SarPhat Author

အရာရာမှာအစွဲအလန်း မကြီးတာပိုကောင်းတယ်။
အစွဲအလန်းဆိုတာ တကယ်ကိုကြောက်ဖို့ကောင်းတယ်။
သံယောစဥ်တွေတစ်ဖြည်းဖြည်းတွယ်လာရင်း ကိုယ်တောင်မသိဘဲ အစွဲတွေပါလာရော။
ကျွန်မငယ်ငယ်က အရုပ်တွေအများကြီးရှိခဲ့ဖူးတယ်။
ဒါပေမယ့် ကျွန်မက အဲ့အရုပ်တွေထဲကမှ အရုပ်မလေးတစ်ရုပ်ကိုဘဲအရမ်းကြိုက်ခဲ့တာ။
စားလည်းအဲ့အရုပ်မလေးက ပါတယ်။
အိပ်လည်း အိပ်ရာထဲထည့်သိပ်တယ်။
အမြဲတမ်းကျွန်မဘေးနား မှာရှိတယ်။
ခရီးသွားရင်လည်းကျောပိုးအိတ်ထဲထည့်ပြီးခေါ်သွားတယ်။
ဆော့ရင်လည်းအဲ့အရုပ်နဲ့ဘဲ။
တစ်နေ့တော့ အဲ့အရုပ်မလေးက ပျောက်သွားတယ်။
ဘယ်နားထားမိမှန်းမသိသလို ကျွန်မ လုံးဝကိုသတိမရပါဖူး။
အမြဲအတူထားပေမယ့်အဲ့နေ့က သူငယ်ချင်းတစ်ယောက်ကအိမ်လာလို့ ခြံပြင်မှာထွက်ဆော့နေခဲ့တာ သူ့ကိုဘယ်မှာထားမိမှန်းမသိဘူး။
အဲ့ဒီမှာ ကလေးသဘာဝ ဆိုတော့ငိုတာပေါ့။
အိမ်က လူကြီးတွေလည်းချော့ကြပေမယ့်
ဘယ်လိုမှအငိုမတိတ်ခဲ့ဘူး။
အသစ်ဝယ်ပေးမယ်ဆိုလည်းမရဘူး။
အဲ့အရုပ်မလေးကိုဘဲ ပြန်လိုချင်ခဲ့တယ်။
အဲ့ဒီနေ့က လုံးဝကိုအကြီးမားဆုံးအဆုံးအရှုံးကြီးဘဲ။
ကလေးဘဲရှိသေးတာတောင် အရမ်းအစွဲ ကြီးခဲ့တာ။
အဲ့နောက်ပိုင်းကစပြီး ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတာ "ငါကသံယောစဥ်ဖြစ်ရင်အစွဲအလန်းကြီးလွန်းပါလား"ဆိုတာဘဲ။
အဲ့ကိစ္စကို အခုပြန်တွေးကြည့်ရင်းနဲ့
ဪ အစွဲတွေဆိုတာ ထားတိုင်းမကောင်းဖူးဆိုတာ တော်တော်သဘောပေါက်လာတယ်။
-သက်ထားရွှေစင်(THSS)-
Keep Reading