ တကယ့်နောင်တအစစ်က ဘယ်တော့မှနောက်ပြန်မလှည့်ခြင်းဖြစ်တယ်။
နောက်ပြန်လှည့်နေတုန်း၊ အမှားတွေပဲလုပ်နေတုန်းဆိုရင် ဒါကနောင်တမဟုတ်ဘူး။ အစစ်အမှန်ဟာ ထာဝရမပျက်စီးဘူး။ လူတွေရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာတွေထဲတစ်ခုက (အတိတ်ကအမှားတွေထက်) ဘယ်လိုအသက်ရှင်သန်နေသလဲဆိုတာပဲ?
ပြောင်းလဲခြင်း၊ နောင်တဆိုတာ လူတစ်ဦးရဲ့ကိုယ်ကျင့်တရားအနှစ်သာရတစ်ခုပဲ။
အတိတ်ကိုပဲကြည့်ပြီး ဆုံးဖြတ်နေတဲ့ပတ်ဝန်းကျင်ထဲနေမိရင် သတ္တိရှိရှိခုန်ထွက်ဖို့လည်း ဝန်မလေးပါနဲ့။ အဲလိုပတ်ဝန်းကျင်မျိုးကို ထားခဲ့လိုက်ရလို့လည်း နောင်တရစရာမလိုပါဘူး။
နောင်တရစရာဆိုတာ ရစရာနောင်တကိုပဲ ရနေဖို့ပဲလိုပါတယ်။ ဘာကိုနောင်တရသင့်လဲ ဘာကိုနောင်တရစရာမလိုသလဲဆိုတာကို သိနိုင်ဖို့ ကိုယ့်ကိုကိုယ် အားမနာစတမ်းသာ သုံးသပ်ပါ။ ဆုံးဖြတ်ပါ။
ပြီးရင် -
သတ္တိရှိရှိသာ လျှောက်လှမ်းပါ!
အန်မိုဝ်
Keep Reading