Author's Profile Photo

Juno

9/08/2024

အပြန်အလှန် နားလည်မှု

2 mins read
Life Style
Personal Development
Startup

အပြန်အလှန် နားလည်မှု

ဒီစာကို ရေးဖြစ်တဲ့အကြောင်းအရင်းကတော့ မိတ်တွေတ‌ယောက်နဲ့စကားပြောမိရင်း ရေးဖို့အကြံရသွားတာပါ။ စကားပြောသူနှစ်ယောက်ရဲ့အမြင်ကို
ရေးသားထားခြင်းဖြစ်ပါတယ်။

ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့အခါ
တစ်ယောက်တည်း ရှင်သန်‌နေထိုင်ဖို့ဆိုတာက
မဖြစ်နိုင်ပါဘူး။
ကမ္ဘာကြီးပေါ်မှာက မတူညီတဲ့ နိုင်ငံဒေသတွေက
မတူညီတဲ့ လူမျိုးပေါင်းများစွာ ၊
ကိုယ့်နိုင်ငံထဲမှာတောင်မှပဲ တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ နဲ့အတူတူနေရတာပါ။
ပြီးတော့...... မိသားစု / မိတ်ဆွေ / သူငယ်ချင်းတွေနဲ့
ပေါင်းသင်းဆက်ဆံပြီးတော့လည်း နေထိုင်ရပါတယ် ။
ကျွန်မတို့က ကမ္ဘာကြီးပေါ်မှာ အတူတူနေရကြတာပါ။
မတူညီတဲ့ လူမျိုးပေါင်းများစွာ
မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ထုံးစံတွေကို
အသီးသီးကျင့်သုံးကြပါတယ်။

နောက်ပြီးတော့ အမြင်ကွဲလွဲမှုတွေ ၊
မတူညီတဲ့ ဘာသာစကားတွေကြောင့် ပေါင်းသင်းဆက်ဆံရတဲ့အခါမျိုးတွေမှာ
အဆင်မပြေမှုတွေ ကြုံရတတ်ပါတယ် ။

အဲ့နေရာမှာဆိုရင် သူကတော့
သူအမြင်နဲ့သူပြောနေမှာပဲ
ကိုယ့်ကလည်း ကိုယ့်အမြင်နဲ့ကိုယ်စီပြောကြမှာပါပဲ
သွားပြီးတော့ နင်မှားနေတယ် ငါမှန်နေတယ်ဆိုပြီး
သွားပြောလို့ မရပါဘူး။
( ကိုယ့်အမြင်နဲ့ သူ့အမြင်က မတူညီနိုင်ဘူးလေ )

နောက်ပြီးတော့ သူတို့ရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံတွေပါ။
နင်တို့နိုင်ငံရဲ့ ယဥ်ကျေးမှုကြီးကတော့ ဒီလို ဘယ်လို
ဘာညာနဲ့သွားပြီးတော့ မစော်ကားသင့်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နိုင်ငံအသီးသီးမှာက
သူတို့ကျင့်သုံးနေတဲ့ ယဥ်ကျေးမှုတွေ ရှိလို့ပါ ။
ကိုယ်က အဲ့တာတွေကို လေးစားရမယ် ။
ကိုယ့်နိုင်ငံက ယဥ်ကျေးမှုကိူ
သူတိူ့က လေးစားသလို
ကိုယ်တွေကလည်း သူတို့နိုင်ငံရဲ့ ယဥ်ကျေးမှုတွေကို
လေးစားရပါမယ်။

ကျွန်မတို့ အဲ့လို ပြဿနာတွေကို ကြုံရတဲ့အခါ
စိတ်ဆိုးမာန်ဆိုးနဲ့ ဒေါသတွေနဲ့ ဖြေရှင်းမယ်ဆိုရင်တော့
အဆင်မပြေလောက်ပါဘူး
ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်
နားလည်မှုမယူပဲ ဖြေရှင်းနေကြလို့ပါ ။

တစ်ယောက်နဲ့တစ်ယောက် နားလည်အောင်
သဘောတူညီမှုယူပြီးတော့မှ
ဖြေရှင်းလို့ရတဲ့အရာတွေ အများကြီးပါ ။

အဲ့လိုပြဿနာအကြီးကြီးတွေကို အရင်မတွေးပဲ
ကိုယ့်ရဲ့မိတ်‌ဆွေ၊ သူငယ်ချင်း၊ မောင်နှမ ၊
မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့ပြဿနာလေးတွေကို
အရင်ကြည့်ကြရအောင်ပါ။

ဥပမာ ---- နှစ််ဦးနှစ်ယောက်ကြားမှာ
ပြဿနာလေး ဖြစ်သွားမယ်ပေါ့
( with friend or Somebody )

နှစ်ယောက်သားမှာတော့ တစ်ယောက်
( Say Sorry or Say Something ) တော့
လိုပါမယ်။ ဘာကြောင့်လဲဆိုတော့

အဲ့ပြဿနာရဲ့ ရင်းမြစ်ကို ရှင်းပစ်ဖို့
လိုအပ်တယ် ထင်လို့ပါ
တစ်ယောက် မဟုတ်
တစ်ယောက်ကတော့ စကားစပြောဖို့
လိုအပ်လိမ့်မယ်

ဘာကြောင့်လဲဆိုတော့ မပြောပဲ အဲ့ပြဿနာကို မဖြေရှင်းပဲ
ဒီတိုင်းနေနေရင်
နှစ်ဦးသားရဲ့ ဆက်ဆံရေးက
ပျက်ဆီးသွားနိုင်တယ်

မလိုအပ်ပဲနဲ့ ကိုယ်က အဲ့တာကြီးကိုပဲ စိတ်ထဲစွဲနေအောင်ထား
အသေမှတ်ထားတဲ သဘောမျိုးနဲ့ အဆင်မပြေလောက်ဘူး

နှစ်ယောက်ထဲက တစ်ယောက်ကတော့
တစ်ယောက်ကို အရင် ခွင့်လွှတ်ပေးရမယ်

* Sorry / တောင်းပန်တဲ့အခါမှာလည်း
ကိုယ်မှားလို့ တောင်းပန်တာက

*Good Habits တွေထဲက
ကောင်းတာ တစ်ခုပါပဲ ။

*ကိုယ်မမှားပဲနဲ့ တောင်းပန်တာမျိုးက

*Bad Habits တွေထဲက တစ်ခုပါ ။

ကိုယ်မှားလို့ ကိုယ်တောင်းပန်တာမျိုးပဲ ဖြစ်ပါစေ
ကိုယ်မမှားပဲနဲ့ အရင်တောင်းပန်တာမျိုး မဖြစ်စေပါနဲ့

အဲ့တာမှ ပြန်အဆင်ပြေနိုင်ပါလိမ့်မယ်။
ဆက်ဆံရေးတစ်ခုမှာ
နားလည်မှုဆိုတာ မရှိရင်
ယုံကြည်မှုလည်း မရှိဘူး

တစ်ယောက်ကို တစ်ယောက် အယုံအကြည်မရှိတော့ရင်
ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုမှ
အဆင်မပြေနိုင်ပါဘူး ။

အပြောမတတ်လို့ / စကားမှားလို့
တစ်ဖက်သားရဲ့ယုံကြည်မှု / ချစ်ခင်မှုကို
မရတော့တဲ့ လူစားမျိုးထဲမှာ ကျွန်မပါပါတယ် ။
ဒါပေမဲ့ ကျွန်မအရင်ခွင့်လွှတ်ပြီး ‌စကားစပြောလိုက်တဲ့အခါ
သူ့ရဲ့ ချစ်ခင်မှု ၊ ရင်းနှီးမှု ၊ ယုံကြည်မှုကို ပြန်ရသွားပါတယ်။

ပြောချင်တာကတော့ တစ်ယောက်နဲ့
တစ်ယောက် နားလည်မှုယူပြီးတော့
ကိုယ့်ရဲ့ ပြဿနာတွေကို ဖြေရှင်းစေချင်တာပါ။

နားလည်မှုနဲ့ ယုံကြည်မှုကို ဆောက်တည်ရတာ
အင်မတန်မှ ခက်ခဲပါတယ်။

စာဖတ်သူတွေလည်း
ပြဿနာဖြေရှင်းနည်းတွေအများကြီးထဲမှ
ပြဿနာဖြေရှင်းနည်းတခုရသွားမယ်လို့ မျှော်လင့်ပါတယ်။

ပြဿနာဖြေရှင်းနည်းတွေက အများကြီးရှိပါတယ်။
ဒီပြဿနာကို ဒီဟာနဲ့ပဲ သုံးရမယ်လို့
မပြောပါဘူး ၊ ကိုယ့်ပြဿနာနဲ့အဆင်ပြေနိုင်မဲ့နည်းလမ်းကို ရွေးချယ်အသုံးပြုပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

#‌Juno

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးငွေစုနည်း (ရဲစတိုင်း)ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း