Author's Profile Photo

Han Thar

9/08/2024

ကိုယ့်အလုပ် ကိုယ်လုပ်ပါ။

1 min read
Life Style
18 Again
ကိုယ့်အလုပ် ကိုယ်လုပ်ပါ။'s photo

လောကမှာ အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ

ကျနော်ပြောချင်တာက လူကြီးမင်းဘဝမှာ ကိုယ့်အလုပ်ကိုယ်လုပ်စေချင်တယ်။ သူများတွေ ဘယ်လိုပဲဝေဖန်ပါစေ၊ဘယ်လိုပဲ ပုတ်ချပါစေ၊လူကြီးမင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပါ၊ ဝေဖန်နေတာက သူတို့အလုပ်ပါ
ကြိုးစားရမှာက လူကြီးမင်းအလုပ်ပါ။

စာရေးဆရာတယောက်ပြောဖူးတယ်ဗျ

လက်ညိုးထိုးတာက
သူတို့အလုပ်
လက်မထောင်နိုင်အောင်
ကြိုးစားရမှာက
ကိုယ့်အလုပ်...။

အဲဒါကြောင့် ဘယ်သူတွေဘာပြောပြောပါ လူကြီးမင်း
ကိုယ့်အလုပ်ကိုကိုယ်ဆက်လုပ်ဖို့က အရေးကြီးဆုံးပဲဗျ။

ဉာဏ်ရည် နိမ့်ပါးတဲ့သူတွေဟာကိုယ့်ကိုကိုယ်တည်ဆောက်ရမယ့်အစားတစ်ဖတ်သားကို ဖြိုချနိုင်မှ နေရာရလိမ့်မယ်လို့အောက်မေ့တက်ကြတယ်။
အဲဒါကြောင့် သူများကြိုးစားနေတာကိုလဲ မနှောက်ယှက်ပါနဲ့၊ သူများလိုအောင်မြင်ချင်ရင် သူများလိုကြိုးစားရပါမယ်။
လူကြီးမင်း သူများ ဘာလုပ်နေလဲ လိုက်စပ်စုနေရင်တော့
လူကြီးမင်း အလုပ်လဲနှောင့်နှေးတာပဲရှိမှာ ဘယ်သူဘာလုပ်လုပ်၊ဘယ်လိုဝေဖန်ဝေဖန် ဂရုစိုက်စရာမလိုပါဘူး။

Yamဆိုတဲ့စာရေးဆရာတယောက်ပြောဖူးတယ်ဗျ

ကိုယ်ကိုယ်တိုင်ကျ
ဘာမှမသိမတက်ဘဲ
သိတက်လို့ပြောနေတဲ့သူကို
မနာလိုစိတ် ၊ အတုယူစိတ်
မရှိတဲ့သူက ဘယ်တော့မှ
တိုးတက်မည်မဟုတ်ပါ။

_??m
သူများဘာလုပ်လုပ်၊ဘယ်လိုပဲကြိုးစားပါစေ။လူကြီးမင်း
အလုပ်မဟုတ်ပါဘူး ။လူကြီးမင်းလဲ ကိုယ်နည်းကိုယ့်ဟန်နဲ ကြိုးစားပါ။
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သေးတာပဲ
ကြိုးစားပြလိုက်စမ်းပါဗျာ


ကြိုးစားလျှက်ပါ 9.8.2024
Han Thar

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)